လာမည့် ဇွန်လ(၉)ရက်၌ (၁ဝ)တန်းအောင်စာရင်းများ ထုတ်ပြန်ကြေညာမည်
ယွန်း (NP News) - ဇွန် ၆
လာမည့် ဇွန်လ(၉)ရက်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာမည်ဖြစ် ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနမှ ဇွန်လ(၅)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အောင်စာရင်းများကို ဇွန်လ(၉)ရက်၊ နံနက်(၆)နာရီအချိန်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အောင်စာရင်းများကို ဇွန်လ(၉)ရက်၊ နံနက်(၄)နာရီအချိန်တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက် အဆက်အသွယ်ကောင်းစွာမရသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယို အစီအစဥ်တွင်လည်း ကြေညာသွားမည်ဖြစ် ကြောင်း သိရသည်။
(၂ဝ၂၃) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြီးခဲ့သည့် မတ်လ(၈)ရက်တွင် စတင်ကျင်းပခဲ့ပြီး သက်ဆိုင်ရာဘာသာရပ်အားလုံး၌ ဖြေဆိုသူ စုစုပေါင်း (၁၆၁၈၅ဝ) ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် (၂ဝ၂၂) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူဦးရေစုစု ပေါင်း (၂၈၁၇၅၁) ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၄၆ ဒသမ ၈၈) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ(၂၇)ရက်ကလည်း KG မှ Grade-11 အထိ စာမေးပွဲဖြေဆိုထားသည့် ကျောင်းသားများ၏ အောင်စာရင်းများကို ထုတ်ပြန်ကြေညာထားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံခဲ့ရသည့် အဆိုတော်လီလီနိုင်ကျော် ကွယ်လွန်သွားခဲ့ပြီး ပစ်ခတ်လုပ်ကြံသူကို ဖမ်းဆီးရမိပြီဟုဆို
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း