ရခိုင်ပြည်နယ်ရှိ ငါးဖမ်းသမားများနှင့် လယ်သမားများအတွက်လိုအပ်သောကိရိယာများ ထပ်မံကူညီပေးသွားမည်ဟု UNDP အဖွဲ့ပြော
ဂျန်ဇက် (NP News) - ဇွန် ၈
ကုလသမဂ္ဂအဖွဲ့စည်းတစ်ခုဖြစ်သော ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP သည် လာမည့်သီတင်းပတ်များ အတွင်း လယ်သမားများနှင့် ငါးဖမ်းသူများအတွက် စပါးမျိုးစေ့များ၊ ဓာတ်မြေဩဇာ၊ ဂဏန်းထောင်ချောက်များ၊ လှေများ နှင့် ငါးဖမ်းပိုက်များ အပါအဝင် ၎င်းတို့လုပ်ငန်းလည်ပတ်ရန် အရေးတကြီးလိုအပ်သည့် ကိရိယာများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်တစ်ဝှမ်းရှိ လူအများအပြားအတွက် စားနပ်ရိက္ခာဖူလုံမှုကို တိုးတက်စေရန်အတွက် လယ်သမားများ နှင့် ငါးဖမ်းသူများအတွက် လိုအပ်သောပစ္စည်းများကို ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း UNDP က ဆိုသည်။
ဆိုင်ကလုန်းမိုခါသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်မှုကြောင့် လယ်မြေများ ထိခိုက် ပျက်စီးခြင်း၊ မျိုးစေ့များ ဆုံးရှုံးခြင်း နှင့် ငါးဖမ်းလှေများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လယ်သမားများ နှင့် ငါးဖမ်းသူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်ခဲ့ရကြောင်း သိရသည်။
လယ်သမားများ နှင့် ငါးဖမ်းသမားများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်ပျက်စီးရခြင်းသည် ရေရှည် တွင် စားနပ်ရိက္ခာရရှိနိုင်မှု နှင့် အစားအစာအတွက် စရိတ်တတ်နိုင်မှုတို့အပေါ် ထိခိုက်သက်ရောက်မှုများက ပိုဆိုး လာနိုင်ဖွယ်ရှိနေရာ လယ်သမားများ နှင့် ငါးဖမ်းသမားများအတွက် လိုအပ်သောပစ္စည်းများ ကူညီပေးနေပြီး ရခိုင်ပြည်နယ်တစ်ဝှမ်းတွင် လူဦးရေ ၃၅ဝဝဝ ကျော်အထိ မျိုးစေ့မျိုးစုံ ဖြန့်ဖြူးပေးနိုင်ခဲ့ကာ မုတ်သုံရာသီမတိုင်မီ ၎င်းတို့၏ အိမ်ခြံများတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း UNDP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆိုင်ကလုန်း ဝင်ရောက်ခဲ့ရာလမ်းကြောင်းပေါ်ရှိ နေထိုင်သူအများအပြားသည် ရောက်ရှိရန်ခက်ခဲ့သည့်နေရာများ တွင် ရှိနေသည့်အပြင် ဝင်ငွေလည်းနည်းပါးကြောင်း၊ ပံ့ပိုးပေးအပ်လိုက်သော မျိုးစေ့မျိုးစုံသည် ဒေသခံများကို အာဟာရပြည့်ဝသော အစားအစာများ ထုတ်လုပ်စိုက်ပျိုးနိုင်စေရန် နှင့် စိုက်ပျိုးဖြစ်ထွန်းလာသည့် သီးနှံများကို ရောင်းချခြင်းမှလည်း မိသားစုများစွာ အပိုဝင်ငွေရရှိနိုင်စေရန်ကူညီပေးနိုင်မည်ဖြစ်ကြောင်း UNDP က ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက်(၉)နှစ်အရွယ်ကလေးငယ်တစ်ဦးအား ကားဖြင့်တိုက်ပြီးထွက်ပြေးမှု အင်းစိန်မြို့နယ်၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ