ကော်စတာရီကာနိုင်ငံမှာ အပျိုစင်မိကျောင်းမှ သားပေါက်ဖွားမှုဖြစ်ပွား
ရောင်နီ (NP News) - ဇွန် ၉
ကော်စတာရီကာနိုင်ငံရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ၁၆ နှစ်ကြာထိ တစ်ကောင်တည်း သီးခြားနေထိုင်တဲ့ အပျိုစင် မိကျောင်းတစ်ကောင်ဟာ သားပေါက်ဖွားခဲ့ပြီး သိပ္ပံပညာရှင်တွေက အဆိုပါဖြစ်ရပ်ကို “အပျိုကညာမှ မွေးဖွားခြင်း” လို့ ဆိုကာ ထူးဆန်းဖြစ်ရပ်အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
၂W၁၈ ခုနှစ်ကတည်းက တစ်ကောင်တည်း သီးသန့်ထားရှိကာ မွေးမြူထားတဲ့ အဆိုပါမိကျောင်းဟာ ဆန့်ကျင်ဘက်လိင် မိကျောင်းတွေနဲ့ ထိတွေ့မှုမရှိတဲ့ကြားက မျိုးဥ ၁၄ လုံး ဥနိုင်ခဲ့တယ်လို့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။
၃ လခန့်ကြာတဲ့အခါမှာတော့ အဲဒီမျိုးဥတွေထဲက ဥတစ်လုံးမှာ မြေလက်အင်္ဂါစုံလင်တဲ့ မိကျောင်းသားပေါက် တစ်ကောင် မွေးဖွားလာတာကိုတွေ့ရပါတယ်။ “မိကျောင်းတွေဟာ ဆန့်ကျင်ဘက်လိင်နဲ့ မထိတွေ့တဲ့အချိန်မှာ ဥတွေ ဥနိုင်တာ အဆန်းမဟုတ်ပေမယ့်၊ သားပေါက်တာကတော့ ပုံမှန်အားဖြင့်တော့ မဖြစ်နိုင်ဘူး” လို့ သုတေသန က ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့(ဇွန်လ ၇ ရက်) ထုတ် Biology Letters ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုအရ သိပ္ပံပညာရှင်တွေ မိကျောင်းသန္ဓေသားရဲ့မျိုးဗီဇကို စမ်းသပ်ခဲ့ရာမှာ ၎င်းတို့ဟာ facultative parthenogenesis (FP) (သို့မဟုတ်) ဆန့်ကျင်ဘက် အဖိုတိရိစ္ဆာန်ရဲ့ မျိုးရိုးဗီဇ ပံ့ပိုးမှုမရှိဘဲ မျိုးပွားခြင်း ရလဒ်ဖြစ်ကြောင်း ပြသတဲ့ DNA sequences များ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“အပျိုစင်မှ မွေးဖွားခြင်း” လို့ သိပ္ပံပညာရှင်တွေ ရည်ညွှန်းထားတဲ့ FP ဖြစ်စဉ်ကို အခြားငါး၊ ငှက်၊ အိမ်မြှောင်နဲ့ မြွေမျိုးစိတ်တွေမှာလည်း တွေ့ရလေ့ရှိပေမယ့် မိကျောင်းမှာ တွေ့ရခြင်းကတော့ ဒါပထမဆုံးပဲဖြစ်ပါတယ်။ ဥဆဲလ် တစ်ခုပြုလုပ်ရာမှာ ရှေ့ပြေးဆဲလ်တစ်ခုဟာ ဆဲလ်လေးခုအဖြစ် ပိုင်းခြားသွားပြီး အဲဒီထဲက တစ်ခုဟာ ဥဆဲလ် ဖြစ်လာကာ ကျန်ဆဲလ်တွေကတော့ အပိုဗီဇပစ္စည်းတွေကို သိမ်းဆည်းထားပါတယ်။
အဲဒီနောက် အဆိုပါဆဲလ်တွေထဲက တစ်ခုဟာ မရှိမဖြစ်လိုအပ်တဲ့ သုတ်ပိုးဆဲလ်တစ်ခုအဖြစ် လုပ်ဆောင်ပြီး “မျိုးအောင်ခြင်း” ဖြစ်လာစေဖို့ မမျိုးဥနဲ့ ပေါင်းစပ်ကာ အခုလိုအပျိုစင်မှ သားပေါက်ဖွားခြင်း ဖြစ်လာနိုင်တယ်လို့ ယူဆရပါတယ်။
အယူအဆတစ်ခုအရ FP ဟာ မျိုးသုဉ်းလုနီးပါး မျိုးစိတ်များကြားမှာ ပိုအဖြစ်များနိုင်တာ တွေ့ရပါတယ်။ လေ့လာမှုပြုလုပ်ခဲ့တဲ့ သိပ္ပံပညာရှင်တွေက အဆိုပါ “အပျိုစင်မှ မွေးဖွားခြင်း” ဟာ ပြီးခဲ့တဲ့ နှစ်သန်းပေါင်း ၂၅ဝ ခန့်၊ ဒိုင်နိုဆော ကာလက ကမ္ဘာမြေပေါ်မှာ ရှိခဲ့ကြတဲ့ မိကျောင်းဘိုးဘေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်အသစ် တွေကို ဖော်ထုတ်တွေ့ရှိနိုင်စေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန်လ ၉ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ သတင်းထူးများ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ