ဗြိတိန်နိုင်ငံရှိ စစ်မှုထမ်းဝန်ထမ်းတွေမှာ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်ပေါ်နေဟုဆို
ရောင်နီ (NP News) - ဇွန် ၃
ဗြိတိန်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေဟာ ကောင်းမွန်မှုမရှိတဲ့ အိမ်ယာနဲ့ လုပ်ခလစာနည်းပါးမှုတို့ကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်တွင် ထုတ်ပြန်တဲ့ နှစ်စဉ် တပ်မတော်သဘောထားစစ်တမ်း (AFCAS)ရဲ့ တွေ့ရှိချက်များအရ သိရပါတယ်။ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှ ၂ဝ၂၃ ခုနှစ် ဖေ ဖော်ဝါရီလအတွင်းပြုလုပ်ခဲ့တဲ့ စစ်တမ်းဟာ ဗြိတိန်စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း (၃)သိန်းနီးပါးကို အွန်လိုင်းမေးခွန်းလွှာတွေဖြေဆိုစေခဲ့ပြီး ကောက်ယူခဲ့ခြင်းဖြစ်ပါတယ်။
သုတေသနပြုချက်အရ တပ်ဖွဲ့ဝင်တွေကြား အလုံးစုံ "နေထိုင်မှုဘဝနဲ့ ကျေနပ်မှု"ဟာ ယခင်နှစ်နဲ့ နှိုင်း ယှဉ်ရင် ပျမ်းမျှအားဖြင့် (၄၂)ရာခိုင်နှုန်းအထိကျဆင်းသွားပြီး ယခင်နှစ်တုန်းက တပ်ဖွဲ့ဝင်တွေကြား အလုံးစုံ "နေထိုင်မှုဘဝနဲ့ ကျေနပ်မှု" ရာခိုင်နှုန်းက (၅ဝ)ရာခိုင်နှုန်းရှိနေခဲ့ပါတယ်။ စစ်တမ်းဖြေဆိုသူ (၃၉)ရာခိုင်နှုန်းကသာ လက်ရှိနေထိုင်မှုဘဝကို နှစ်သက်ကြောင်း ဖြေကြားခဲ့ကြတာ ဖြစ်ပါတယ်။
ကောင်းမွန်မှုမရှိတဲ့ အိမ်ယာနေထိုင်မှု၊ လုပ်ခလစာ နည်းပါးမှုဟာ စစ်တပ်အတွက် ပြဿနာတွေအဖြစ်ဆက်လက်တည်ရှိနေပြီး စစ်တမ်းကောက်ယူသူ (၄၂)ရာခိုင်နှုန်းကသာ သူတို့ရရှိတဲ့ နေရာထိုင်ခင်းနဲ့ ပတ်သက်ပြီး ကျေနပ်ကြောင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဖြေဆိုသူ (၃၁)ရာခိုင်နှုန်းက "အခြေခံလစာနှုန်းထား" ကိုကျေနပ်ပြီး ဖြေဆိုသူ (၅၁)ရာခိုင်နှုန်းက သူတို့ရဲ့လစာနဲ့ ခံစားခွင့်တွေဟာ မမျှတဘူးလို့ ဖြေဆိုထားပါတယ်။
စိတ်ဓာတ်ပိုင်းဆိုင်ရာ အကဲဖြတ်ရာမှာ ဖြေဆိုသူ (၁၁)ရာခိုင်နှုန်းကသာ စိတ်ဓာတ်တက်ကြွနေပြီး ယခင်စစ်တမ်းနဲ့ နှိုင်းယှဉ်ရင် (၃)ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ ဒါပေမယ့် ဗြိတိန်စစ်တပ်ရှိဝန်ထမ်း (၈ဝ)ရာခိုင် နှုန်းသော အမှုထမ်းတွေဟာ ၎င်းတို့ မိသားစုများ စစ်တပ်နဲ့ ဆက်နွယ်နေခြင်းအတွက် ဂုဏ်ယူစရာလို့ ယူဆထားဆဲဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်ချေရှိ၍ ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ရှိ လူထုအနေဖြင့် မိုးလေဝသ သတင်းများကို စောင့်ကြည့်ရန် တိုက်တွန်း
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း