အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကို ယူကရိန်းသမ္မတ တက်ရောက်ဖို့ ဖိတ်ကြားမှာ မဟုတ်ကြောင်း အိန္ဒိယအစိုးရပြော
ဂျန်ဇက် (NP News) - ဇွန် ၈
အိန္ဒိယနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးပွဲကိုတက်ရောက်ဖို့ ယူကရိန်း သမ္မတဇီလန်စကီးကို ဖိတ်ကြားမှာ မဟုတ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ဂျီ ၂ဝ အဖွဲ့ရဲ့အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပြီး ဒီနှစ်နောက်ပိုင်းမှာ ဂျီ ၂ဝ ထိပ်သီး အစည်းအဝေးကို နယူးဒေလီမြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။ အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးက "ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကိုသာ ဖိတ်ကြားသွားမှာပါ။ ယူကရိန်းကို ဖိတ်ကြားမယ်ဆိုတဲ့ကတိတွေ ပေးတာမျိုးမရှိသေးပါဘူး" လို့ ပြောပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးဟာ အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖွယ်ရှိတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ပြောဆိုခဲ့ တာဖြစ်ပါတယ်။ ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ ဖိတ်ကြားမှုမရှိပေမယ့် ရုရှားသမ္မတပူတင် တက်ရောက်ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယ ဟာ ရုရှားနဲ့ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပြီး ကုန်သွယ်ရေးနဲ့ စွမ်းအင်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု တွေမှာ တိုးတက်ကောင်းမွန်လာခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးဟာ အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေး၊ ဂျီ ၇ ထိပ်သီး အစည်းအဝေးနဲ့ နေတိုးအဖွဲ့အစည်းအဝေးများကို တက်ရောက်ခွင့်ရခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ရုရှားသမ္မတပူတင်တို့ဟာ စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်းကတည်းက မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး နိုင်ခြင်းမရှိသလို စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် နှစ်နိုင်ငံစလုံးရဲ့တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ဦးလွင်မြို့ပတ်လမ်းတွင် အမျိုးသမီးတစ်ဦး ကားပေါ်မှပြုတ်ကျပြီး သေဆုံးမှုဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ