အမေရိကန်လွှတ်တော်က အစိုးရကို ၁၉၄၅ ခုနှစ်နောက်ပိုင်း ၁ဝ၃ ကြိမ်မြောက် အကြွေးထပ်တိုးယူဖို့ ခွင့်ပြု
ဂျန်ဇက် (NP News) - ဇွန် ၄
အမေရိကန်လွှတ်တော်နှစ်ရပ်ဟာ အကြွေးထပ်တိုးယူခွင့် ဥပဒေမူကြမ်းကိုခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။
အမေရိကန်လွှတ်တော်ဟာ ၁၉၄၅ ခုနှစ်နောက်ပိုင်းကတည်းက အစိုးရကို အကြွေးချေးယူခွင့် ၁ဝ၃ ကြိမ်မြောက် ခွင့်ပြုချက်ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်အထက်လွှတ်တော်ဟာ အကြွေးထပ်တိုးယူခွင့် ဥပဒေ မူကြမ်းကို လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ၆၃ မဲ၊ ၃၆ မဲ နဲ့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် အောက်လွှတ်တော်ကလည်း အဆိုပါအကြွေးထပ်တိုးယူခွင့် ဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၁၇ မဲ ၃၁၄ မဲနဲ့ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။
အမေရိကန်ဟာ အကြွေးစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၄ ထရီလီယံရှိနေပြီး အောက်လွှတ်တော်က အကြွေးယူခွင့်ကို ကန့်သတ်လိုက်မယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့စီးပွားရေးကမောက်ကမဖြစ်မယ့် အခြေအနေမျိုး ရှိလာနိုင်ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီတို့ဟာ အကြွေးကန့်သတ် ချက်များနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း အငြင်းပွားမှုများ ရှိနေခဲ့ကြောင်း သိရပါတယ်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ က လက်ရှိရှိနေတဲ့အကြွေးကို ထပ်တိုးယူခွင့်မပေးဘဲ ကန့်သတ်ထားဖို့ လိုလားပေမယ့် ထပ်တိုးယူခွင့်မပေးရင် နိုင်ငံစီးပွားရေးထိခိုက်ဖွယ်ရှိနေတဲ့အတွက် အကြွေးကန့်သတ်ထားမယ့်အစီအစဉ်ကို ဆိုင်းငံ့ လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရရဲ့လက်ထဲမှာ အသုံးပြုနိုင်တဲ့ငွေကြေး မကျန်တော့တဲ့အတွက် အောက်လွှတ်တော်က အကြွေးယူခွင့်ကို ထပ်မတိုးဘဲ ကန့်သတ်လိုက်မယ်ဆိုရင် နိုင်ငံစီးပွားရေးအတွက် ဆိုးရွားတဲ့သက်ရောက်မှုများ ရှိလာနိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက အစောပိုင်းတည်းက သတိပေးထားပါတယ်။ အမေရိကန် လွှတ်တော်နှစ်ရပ်လုံးက ခွင့်ပြုလိုက်တဲ့အကြွေးထပ်တိုးယူခွင့်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ဖို့ အမေရိကန် သမ္မတထံ ထပ်မံပေးပို့ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတ က "စေ့စပ်ညှိနှိုင်းမှုတွေမှာဘယ်သူဘက်မှ လိုချင်တာအကုန်မရဘူး။ လွှတ်တော်နဲ့ဆွေးနွေးပြီး သဘောတူညီမှုရယူနိုင်ခဲ့တာက ကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန် စီးပွားရေးအတွက် ကြီးမားတဲ့အောင်ပွဲဖြစ်ပါတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဆိုတော်လီလီနိုင်ကျော် လုပ်ကြံခံရပြီးနောက် ထပ်မံလုပ်ကြံသတ်ဖြတ်ရန် စုံစမ်းခံနေရသည့် အနုပညာရှင်များစာရင်း ထွက်ပေါ်လာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ