နှစ်နိုင်ငံကြားတင်းမာမှုများရှိနေချိန်မှာပဲ တရုတ်နိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး သွားရောက်ဖို့ ထပ်မံစီစဉ်
ဂျန်ဇက် (NP News) - ဇွန် ၁ဝ
တရုတ်နဲ့အမေရိကန်နိုင်ငံကြား တင်းမာမှုများရှိနေချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ လာမယ့်သီတင်းပတ်အစောပိုင်းမှာ တရုတ်နိုင်ငံကို သွားရောက်ပြီး တရုတ်အစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးဖွယ်ရှိနေကြောင်းသိရပါတယ်။
စီစဉ်ထားတဲ့အတိုင်းဖြစ်လာမယ်ဆိုရင် အန်တိုနီဘလင်ကန်ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ တရုတ်နိုင်ငံကို ပထမဆုံးသွားရောက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာဖွယ်ရှိနေပါတယ်။ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံနဲ့တင်းမာမှုတွေရှိနေပေမယ့် နှစ်နိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများကြား ဆက်ဆံရေးထိန်းသိမ်းဖို့ ကြိုးပမ်းလျက်ရှိနေကြောင်းသိရပါတယ်။ အမေရိကန်လက် ထောက်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးဖြစ်တဲ့ Daniel Kritenbrink ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ma Zhaoxu နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် အမေရိကန်ပိုင်နက်အတွင်းကို တရုတ်မိုးပျံပူဖောင်းများ ဝင်ရောက်မှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားကာ ခရီးစဉ်ကိုဖျက်သိမ်းခဲ့ရကြောင်းသိရပါတယ်။ မိုးပျံပူဖောင်းများ ဝင်ရောက်မှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူများက နိုင်ငံအချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်သလို အမေရိကန်နိုင်ငံကို စုံစမ်းထောက်လှမ်းခြင်းမျိုးဖြစ်ကြောင်းပြောပါတယ်။ ဒါပေမယ့် တရုတ်အစိုးရကတော့ အဆိုပါ မိုးပျံပူဖောင်းများဟာ စစ်ဘက်သုံးစပိုင်မိုးပျံပူဖောင်းများမဟုတ်ဘဲ မိုးလေဝသသုတေသနလုပ်ဖို့ လွှတ်တင်ခဲ့တဲ့မိုးပျံပူဖောင်းများဖြစ်ကြောင်းပြောဆိုထားပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာ့နိုင်ငံတွေထဲ စီးပွားရေးအားအကောင်းဆုံးနိုင်ငံများဖြစ်သလို ပြိုင်ဘက်များဖြစ်နေပြီး ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြားတင်းမာမှုများ ပိုမိုဖြစ်လာနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်နိုင်ငံရောက် ဆီးရီးယားဒုက္ခသည်က ကလေးငယ်(၄)ဦးကို ဓါးဖြင့်တိုက်ခိုက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ