Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆူဒန်နိုင်ငံတွင် ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်းကြောင့် ကုလသမဂ္ဂ၏မစ်ရှင်ကို (၆)လသက်တမ်းတိုးခဲ့ဟုဆို

Pika (NP News) - ဇွန် ၃

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဆူဒန်နိုင်ငံသို့စေလွှတ်ထားသော ကုလသမဂ္ဂနိုင်ငံရေးမစ်ရှင်ကို နောက်ထပ်ခြောက်လ သက်တမ်းတိုးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂအထူးသံတမန် Volker Perthes သည် ဆူဒန်ပဋိပက္ခကို ပိုမိုဆိုးရွားအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆူဒန်စစ်တပ်အကြီးအကဲက စွပ်စွဲပြောဆိုခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယင်းကဲ့သို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆူဒန်နိုင်ငံ၏ လက်ရှိအခြေအနေများကို ပိုမိုကောင်းမွန်ရန်ရည်ရွယ်ပြီး ကုလသမဂ္ဂ၏ ဘက်ပေါင်းစုံ အသွင်ကူးပြောင်းရေးမစ်ရှင် (UNITAMS)ကို (၂ဝ၂၃)ခုနှစ် ဒီဇင်ဘာလ(၃)ရက်အထိသက်တမ်းတိုးရန်  သဘောတူညီခဲ့ကြောင်းကုလသမဂ္ဂလုံခြုံ ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဆူဒန်စစ်တပ်အကြီးအကဲ Abdel Fattah al-Burhan က ကုလသမဂ္ဂအထူးသံတမန် Volker Perthes သည် ပဋိပက္ခကို ပိုမိုဆိုးရွားလာအောင် တွန်းအားပေးနေကြောင်း ပြီးခဲ့သည့်သီတင်းပတ်ကစွပ်စွဲပြောဆိုခဲ့သည်။ ဆူဒန်စစ်တပ်အကြီးအကဲ Abdel Fattah al-Burhan က ကုလသမဂ္ဂအထူးသံတမန် Volker Perthes သည် ဆူဒန်နိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးဖြစ်စဉ်ကို ကူညီဆောင်ရွက်ပေးရာ တွင် လိမ်လည်မှုနှင့်မဟုတ်မမှန်သော သတင်းများကို ထုတ်ပြန်ခဲ့ခြင်းကြောင့် ၎င်း၏နေရာတွင် အစားထိုးပေးရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်ကို တောင်းဆိုခဲ့ကြောင်းသိရသည်။

သို့သော်လည်း ဂူတာရက်စ်က ၎င်းသည် အထူးသံတမန် Volker Perthes ကို ယုံကြည်ကြောင်း ပြော ဆိုခဲ့ပြီး အခြားကောင်စီအဖွဲ့ဝင်အများအပြားကလည်း ၎င်းကို ထောက်ခံအားပေးခဲ့ကြကြောင်းသိရသည်။ လာမည့် ခြောက်လသည် UNITAM မစ်ရှင်၏ စွမ်းဆောင်မှုများကို  အကဲဖြတ်ရန်လုံလောက်သော အချိန်တစ်ခုဖြစ်ကြောင်း ဗြိတိန်လက်ထောက်သံအမတ် James Kariuki က ပြောကြားခဲ့သည်။အမေရိကန်လက်ထောက်သံအမတ်ကြီးရောဘတ်ဝုဒ်က"ပဋိပက္ခအဆုံးသတ်ရေး၊ လူ့အခွင့်အရေးကာကွယ်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုထောက်ပံ့ပေးနိုင်မယ့် မစ်ရှင်ကို လာမယ့်လတွေအတွင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက သဘောတူလိမ့်မယ်လို့ မျှော်လင့်မိပါတယ်"ဟုပြောဆိုခဲ့သည်။

ဇွန်လ(၂)ရက်က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်တွင် ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂမစ်ရှင်နှင့်ပတ်သက်ပြီး  သုံးလတစ်ကြိမ် အစီရင်ခံစာတင်ပြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယား၏ ဥပဒေမဲ့သော လုပ်ရပ်များကို နိုင်ငံအချို့က လျစ်လျူရှုနေကြောင်း တောင်ကိုရီးယားစစ်ဘက်ဝေဖန်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved