ပဋိပက္ခဖြစ်ပွားမှုတွေကိုရှောင်ရှားဖို့အတွက် တရုတ်စစ်ဘက်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော
ဂျန်ဇက် (NP News) - ဇွန် ၃
ပဋိပက္ခဖြစ်ပွားမှုတွေကို ရှောင်ရှားနိုင်ဖို့ တရုတ်စစ်ဘက်နဲ့တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စစ်ရေးပဋိပက္ခများကို စီမံခန့်ခွဲနိုင်ဖို့ အမေရိကန် နဲ့ တရုတ် စစ်တပ်နှစ်ခုကြား တွေ့ဆုံဆွေးနွေးဖို့ တရုတ်ဘက်က စိတ်မဝင်စားခြင်းကို စိုးရိမ်မိကြောင်း၊ တွေ့ဆုံဆွေးနွေးမှုက ပဋိပက္ခတွေရှောင်ရှားနိုင်ဖို့ မရှိမဖြစ်လိုအပ်နေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ထိုင်ဝမ်အရေး ကိစ္စအပြင် တောင်တရုတ်ပင်လယ်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးဟာ လက်ရှိအချိန်မှာ ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးအခြေအနေမျိုးကိုရောက်ရှိနေကြောင်း သိရပါတယ်။
စင်ကာပူနိုင်ငံမှာကျင်းပဖို့ စီစဉ်ထားတဲ့ အာရှလုံခြုံရေးထိပ်သီးအစည်းအဝေး Shangri-La Dialogue ပွဲကိုတက်ရောက်ချိန်အတွင်းအနားယူချိန်မှာ တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်စစ်ဘက်က ကမ်းလှမ်းခဲ့ပေမယ့် တရုတ်စစ်ဘက်က ငြင်းဆန်ပယ်ချထားကြောင်းသိရပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အာရှ-ပစိဖိတ် တည်ငြိမ်မှုများပိုမိုဖြစ်လာစေဖို့ နဲ့ ပဋိပက္ခတွေကိုရှောင်ရှားနိုင်ဖို့ အမေရိကန် နဲ့ တရုတ်စစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။
၎င်းက "တရုတ်နဲ့အမေရိကန်စစ်တပ် နှစ်ခုကြား ဖြစ်လာနိုင်တဲ့ပဋိပက္ခတွေကို စီမံခန့်ခွဲနိုင်ဖို့ စေ့စပ်ဆွေး နွေးမှုလုပ်ဖို့လိုအပ်တယ်။ ဆွေးနွေးဖို့ တရုတ်ဘက်က ဆန္ဒမရှိတာကို စိုးရိမ်မိပါတယ်။ တွေ့ဆုံဆွေးနွေးမှုမှသာ ပဋိပက္ခတွေ နဲ့ အခက်ခဲပြသာနာတွေအထိ ဦးတည်လာနိုင်တဲ့ နားလည်မှုလွဲမှားမှုတွေ၊ မှားယွင်းတွက်ချက်မှုတွေမဖြစ်အောင်ရှောင်ရှားနိုင်မှာပါ"လို့ပြောပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ စစ်အေးခတ်တိုက်ပွဲအသစ်ဖြစ်အောင် ဖန်တီးကြိုးပမ်းတာမျိုးမရှိကြောင်း၊ တရုတ်နဲ့အမေရိကန်နိုင်ငံကြားပြိုင်ဆိုင်မှုတွေကနေ ပဋိပက္ခဖြစ်လာခြင်းမျိုးဘယ်တော့မှအဖြစ်ခံမှာမဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေမြို့တွင် အစိုးရနည်းပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာတစ်ဦး ပင်လယ်ထဲသို့ ဆင်းသွားပြီးနောက် ပျောက်ဆုံးနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ