ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲရန် အိန္ဒိယအစိုးရတောင်းဆို
Pika (NP News) - ဇွန် ၃
ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC) သည် နိုင်ငံရေးဩဇာလွှမ်းမိုးမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအခြေခံပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ကိုယ်စားပြုမှုများကို တိုးမြှင့်နိုင်ရန် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ် Ruchira Kamboj ကပြောကြားခဲ့သည်။
Ruchira Kamboj က"ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လက်ရှိဖွဲ့စည်းပုံဟာ ကျွန်မတို့ရဲ့ အပြန်အ လှန်ချိတ်ဆက်မှုတွေနဲ့ ဝင်ရိုးစုံကမ္ဘာအတွက် မကိုက်ညီတော့ပါဘူး"ဟုပြောဆိုခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံသည် ကွဲပြားခြားနားသော ခေတ်တစ်ခုတွင် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး အာဏာသစ်များတိုးလာခြင်း၊ ပြောင်းလဲလာသော ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းများနှင့် တရားမျှတမှုရှိသော ကမ္ဘာလုံးဆိုင်ရာအစီအစဉ်အတွက် ကြိုးပမ်းနေသော နိုင်ငံများ၏ ရည်မှန်းချက်များအတွက် လုံလောက်သော လှုံ့ဆော်မှုများ မပေးနိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် နိုင်ငံအများအပြားသည် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့တွင် အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံရှိနေပြီး အဆိုပါနိုင်ငံများသည် ဗီတို အာဏာကို သုံးခွင့်ရှိကြောင်းသိရသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့တွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံမဟုတ်သော နိုင်ငံများလည်း အများအပြားရှိကြောင်းသိရသည်။ လက်ရှိအချိန်တွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံမဟုတ်သောနိုင်ငံ(၁ဝ)နိုင်ငံတွင် ဘရာဇီး၊ ဆွစ်ဇာလန်၊ ဂျပန် နှင့် ယူအေအီးတို့ပါဝင်ကြောင်းသိရသည်။ ဗြိတိန်နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူပေါလ်ကနေဒီက "ကုလသမဂ္ဂလုံခြုံ ရေးကောင်စီရဲ့ လက်ရှိဖွဲ့စည်းပုံက ချို့ယွင်းချက်ရှိတယ်ဆိုတာကို လူတိုင်းသဘောတူပါတယ်။ ဒါပေမယ့် ဘယ်လိုပြုပြင်ပြောင်းလဲရမလဲဆိုတဲ့ သဘောတူညီမှုကို ကမ်းလှမ်းတာမျိုးမရှိသေးပါဘူး"ဟုပြောဆိုခဲ့သည်။
စိန်ခေါ်မှုများကို ခေတ်နှင့်အညီဖြေရှင်းနိုင်မည့်နည်းလမ်းများလိုအပ်နေသည့်အပြင် ရာသီဥတုပြောင်းလဲလာမှုများ၊ အကြမ်းဖက်မှုနှင့် ကပ်ရောဂါများကဲ့သို့သော စိန်ခေါ်မှုအသစ်များကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို အရေးတကြီးပိုမိုလုပ်ဆောင်ရန်လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ် Ruchira Kamboj ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆူဒန်နိုင်ငံတွင် ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်းကြောင့် ကုလသမဂ္ဂ၏မစ်ရှင်ကို (၆)လသက်တမ်းတိုးခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ