ရန်ကုန်မြို့ရှိ မြို့နယ်(၆)ခု၌ မနက်ဖြန်တွင် ယာယီဓာတ်အား ပြတ်တောက်မည်ဟု YESC အသိပေး
NP News - ဇွန် ၅
ရန်ကုန်မြို့အတွင်းရှိ မြို့နယ်(၆)မြို့နယ်၌ သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်၍ မနက်ဖြန်(ဇွန်လ ၆ ရက်)တွင် ယာယီလျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယနေ့(ဇွန်လ ၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် မြို့နယ်များမှ 66kV သာကေတ-ပုသိမ်ညွန့်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုများကို ဇွန်လ ၆ ရက်တွင် နံနက်(၉)နာရီမှ မွန်းလွဲ(၁)နာရီအချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် သကေတမြို့နယ်အပါအဝင် ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါပုံမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့ရှိ ရပ်ကွက်အချို့နှင့် စက်မှုဇုန်တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အရေးကြီးနေရာများအား ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း YESCမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပေါင်မြို့တွင် ကုန်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် ဝင်တိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း