သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံခဲ့ရသည့် အဆိုတော်လီလီနိုင်ကျော် ကွယ်လွန်သွားခဲ့ပြီး ပစ်ခတ်လုပ်ကြံသူကို ဖမ်းဆီးရမိပြီဟုဆို
NP News - ဇွန် ၆
သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံခဲ့ရသော အဆိုတော်လီလီနိုင်ကျော် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူမ၏ မိသားစုဝင်များက အသိပေးပြောဆိုထားသည်။
အဆိုတော်လီလီနိုင်ကျော်သည် ယနေ့(ဇွန်လ ၆ ရက်)၊ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၌နေထိုင်သော အဆိုတော်/သရုပ်ဆောင် လီလီနိုင်ကျော် သည် ပြီးခဲ့သည့် မေလ ၃ဝ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် ကားဖြင့်အပြင်မှ နေအိမ်သို့ ပြန်လာစဉ် သူမ၏ အိမ်ရှေ့တိုက်ခန်းအရောက်၌ PDF အဖွဲ့ဝင် အကြမ်းဖက်အမျိုးသား(၁)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် အဆိုတော်လီလီနိုင်ကျော်၏ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ် သည်။
လက်ရှိတွင် အဆိုတော်လီလီနိုင်ကျော် ကွယ်လွန်သွားမှုအပေါ် ၎င်း၏ ပရိတ်သတ်များနှင့် မိတ်ဆွေအပေါင်းအသင်းများက မိသားစုနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်း ထုတ်ဖော်ပြောဆိုနေကြသည်။
အဆိုတော်လီလီနိုင်ကျော်အား သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့သူကို ယမန်နေ့(ဇွန်လ ၅ ရက်) တွင် ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သူများထံမှ သိရသည်။
သို့သော် နစကအနေဖြင့် အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ လတ်တလော၌ အသိပေးထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။
အဆိုတော်လီလီနိုင်ကျော်အား အကြမ်းဖက်လုပ်ကြံသတ်ဖြတ်သည့်လုပ်ရပ်အပေါ် မြန်မာနိုင်ငံဂီတအစည်းအရုံးအပါအဝင် အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ကလည်း အကြမ်းဖက်သမားများ၏ လူမဆန်သည့် တိုက်ခိုက်မှုသည် အေးချမ်းသွားလာလှုပ်ရှားနေသော ပြည်သူများကို ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်သတ်ဖြတ်ခြင်းဖြစ်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်ရှိ စက်ရုံအလုပ်ရုံများအနေဖြင့် တစ်ယူနစ်လျှင် (၄ဝဝ-၅ဝဝ)ကျပ်နှုန်းဖြင့် ပေးအပ်မည့် အထူးလျှပ်စစ်မီးကို ရလိုပါကတင်ပြနိုင်ဟုဆို
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ