ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအချို့ စစ်သားတွေစေလွှတ်ပေးဖွယ်ရှိနေကြောင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ်ဟောင်းပြော
ဂျန်ဇက် (NP News) - ဇွန် ၈
နေတိုးအဖွဲ့ဝင်နိုင်ငံအချို့ဟာ ယူကရိန်းကို စစ်သားများ စေလွှတ်ပေးဖွယ်ရှိနေကြောင်း၊ နေတိုးအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Anders Rasmussen က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၎င်းက "နေတိုးအဖွဲ့ဟာ လစ်သူယေးနီးယားနိုင်ငံမှာ လာမယ့်လအတွင်းကျင်းပမယ့် ထိပ်သီးအစည်းအဝေးအတွင်း လုံခြုံရေးနဲ့ပတ်သက်ပြီး တိကျတဲ့အာမခံချက် မပေးနိုင်ဘူးဆိုရင် အဖွဲ့ဝင်နိုင်ငံအချို့ဟာ သူတို့ကိုယ်ပိုင်အစီအစဉ်နဲ့ ယူကရိန်းကိုတပ်ဖွဲ့ဝင်တွေ စေလွှတ်သွားဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
၎င်းဟာ လက်ရှိအချိန်မှာ ယူကရိန်းသမ္မတဇီလန်စကီးရဲ့အကြံပေးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိနေကြောင်း သိရပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း အမေရိကန် နဲ့ ဥရောပတိုက်ရှိ နိုင်ငံများကို ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီးနောက် ယူကရိန်းအတွက် စစ်ရေးအကူအညီများပေးဖို့ တောင်းဆိုခဲ့သလို ယူကရိန်းရဲ့ တောင်းဆိုချက်များနဲ့အညီ နိုင်ငံတကာဥပဒေများအတိုင်း တပ်ဖွဲ့ဝင်များ စေလွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ ကြောင်း သိရပါတယ်။
နေတိုးအဖွဲ့ လက်ရှိအထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘတ်ချ်က လစ်သူယေးနီးယားနိုင်ငံမှာ ကျင်းပတဲ့ နေတိုးထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းနိုင်ငံအပေါ် လုံခြုံရေးအာမခံချက်ပေးဖို့ ဆွေးနွေးဖွယ်ရှိနေကြောင်း ပြောပါတယ်။
ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စတင်လျှောက်ထားခဲ့ပေမယ့် တိုးတက်မှု အနည်းငယ်သာရှိသေးကြောင်း သိရပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံများထဲရှိ အချို့နိုင်ငံတွေဟာ ယူကရိန်းကို နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်ရေး ခွင့်ပြုပေးဖို့ တောင်းဆိုထားပေမယ့် နိုင်ငံအချို့ကတော့ လက်ခံခြင်းမရှိကြောင်း သိရပါတယ်။
အမေရိကန်အစိုးရက ယူကရိန်းဟာ အနာဂါတ်မှာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာဖွယ်ရှိနေကြောင်း၊ ထုတ်ဖော်ပြောဆို ထားပါတယ်။ နေတိုးအဖွဲ့ရဲ့စည်းကမ်းများထဲမှာ အဖွဲ့ဝင်နိုင်ငံဖြစ်မယ့် နိုင်ငံတစ်နိုင်ငံဟာ အထူးသဖြင့် စစ်ရေး ပဋိပက္ခမဖြစ်ဖို့ လိုအပ်နေကြောင်း ဂျာမနီအဓိပတိ နဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးတွေ မကြာသေးမီက ပြောဆို ခဲ့ဖူးပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံများအနက် ပိုလန်နိုင်ငံဟာ ယူကရိန်းကို စစ်သားများစေလွှတ်ပေးဖို့ ဆန္ဒပြင်းထန် ဆုံးနိုင်ငံဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ အွန်လိုင်းထီစနစ်ကို စတင်ကျင့်သုံးမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ