Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်ရဲ့စေ့စပ်ပေးမှုကြောင့် ပြေလည်မှုပြန်လည်ရရှိခဲ့ပြီးနောက် အီရန်နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံမှာ သံရုံးပြန်ဖွင့်လှစ်

ဂျန်ဇက် (NP News) - ဇွန် ၇ 

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် အီရန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံကြား ပြေလည်မှုပြန်လည်ရရှိခဲ့ပြီးနောက် အီရန်နိုင်ငံဟာ ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့မှာ အီရန်သံရုံးကို ဇွန်လ ၅ ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

အီရန် နဲ့ ဆော်ဒီအာရေဗျနိုင်ငံကြား သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်မှုဟာ အရှေ့အလယ်ပိုင်းဒေသ အတွက် သံတမန်ရေးရာဟန်ချက်ညီအောင် ထိန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alireza Bikdeli က "ဒီနေ့ဟာ အီရန် နဲ့ ဆော်ဒီအာရေဗျ နိုင်ငံကြား သံတမန်ဆက်ဆံရေး အတွက် အဓိကအရေးပါတဲ့နေ့ဖြစ်ပါတယ်။ ဒေသအတွင်းမှာ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုများနဲ့အတူ တည်ငြိမ်မှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာစေဖို့ ပိုမိုကောင်းမွန်လာမှာပါ" လို့ ပြောပါတယ်။ 

ဆော်ဒီအာရေဗျအစိုးရဟာ  မကြာမီမှာ အီရန်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံးကို ပြန်လည်ဖွင့်လှစ်သွားဖွယ်ရှိနေ ကြောင်း သိရပါတယ်။ ဆော်ဒီအာရေဗျ နဲ့ အီရန်နိုင်ငံတို့ဟာ အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ်မှာ သံတမန်ဆက်ဆံမှုများ ဖြတ်တောက်ခဲ့ကြောင်း သိရပါတယ်။ ဆော်ဒီအာရေဗျ နဲ့ အီရန်တို့ဟာ သံတမန် ဆက်ဆံရေးပြတ်တောက်လိုက်ပြီးနောက်ပိုင်းဒေသအတွင်း အငြင်းပွားမှုတွေမှာ ထိပ်တိုက်တွေ့ဆုံလာခဲ့ပြီး ဆော်ဒီအာရေဗျက အမေရိကန်နိုင်ငံနဲ့ စစ်ရေးနဲ့ စီးပွားရေးကဏ္ဍတွေ ပိုမိုနီးစပ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ 

အီရန်နိုင်ငံကတော့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို ရင်ဆိုင် နေခဲ့ရပါတယ်။ အီရန် နဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့ဟာ ဆီးရီးယားပြည်တွင်းစစ် နဲ့ ယီမင်ပြည်တွင်းစစ်တို့မှာလည်း ဆန့်ကျင်ဘက်ပုံစံမျိုးရပ်တည်ပြီး ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

အီရန်ဟာ အမေရိကန်၊ အစ္စရေးနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံဟာ အီရန် နဲ့ ဆော်ဒီအာရေဗျ နိုင်ငံကြားဖြစ်ပွားနေတဲ့အငြင်းပွားမှုတွေကို လျော့ချနိုင်ဖို့ ကြားဝင်ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့တဲ့မတ်လမှာ ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးနိုင်အောင် ကူညီပေးခဲ့တယ်။ တရုတ်နိုင်ငံမှာ ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်ထဲမှာ ဆော်ဒီအာရေဗျ နဲ့ အီရန်တို့ဟာ အပြန်အလှန်သံရုံးများ ပြန်လည်ဖွင့်လှစ်ဖို့အချက်နဲ့ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကိုအခြားတစ်နိုင်ငံက ကြားဝင်စွက်ဖက်တာမျိုးမလုပ်ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပုဂ္ဂလိကကျောင်းမှ မူကြိုဆရာမ(၂)ဦးအား လူ(၄)ဦးက နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်မှု ရန်ကုန်၌ဖြစ်ပွား

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved