CB BANK ၏ ATM စက်များ၌ ငွေသားထုတ်ယူနိုင်သည့် ပမာဏကို ကျပ်(၁ဝ)သိန်းအထိ တိုးမြှင့်
ယွန်း (NP News) - ဇွန် ၁ဝ
CB BANK ၏ ATM စက်များတွင် တစ်ရက်လျှင် ငွေသားကျပ်(၁ဝ)သိန်းအထိ ထုတ်ယူနိုင်ကြောင်း CB BANK မှ အသိပေးကြော်ငြာထားသည်။
CB BANK မှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇွန်လ(၈)ရက် ညနေပိုင်းက အထက်ပါကဲ့သို့ ထုတ်ပြန်ကြော်ငြာထားခြင်းဖြစ်သည်။
CB BANK ၏ Customer များ အဆင်ပြေစေရန်အတွက် လာမည့် ဇွန်လ(၁၂)ရက်မှ စတင်ကာ မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ CB Bank’s ATM စက်များတွင် ငွေသားထုတ်ယူနိုင်မည့် ပမာဏကို တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း CB BANK မှ အသိပေးပြောဆိုထားသည်။
Old Account ဖြစ်စေ၊ Special Account ဖြစ်စေ CB BANK ၏ ATM စက်များတွင် CB-MPU Card များဖြင့် တစ်ရက်လျှင် ငွေကျပ်(၁ဝ)သိန်းအထိ ထုတ်ယူနိုင်ကြောင်း CB Bank ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အခြားဘဏ်များ၏ MPU Card များဖြင့်လည်း ငွေသားထုတ်ယူနိုင်ပြီး ထုတ်ယူနိုင်မည့် ပမာဏသည် သက်ဆိုင်ရာဘဏ်၏ သတ်မှတ်ချက်အပေါ်တွင် မူတည်ကြောင်း သိရသည်။
အလားတူ KBZ Bank ကလည်း ပြီးခဲ့သည့်လပိုင်းတွင် ATM စက်များမှ ငွေထုတ်ယူနိုင်မှုပမာဏကို တိုးမြှင့်သတ်မှတ်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်မီးပြတ်တောက်ခြင်းများအတွက် ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူဒါဇင်ချီ ဒဏ်ရာရခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ