ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ညစ်ညမ်းရေဆိုးတွေ စွန့်ပစ်ဖို့အစီအစဉ်မစတင်မီ တောင်ကိုရီးယားရဲ့ ပယ်လယ်ဆား စျေးကွက်အဝယ်လိုက်နေ
ရောင်နီ (NP News) - ဇွန် ၁ဝ
ဂျပန်နိုင်ငံ၊ ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ညစ်ညမ်းရေဆိုးများစွန့်ပစ်ဖို့အစီအစဉ် မစတင်မီ တောင်ကိုရီးယား ပင်လယ်ဆားနဲ့ ပင်လယ်စာစျေးကွက်မှာ ဈေးအဝယ်လိုက်နေပြီး လက်လီရောင်းချသူတွေမှာ ပစ္စည်းပျက်လုဆဲဆဲ ဖြစ်ခဲ့ပါတယ်။
ရေဆိုးထုတ်လွှတ်တဲ့အခါ ရေဒီယိုသတ္တိကြွဓာတ်တွေ မြင့်တက်မှု မရှိစေဖို့နဲ့ ဖူကူရှီးမားအနီး ပင်လယ်စာထွက်ကုန်တွေနဲ့ သဘာဝဆားခြံတွေကို စောင့်ကြည့်ထိန်းသိမ်းဖို့ တောင်ကိုရီးယား ငါးဖမ်းအာဏာပိုင်တွေက ကြိုးပမ်းသွားမယ်လို့ ကတိပြုထားပါတယ်။ ဒါပေမယ့် ဂျပန်ရဲ့ အစီအစဉ်ကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး အန္တရာယ်တွေအတွက် စိုးရိမ်နေတဲ့ လူအချို့က ပင်လယ်စာတွေကို လိုအပ်တာထက် ပိုမိုဝယ်ယူ သိုလှောင်မှုတွေ ပြုလုပ်လာပါတယ်။
"ဂျပန်ရဲ့ ရေဆိုးထုတ်လွှတ်မှုက သမုဒ္ဒရာကို ညစ်ညမ်းစေရုံသာမက ကျန်းမာရေးပြဿနာတွေကိုပါ ထိခိုက်စေမှာ စိုးရိမ်မိတယ်”လို့ တောင်ကိုရီးယား စျေးဝယ်သူတစ်ဦးက ဆိုပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်ဟာ ပြီးခဲ့တဲ့ လတွေအတွင်း သမိုင်းဝင် အငြင်းပွားမှုတွေကြောင့် ပျက်ပြားခဲ့တဲ့ ဆက်ဆံရေးကို ပြန်လည်ပြုပြင်ဖို့ ခြေလှမ်းတွေ လှမ်းခဲ့ကြပေမယ့် ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ညစ်ညမ်းရေတန်ချိန် တစ်သန်းကျော်ကို ပင်လယ်ထဲစွန့်ပစ်မယ့် ဂျပန်နိုင်ငံရဲ့ အစီအစဉ်အတွက်တော့ အငြင်းအခုံ ဖြစ်နေဆဲ ဖြစ်ပါတယ်။
တောင်ကိုးရီးယားလူထုရဲ့ (၈၅)ရာခိုင်နှုန်းကျော်ဟာ ဂျပန်ရဲ့ ရေဆိုးထုတ်မယ့် အစီအစဉ်ကို ဆန့်ကျင်ခဲ့တယ်လို့ Research View မှ ထုတ်ဖော်တဲ့ မေလစစ်တမ်းတစ်ခုအရ သိရပါတယ်။ လူ ၁ဝ ယောက်မှာ ၇ ယောက်က ရေဆိုးထုတ်လွှတ်မှုလုပ်ရင် ပင်လယ်စာလျှော့စားမယ်လို့ ပြောပါတယ်။ ပင်လယ်ဆားဈေးနှုန်းတွေဟာလည်း ပြီးခဲ့တဲ့ နှစ်လကထက် ဇွန်လပထမပတ်မှာ ၂၇ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့တယ်လို့ တောင်ကိုရီးယား သမုဒ္ဒရာနဲ့ ငါးလုပ်ငန်းဝန်ကြီးဌာနမှ ပြောကြားချက်အရ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုန်ခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် “ဝ”အဖွဲ့ UWSA နှင့် FPNCC တို့မှ ငွေကျပ်သိန်း တစ်သောင်းလှူဒါန်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ