Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်၌ ငွေကျပ် (၄၅)ဘီလျံဝန်းကျင် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ဟု စာရင်းထွက်ပေါ်

မျိုးကြီး (NP News) - ဇွန် ၇

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်၌ ငွေကျပ်(၄၅)ဘီလျံဝန်းကျင် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ပြောခွင့်ရက NP News ကိုပြောသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ပြီးခဲ့သည့် မေလ ၁၄ ရက်တွင် ရခိုင်ပြည်နယ်သို့ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအများအပြားဖြစ်ပေါ်ခဲ့သည်။

“အကုန်လုံးအပါအဝင်ပေါ့နော်။ လူတွေရော၊ တိရိစ္ဆာန်တွေရော အကုန်လုံးပျက်စီးမှုတွေကို စုစုပေါင်းလိုက်တဲ့အခါကြတော့ (၄၅)ဘီလျံလောက် ပျက်တယ်လို့ စာရင်းအရသိရတယ်” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ပြောခွင့်ရ ဦးလှသိန်းကပြောသည်။

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်တွင် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ သာသနိကအဆောက်အအုံများ၊ လျှပ်စစ်ဓာတ်တိုင်များ၊ ဆက်သွယ်ရေးတာဝါတိုင်များအပါအဝင် တိရိစ္ဆာန်အများအပြားလည်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။

“ကျွန်တော် ပြောချင်တာကတော့ (၄၅)ဘီလျံလောက် ရခိုင်ပြည်နယ်မှာ ပျက်စီးတယ်ဆိုတော့ အစိုးရကလည်း (၄၅)ဘီလျံကို ရော့အင့်လို့ ပေးနိုင်မှာမဟုတ်လောက်ဘူး။ ပြည်သူတွေအနေနဲ့ကလည်း ကျွန်တော်တို့ဆီက ပြန်လည်ထူထောင်ရေးမှာ အပြည့်အဝရမှာတော့ မဟုတ်နိုင်ဘူး။ ရသလောက်နဲ့ မိမိကိုယ်ကို အားထုတ်ပြီးတော့ ပြန်လည်ထူထောင်မှုတွေ ပြုလုပ်ရမယ်လို့ အဲဒီလိုမြင်ပါတယ်”ဟု ဦးလှသိန်းက ဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ ဆက်သွယ်ရေးဆိုင်ရာပြန်လည်ထူထောင်ခြင်းလုပ်ငန်းများသည် (၉၆)ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုထားသည်။

ထို့ပြင် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့တွင် ယနေ့(ဇွန်လ ၇ ရက်)တွင် လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်မည်ဖြစ်ကြောင်းလည်း ဒုတပ်ချုပ်က အသိပေးပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိနေသော်လည်း ပြင်ဆင်ရန် လိုအပ်နေသည့် ကျောင်းအဆောက်အအုံများလည်း ရှိနေသေးကြောင်းကြားသိရသည်။

ထို့ပြင် လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာယာများသည် ပြင်ဆင်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

“ပြင်ဆင်ဖို့ ကျန်နေတယ်ဆိုတာကတော့ ဌာနဆိုင်ရာရုံးတွေပေါ့။ ဌာနဆိုင်ရာရုံးတွေကတော့ ပြည့်ပြည့်စုံစုံ အမိုးတွေ မမိုးနိုင်ကြသေးဘူး။ သွပ်မိုးတာမဟုတ်သေးဘူး။ လတ်တလောမှာ တာပေါ်လင်မိုးတာပေါ့။ အဲဒီတာပေါ်လင်တွေက ခွဲတမ်းတွေကို ပြည်သူတွေကို ဦးစားပေးနေတော့ ဌာနဆိုင်ရာတွေ မရနိုင်ကြသေးဘူး”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ ဦးလှထွန်းက ဆိုသည်။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ရန် အလှူငွေကျပ် (၂၆)ဘီလျံကျော်နှင့် အမေရိကန်ဒေါ်လာ (၄)သိန်းနီးပါးရရှိထားကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ထုတ်ဖော်ပြောဆိုထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ ဇွန်လ ၇ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved