အမေရိကန်ထုတ် ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် ၅ဝ ကျော် ထပ်မံကူညီပေးဖို့ ယူကရိန်းသမ္မတဇီလန်စကီး တောင်းဆို
ဂျန်ဇက် (NP News) - ဇွန် ၄
ယူကရိန်းမြို့များ၊ ယူကရိန်းတပ်ဖွဲ့များကို ရုရှားတို့ လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်နိုင်ဖို့ အမေရိကန်ထုတ် ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်များအနည်းဆုံး ၅ဝ လိုအပ်နေဆဲဖြစ်ကြောင်း၊ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းသမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပတဲ့ Wall Street Journal (WSJ) ဂျာနယ်နဲ့ အင်တာဗျူးမှာ အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတ်ယ။ ယူကရိန်းသမ္မတ က ယူကရိန်းနိုင်ငံအတွင်းရှိ အခြေခံအဆောက် အဦးများနဲ့ ယူကရိန်းတပ်ဖွဲ့များအပေါ် ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကာကွယ်ဖို့ အမေရိကန်ထုတ် လေကြောင်းရန်ကာကွယ်ရေးစနစ် ဒါဇင်ချီလိုအပ်နေကြောင်း၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထပ်မံရယူဖို့ အမေရိကန်ဒေါ်လာ ၅၅ သန်း လိုအပ်နေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းဟာ လက်ရှိအချိန်မှာ သိမ်းပိုက်ခံထားရတဲ့မြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်အောင် ရုရှားတပ်ဖွဲ့တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ အဆင့်သင့်ရှိနေကြောင်း သိရပါတယ်။
ပက်ထရီယောလေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ကမ္ဘာပေါ်မှာ ရုရှားရဲ့ခေတ်မီကောင်းမွန်တဲ့ဒုံးကျည်တွေကို ကြားဖြတ်ခြေရာခံပြီး ဟန့်တားနိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်ကြောင်း ယူကရိန်းသမ္မတ က ပြောပါတယ်။
ပက်ထရီယော လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ လက်ရှိအချိန်မှာ ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဒုံးကျည်နဲ့တိုက်ခိုက်တဲ့ တိုက်ခိုက်မှုစွမ်းဆောင်ရည်များကို လျော့ချသွားအောင်လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ယူကရိန်းသမ္မတ က ပြောပါတယ်။
လေကြောင်းရန်ကာကွယ်ရေးစနစ်မရှိဘဲ စစ်တိုက်မယ်ဆိုရင် ယူကရိန်းစစ်သားအများအပြား သေဆုံးရဖွယ်ရှိနေ ကြောင်း၊ လေကြောင်းရန်ကာကွယ်ရေးစနစ်မရှိဘဲ တန်ပြန်ထိုးစစ်ဆင်မယ့်အခြေနေက အလွန်အန္တရာယ်များ ကြောင်း ယူကရိန်းသမ္မတ က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်လွှတ်တော်က အစိုးရကို ၁၉၄၅ ခုနှစ်နောက်ပိုင်း ၁ဝ၃ ကြိမ်မြောက် အကြွေးထပ်တိုးယူဖို့ ခွင့်ပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ