Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြင်သစ်နိုင်ငံရောက် ဆီးရီးယားဒုက္ခသည်က ကလေးငယ်(၄)ဦးကို ဓါးဖြင့်တိုက်ခိုက်

Htay Oung (NP News) - ဇွန် ၁ဝ

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ဆွစ်ဇာလန်နယ်စပ် အဲ့လ်ပ်တောင်တန်းဒေသ အန်စီမြိုမှာ ဇွန်လ (၈)ရက် ကြာသပတေးနေ့က ဓားကိုင်ဆောင်ထားတဲ့ ဆီးရီးယားဒုက္ခသည်တစ်ဦးရဲ့ တိုက်ခိုက်မှုကြောင့် မူကြိုကလေးငယ် လေးဦး ဓားထိုးခံခဲ့ရပြီး ပင်စင်စား အရွယ်ရောက်သူနှစ်ဦးတို့ ဒဏ်ရာရရှိသွားကြောင်း၊ ဒါပေမဲ့ တိုက်ခိုက်သူရဲ့ ရည်ရွယ်ချက်ကို မသိရှိရသေးဘူးလို့ AFP က ယမန်နေ့ (ဇွန်လ ၉ ရက်)မှာ ရေးသားပါတယ်။

ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်ခန့် တိတ်ဆိတ်အေးချမ်းလှတဲ့ အန်စီမြို့ကလေးမှာ နေရောင် ခြည် ကောင်းကောင်းမြင်နေရချိန်ဖြစ်ပါတယ်။ ပြည်သူ့ပန်းခြံတစ်ခုအတွင်း ဓါးထိုးခံရသူ ကလေးငယ်များအနက် အငယ်ဆုံးမှာ (၁)နှစ် (၁ဝ)လသာရှိသေးပြီး အကြီးဆုံးမှာ အသက် (၃)နှစ်သာ ရှိပါသေးတယ်။ ၃၁ နှစ်အရွယ် ဆီးရီးယားအမျိုးသားက ဘာ့ကြောင့် ယခုလို ရူးကြောင်ကြောင် ရမ်းကားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးသူတွေအနေနဲ့ နားလည်ဖို့ ကြိုးစားနေကြရပါတယ်။

AFP က ရရှိခဲ့တဲ့ ဗီဒီယိုမှာ အနက်ရောင် ဝတ်စုံဝတ်ဆင်ပြီး အရှည် ၄ လက်မခန့် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားတဲ့ တိုက်ခိုက်သူက "ယေရှုခရစ်တော်ရဲ့ နာမတော်၌" ( သတင်းအချို့တွင် အလ္လာ အက္ကဘာ) လို့ ကြွေးကြော်သံကို ကြားလိုက်ရပါတယ်။ ထင်ရှားပေါ်လွင်တဲ့ အကြမ်းဖက် ရည်ရွယ်ချက် မတွေ့ရကြောင်း ဒေသခံ အစိုးရရှေ့နေက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အနီးရှိ ရေကန်ဘေးမှာ သတင်းထောက်တွေကို ပြောပြပါတယ်။ တိုက်ခိုက်ခံရတဲ့ ကလေးငယ်များမှာ ဗြိတိန်နဲ့ နယ်သာလန်နိုင်ငံသား တစ်ဦးစီ ပါဝင်ပြီး ၄ ဦးစလုံးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရှိရပါတယ်။ 

လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုအဖြစ် စုံစမ်းစစ်ဆေးနေပြီး အဗ္ဗဒူလ်မက်ဆစ်အမည်ရှိ သံသယရှိသူမှာ မူးယစ်ဆေးဝါး သို့မဟုတ် အရက်သေစာ သောက်စားထားခြင်း မရှိဘူးလို့ ဆိုပါတယ်။ သူ့နဲ့ ပတ်သက်တဲ့ အချက် အလက်များကို မည်သည့်ထောက်လှမ်းရေးဌာနမျှ မသိကြောင်းနဲ့ စိတ်ရောဂါဆိုင်ရာ ပြဿနာရာဇဝင်များလည်း ရှိမနေကြောင်း၊ မုန်းတီးဖွယ်၊ ဖော်ပြလို့မရနိုင်လောက်တဲ့ လုပ်ရပ်အတွက် တုန်လှုပ်မိပါတယ်လို့ အခင်းဖြစ်နေရာကို ရောက်ရှိခဲ့သူ ပြင်သစ်၀န်ကြီးချုပ် အယ်လဇ်ဘက်ဘော်နီက ပြောပါတယ်။

ဆွီဒင်နိုင်ငံသူတစ်ဦးနဲ့ လောလောဆယ် ကွာရှင်းပြတ်စဲခဲ့တယ်ဆိုတဲ့ ဆီးရီးယားလူမျိုး သံသယရှိသူဟာ လွန်ခဲ့တဲ့ ဧပြီလမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရတဲ့အထိ ဆွီဒင်နိုင်ငံမှာ (၁ဝ)နှစ်ကြာ နေထိုင်ခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်များနဲ့ သူ့ရဲ့ ဇနီးဟောင်းတို့က အေအက်ဖ်ပီကို ပြောပြပါတယ်။

လွန်ခဲ့တဲ့ လေးလလောက်တုန်းက ဖုန်းဆက်စဉ် သူ ဘုရားကျောင်းမှာ နေ နေကြောင်း၊ နိုင်ငံသားအဖြစ် မရရှိနိုင်တဲ့အတွက် ဆွီဒင်မှ ထွက်ခွာသွားတော့မယ်လို့ ပြောပြကြောင်း အမည်မဖော်လိုသူ ဇနီးဟောင်းက ဆိုပါတယ်။ 

အမေရိကန်နိုင်ငံမှာ ၁ဝ နှစ်ခန့် နေထိုင်လျက်ရှိတဲ့ သူ့မိခင်ကလည်း သူ့သားဟာ စိတ်ဓါတ်ကျဆင်းနေတယ်လို့ ချွေးမဖြစ်သူက ပြောပြကြောင်း၊ တုန်လှုပ်ချောက်ခြားနေတယ်လို့ သိရပြီး နိုင်ငံသားအဖြစ် လျှောက်ထားမှု ပယ်ချခံရခြင်းဟာ ဆီးရီးယားစစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးလို့ ဖြစ်နိုင်ကြောင်း၊ အဲ့ဒီအတွက် အရူးတစ်ပိုင်းလို ဖြစ်နေပုံရတယ်လို့ ရှင်းပြပါတယ်။

အဗ္ဗဒူလ်မက်ဆစ်ဟာ ဆွီဒင်နိုင်ငံမှာ ဒုက္ခသည်အဆင့် ရရှိထားကြောင်း ပေါ်ပေါက်တဲ့အတွက် သူ့ရဲ့ နို၀င်ဘာလ လျှောက်ထားချက်ကို ပြင်သစ်နိုင်ငံက ပြီးခဲ့တဲ့ တနင်္ဂနေ့မှာ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း၊ လူတစ် ယောက်တည်းက ဥရောပ ၄ နိုင်ငံမှာ ခိုလှုံခွင့် လျှောက်ထားရခြင်းရဲ့ နောက်ကွယ်အကြောင်းအရာကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျရယ်ဒါမင်နင်က TF1 ရုပ်သံဌာနနဲ့ တွေ့ဆုံစဉ် ပြောပြပါတယ်။ အဲ့ဒီ လျှောက်လွှာတွေ ငြင်းပယ်ခံရခြင်းနဲ့ ဓားထိုးမှု ဖြစ်ရခြင်းတို့ဟာ ပေါက်ပေါက်ရှာရှာ ဂြိုလ်မွှေတဲ့ တိုက်ဆိုင်မှုပါပဲလို့ မှတ်ချက်ပေးပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း ပြင်သစ်နိုင်ငံဟာ ပြင်းထန်တဲ့တိုက်ခိုက်မှုများကို ဆက်တိုက်ကြုံတွေ့ခဲ့ရပြီး ကျူးလွန်သူ အများစုတို့မှာ အစ္စလာမ်အစွန်းရောက်များဖြစ်နေပါတယ်။ ၂ဝ၁၂ ခုနှစ် ပြင်သစ်တောင်ပိုင်း တူးလောက်စ်မြို့မှာ မိုဟာမက်မာရတ်အမည်ရှိ ပြင်သစ်-အယ်လ်ဂျီးရီးယန်း ကပြားတစ်ဦးက ဂျုးစာသင်ကျောင်းမှ ကလေးငယ် ၃ ဦးနဲ့ ဂျူးဓမ္မဆရာတစ်ဦးအပါအ၀င်၊ လူ ၇ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

မကြာသေးဘူးလို့ ပြောရမယ့် ၂ဝ၂ဝ ခုနှစ်တုန်းက ကျောင်းဆရာတစ်ယောက်လည်း ပါရီဆင်ခြေဖုံးရပ်ကွက်ရှိ သူ့ရဲ့ ကျောင်းအနီးမှာ အစွန်းရောက် ချေချင်းဒုက္ခသည်ရဲ့  နေ့ခင်းကြောင်တောင်ခေါင်းဖြတ်တာ ခံလိုက်ရတဲ့အတွက် တစ်နိုင်ငံလုံး တုန်လှုပ်ခြောက်ခြားပြီး စိတ်မကောင်းစရာ ဖြစ်ခဲ့ရပါတယ်၊ ချို့ငဲ့ ဒေသဖြစ်လေ အစွန်းရောက် အစ္စလာမ်ဘာသာရဲ့ အရှိန်အဝါကြီးလေ ထင်မြင်ချက်နဲ့ ပတ်သက်ပြီး စကားဝိုင်းမှန်သမျှ ငြင်းခုံဖို့ ဖြစ်ပေါ်ခဲ့ရပါတယ်။

ကြာသပတေးနေ့ တိုက်ခိုက်မှုဟာ ပြင်သစ်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ခိုလှုံခွင့်မူဝါဒအပေါ် စေ့စေ့စပ်စပ် သုံးသပ်ဖို့ လှုံ့ဆော်ပေးရာ ရောက်ခဲ့ပြီး "တရားခံက ဒုက္ခသည်ဆိုပါကလား"လို့ လက်ယာယိမ်း နိုင်ငံရေးသမားများက မေးငေါ့စရာ ဖြစ်သွားရပါတယ်။

ပြင်သစ်နိုင်ငံဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လက်ယာစွန်း တရားသေသမား ရေးနော့_ကမူးရဲ့ “ယဉ်ကျေးမှု တို့ ပြိုလဲခြင်း” စာအုပ်ခေါင်းစဉ်လိုပဲ  ဖြစ်ပေါ်ကြီးထွားမှု၊ ဆန်းပြားရှုတ်ထွေးမှု၊ စုဖွဲ့နေထိုင်မှုတို့ဆီကို ဦးတည်သွားနေတယ်လို့ မကြာသေးခင် သမ္မတ အီမန်နျူရယ် မက်ခွန်က ပြောခဲ့ပါသေးတယ်။

အဲဒီ စကားဟာ ၂ဝ၂ဝ ပြည့်နှစ်တုန်းက ပြည်ထဲရေးဝန်ကြီး ဂျရယ်ဒါမင်နင်ပြောခဲ့ဖူးတဲ့ “ပြင်သစ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ အလှည့်အပြောင်း”ကို ရောက်ရှိနေတယ်ဆိုတာကို ပြန်လည်သတိရစေပါတယ်။  ပြည်ထဲရေးဝန်ကြီး ဒါမင်နင်ဟာ ပြင်သစ်နိုင်ငံအတွက် ကျွမ်းကျင်မှုမရှိသူ အလုပ်သမားများအပေါ် ပြည်ဝင်ခွင့် ဗီဇာ တရား၀င်လမ်းကြောင်းများကို ပိုမိုတင်းကျပ်ပြီး နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးနိုင်ရေး အစီအမံများကို ထည့်သွင်းမယ့် လူဝင်မှုကြီးကြပ်ရေးဥပဒေသစ်ကို ရေးဆွဲနေပါတယ်။

ဓါးကိုင်လာတဲ့ အဗ္ဗဒူလ်မက်ဆစ်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ကျောပိုးအိတ်ကို ဒိုင်းတစ်ခုသဖွယ် အသုံးပြု ဟန့်တားခဲ့သူ ကက်သလစ်ဘုရားဖူးလူငယ်ရဲ့ ရဲစွမ်းသတ္တိကို ပြင်သစ်တစ်နိုင်ငံလုံးက ချီးကျူးဂုဏ်ပြုနေကြပါတယ်။ သူ့နာမည် ဟင်နရီလို့သာ မှတ်ထားလိုက်ကြပါလို့ ပြောဆိုခဲ့တဲ့ အသက် ၂၄-နှစ်အရွယ် စီမံခန့်ခွဲမှုနဲ့ ဒဿနိကဗေဒ ကျောင်းသားကို "ကျောပိုးအိတ်သူရဲကောင်း" လို့ ပြင်သစ်မီဒီယာများက ကင်ပွန်းတပ်လိုက်ကြောင်း Reuters က ယနေ့(ဇွန်လ ၁ဝ ရက်)မှာ ရေးသားပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ အဗ္ဗဒူလ်မက်ဆစ်ကို ရဲများက ဖမ်းဆီးလိုက်ကြောင်း၊ သူဟာ ပြင်သစ်ကို တရားဝင် ဝင်ရောက်လာခဲ့ပြီး ဆွီဒင်အထောက်အထားစာရွက်စာတမ်းများနဲ့ ဆွီဒင်ယာဉ်မောင်းလိုင်စင်ကို ကိုင်ဆောင်ထားကြောင်း ဖော်ပြပါတယ်။ 

ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ “ရှင်းဂမ်ဧရိယာ“ ခေါ် ဥရောပနိုင်ငံ ၂၆ နိုင်ငံအကြား လူအများကို ကန့်သတ်ချက်မထားပဲ သွားလာခွင့်ပြုတဲ့ ကမ္ဘာ့အကြီးဆုံး နိုင်ငံကူးလက်မှတ်ကင်းစင်ဇုန် အဖွဲ့ဝင်များဖြစ်ကြပါတယ်။ ယခုတိုက်ခိုက်မှုဟာ ဥရောပရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် အရေးကိစ္စများနဲ့ ပြင်သစ်- အီတလီတို့လို နိုင်ငံများရဲ့ အစိုးရများအပေါ် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို တင်းကျပ်ဖို့အတွက် မဲဆန္ဒရှင်များထံမှ ဖိအားများ ထွက်ပေါ်လာနေတယ်လို့ Reuters က ဆက်လက်ရေးသားပါတယ်။

(AFP., 9 June 2023,” Four children wounded in knife attack in French Alps” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တိုင်းရင်းဆေးပညာရပ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး သုတေသနလုပ်ငန်းများဆောင်ရွက်ရန် တရုတ်နိုင်ငံဆန္ဒရှိနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved