စစ်တွေမြို့တွင် အစိုးရနည်းပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာတစ်ဦး ပင်လယ်ထဲသို့ ဆင်းသွားပြီးနောက် ပျောက်ဆုံးနေ
Pearl (NP News) - ဇွန် ၃
ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် အစိုးရနည်းပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာတစ်ဦးပင်လယ်ထဲသို့ ဆင်းသွားပြီးနောက် ပျောက်ဆုံးနေကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၂ ရက်) ၊ နေ့လည် (၁)နာရီ အချိန်ခန့်တွင် စစ်တွေမြို့၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဖြစ်သူသည် စစ်တွေကမ်းနားလမ်းပေါ်၌ ၎င်း၏ဆိုင်ကယ်အားရပ်ခဲ့ကာ ပင်လယ်ပြင်သို့ ဆင်းသွားခဲ့ကြောင်း သိရသည်။
"ဆိုင်ကယ်ကို ကမ်းနားထားပြီး ရေထဲဆင်းသွားတယ်။ ကိုယ့်ကိုယ်ကို ကြံစည်တယ်လို့ ပြောလို့ရတယ်။ ခုထိတော့ ပြန်မတွေ့သေးဘူး။ ရှာရတာခက်တယ်၊ ကန်ရေမဟုတ်တော့ ရေငုပ်ရှာလို့မရဘူး။ ပင်လယ်ဆိုတော့ အလောင်းကရွေ့သွားနေမှာကို။ ညနေ (၄)နာရီ (၅)နာရီ လောက်တော့ ပေါ်မယ်လို့ထင်တယ်" ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ရေနစ်ပျောက်ဆုံးနေသူသည် ဝန်ကြီးများအိမ်ယာဘေးရှိ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးသိန်းနိုင် (၄၅)နှစ်ဖြစ်ပြီး လက်ရှိတွင် ၎င်းအား ရှာမတွေ့သေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံတွင် ခရီးသည်တင်ရထားနှစ်စင်းတိုက်မိမှုကြောင့် အနည်းဆုံးလူ(၃ဝဝ)နီးပါးသေဆုံးခဲ့ပြီး (၁ဝဝဝ)နီးပါးထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း