အီရန်ရဲ့ခြိမ်းခြောက်မှုတိုင်းကို အမြဲတမ်းရင်ဆိုင်သွားမှာဖြစ်ကြောင်း အစ္စရေးစစ်ဘက် ပြော
ဂျန်ဇက် (NP News) - ဇွန် ၈
အစ္စရေးကာကွယ်ရေးဝန်ကြီးဟာ အီရန်နိုင်ငံက အသံထက်မြန်တဲ့ဒုံးကျည်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ပြီဆိုတဲ့ သတင်းထုတ်ပြန်ချက်များကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။
အစ္စရေးနိုင်ငံအနေနဲ့ အီရန်နိုင်ငံရဲ့ခြိမ်းခြောက်မှုတိုင်းကို ရင်ဆိုင်ဖို့ အမြဲတမ်းအဆင့်သင့်ရှိနေကြောင်း၊ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က ထပ်မံပြောဆိုခဲ့ပါတယ်။
၎င်းက "ကျွန်တော်တို့ရဲ့ရန်သူတွေက သူတို့တီထွင်နေတဲ့လက်နက်တွေအကြောင်း ကြွားလုံးထုတ်နေတာ ကြားရ တယ်။ သူတို့ရဲ့လက်နက်စနစ်တွေ ဖွံ့ဖြိုးတိုးတက်လာပေမယ့် ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံး တုံ့ပြန်နိုင်စွမ်းရှိပါတယ်" လို့ ပြောပါတယ်။
အီရန်နိုင်ငံဟာ အသံထက် ၁၅ ဆနီးပါး ပိုမြန်ပြီး အကွာအဝေး ၁၄ဝဝ ကီလိုမီတာအထိရောက်ရှိ ပစ်ခတ်နိုင်စွမ်း ရှိတဲ့ဒုံးကျည်ကို ပိုင်ဆိုင်ထားကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ အသံထက်မြန်တဲ့ ဒုံးကျည်ထုတ်လုပ်နိုင်မှုက အီရန်နိုင်ငံရဲ့ကာကွယ်ရေးအတွက် ပိုမိုတိုးတက်ကောင်းမွန်လာစေမှာဖြစ်ကြောင်းအီရန် သမ္မတက ပြောပါတယ်။
အီရန်နိုင်ငံဟာ အသံထက်မြန်တဲ့ဒုံးကျည်ထုတ်လုပ်နိုင်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် လက်တွေ့ ပစ်ပြခြင်း မျိုးမရှိခဲ့ကြောင်း သိရပါတယ်။ အသံထက်မြန်တဲ့ဒုံးကျည်ဟာ အခြားဒုံးကျည်များနဲ့မတူဘဲ ဒုံးကျည်မြန်နှုန်းကြောင့် ပစ်ချဖို့၊ ရှာဖွေတွေ့ရှိဖို့ ခက်ခဲကြောင်း ဆိုပါတယ်။
အီရန်မီဒီယာတွေက အီရန်နိုင်ငံရဲ့ Fattah အမည်ရှိ ဒုံးကျည်ဟာ အမေရိကန်၊ အစ္စရေးနိုင်ငံတို့ရဲ့ ဒုံးကျည် ကာကွယ်ရေးစနစ်များကို ဖြတ်ကျော်နိုင်စွမ်းရှိကြောင်း ဖော်ပြခဲ့ပါတယ်။ အီရန် နဲ့ အစ္စရေးတို့ဟာ အရှေ့အလယ် ပိုင်းဒေသအတွင်း နိုင်ငံတွေထဲမှာ တင်းမာမှုရှိနေတဲ့နိုင်ငံများဖြစ်ပြီး အီရန်နိုင်ငံက တိုက်ခိုက်လာမယ်ဆိုရင် ရက်စက်စွာ လက်တုံ့ပြန်မှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး က ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့ဟာ အီရန် နဲ့ ၎င်းရဲ့မဟာမိတ်တွေကို ရည်ရွယ်ပြုလုပ်သော ဘက်စုံသုံးစစ်ရေးလေ့ကျင့်ခန်းကို သီတင်းပတ်နှစ်ပတ်ကြာပြုလုပ်သွားမှာဖြစ်ရာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စတင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကို ယူကရိန်းသမ္မတ တက်ရောက်ဖို့ ဖိတ်ကြားမှာ မဟုတ်ကြောင်း အိန္ဒိယအစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ