မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီပေးနေသော ပရဟိတသမားများကို မန္တလေးရှိ လုပ်ငန်းရှင်များက ငွေကျပ်(၇၅)သိန်း ပေးအပ်ထောက်ပံ့
စော (NP News) - ဇွန် ၅
မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီပေးနေသော ပရဟိတသမားများကို မန္တလေးရှိ လုပ်ငန်းရှင်များက ငွေကျပ်(၇၅)သိန်း ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ယနေ့(ဇွန်လ ၅ ရက်)တွင် မန္တလေးတိုင်းအတွင်းမှ ခရိုင်နှင့်မြို့နယ်များရှိ လုပ် ငန်းရှင်များမှ မီးသတ်ဦးစီးမှူးရုံးမှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းမှတဆင့် လှူဒါန်းငွေများကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိနေသည့် ညွှန်ကြားရေးမှူး (ဦးစီး) ဦးသိန်းထွန်းဦးထံသို့ ထပ်မံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းငွေများအား ရန်ကုန်တိုင်းအပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် နေပြည်တော်ရှိ စုပေါင်းရှာဖွေကယ်ဆယ်ရေးတပ်ခွဲများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“ဒေါ်လာ လွှမ်းမိုးမှုကို ပယ်ဖျက်ရန် ကြိုးစားကြသူများ” (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း