မြောက်ကိုရီးယား၏ ဥပဒေမဲ့သော လုပ်ရပ်များကို နိုင်ငံအချို့က လျစ်လျူရှုနေကြောင်း တောင်ကိုရီးယားစစ်ဘက်ဝေဖန်
Pika (NP News) - ဇွန် ၃
မြောက်ကိုရီးယားနိုင်ငံ၏ ဥပဒေမဲ့ အပြုအမူကို နိုင်ငံအချို့က လျစ်လျူရှုနေခြင်းကြောင့် ၎င်း၏ ဒုံးကျည်နှင့်နျူကလီးယားအစီအစဉ်များအပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကို ပိုမိုအားနည်းသွားစေကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
မကြာသေးမီက ဂြိုလ်တုလွှတ်တင်ခဲ့သော မြောက်ကိုရီးယား၏လုပ်ရပ်များကို ပြစ်တင်ရှုတ်ချရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို ရုရှားနှင့်တရုတ်တို့က လျစ်လျူရှုခဲ့ကြောင်းသိရသည်။ သို့သော်လည်း ရုရှားနှင့်တရုတ်တို့က ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများဖြစ်အောင် အမေရိကန်က လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးလီဂျွန်ဆပ်က"ရုရှားနဲ့တရုတ်တို့ရဲ့ လျစ်လျူရှုမှုက မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပိုမိုအားနည်းစေပါတယ်။ မြောက်ကိုရီးယားရဲ့ ဥပဒေမဲ့တဲ့ အပြုအမူတွေကို လျစ်လျူရှုတာက ကိုရီးယားကျွန်းဆွယ်တင်မဟုတ်ဘဲ ပစိဖိတ်ဒေသတွင်းကိုရောကမ္ဘာတစ်ခုလုံးရဲ့ လုံခြုံရေးကိုပါ ဆိုးရွားစေပါတယ်"ဟု ပြောဆိုခဲ့သည်။
မြောက်ကိုရီးယား၏ လုပ်ရပ်များကို ဟန့်တားရန်အတွက် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံတို့ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း လီဂျွန်ဆပ်ကပြောကြားခဲ့သည်။ အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံတို့သည် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု အချက်အ လက်များကို ယခုနှစ်အတွင်း အချိန်နှင့်တစ်ပြေးညီမျှဝေသွားမည်ဖြစ်သလို ပြန်လည်ပျက်ကျခဲ့သော ဂြိုလ်တု၏ အစိတ်အပိုင်းများ စစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း လီဂျွန်ဆပ်ကပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များစမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်၊တောင်ကိုရီးယား နှင့် ဂျပန်တို့သည် ဒုံးကျည်ခြေရာခံခြင်းဒေတာအချက်အလက်များအပါအဝင် သတင်းအချက်အလက်မျှဝေခြင်းကို ပိုမိုလုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထားဝယ်-မြိတ်ကားလမ်းတွင် အကြမ်းဖက်သမားများမှ မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ