နေတိုးအုပ်စုဝင်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီက ရုရှားနဲ့ စစ်ဖြစ်ဖို့ မလိုလားကြောင်း ဝန်ကြီးချုပ် ဗစ်တာအော်ဘန် ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NP News) - ဇွန် ၃
ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ၎င်းတို့အစိုးရတာဝန်ယူနေချိန်ကာလအတွင်း ဟန်ဂေရီဟာ ရုရှားနဲ့ တိုက်ခိုက်ခြင်းများ ဘယ်တော့မှလုပ်ဆောင်မှာမဟုတ်သလို နိုင်ငံကို ယူကရိန်းလို အဖြစ်မျိုးဖြစ်အောင် ဆွဲသွင်းမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဟန်ဂေရီဝန်ကြီးချုပ်က "ကျွန်တော်တို့ဟာ စစ်ပွဲမှာ ပါဝင်မှာမဟုတ်ဘူး။ ကျွန်တော်တို့အစိုးရအဖွဲ့တာဝန်ယူချိန်ကာလအတွင်း ဟန်ဂေရီနိုင်ငံဟာ ရုရှားနဲ့စစ်ဖြစ်မှာမဟုတ်ဘူး"လို့ပြောပါတယ်။
ဟန်ဂေရီနိုင်ငံရှိ လက်ယာနိုင်ငံရေးသမားအုပ်စုတွေက ဟန်ဂေရီနိုင်ငံဟာ ရုရှားနဲ့စစ်ဖြစ်ဖို့ အဆင်သင့်ရှိနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဝန်ကြီးချုပ်အော်ဘန်က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက် ဟန်ဂေရီဟာ နေတိုး၊ ဥရောပသမဂ္ဂအဖွဲ့အတွင်းရှိ အခြားနိုင်ငံတွေနဲ့မတူ ညီတဲ့ကြားနေနိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေကြောင်း သိရပါတယ်။ ဟန်ဂေရီဟာ ယူကရိန်းကို စစ်ရေးအကူအညီပေးဖို့ ငြင်းဆန်ထားသလို ယူကရိန်းကို စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးဖို့ အခြားနိုင်ငံတွေက ဟန်ဂေရီနိုင်ငံပိုင်နက်တွေကို ဖြတ်သန်းမယ့် အစီအစဉ်တွေကိုလည်း ငြင်းဆန်ထားကြောင်း သိရပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအပေါ် ပိတ်ဆို့ချမှတ်ခဲ့ပေမယ့် ရုရှားထက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ပိုမိုထိခိုက်နစ်နာခဲ့ရကြောင်း ဟန်ဂေရီအစိုးရကပြောပါတယ်။ ဟန်ဂေရီဟာ လက်ရှိအချိန်မှာ ယူက ရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနေကြောင်း၊ ယူကရိန်းစစ်ပွဲအဆုံး သတ်စေဖို့ သံတမန်ရေးနည်းလမ်းနဲ့သာဖြေရှင်းနိုင်မှာဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ်ကပြောပါတယ်။ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ် လက်နက်ပစ္စည်းများပံ့ပိုးကူညီခဲ့ပြီး ရုရှားကို တစ်ဖက်သတ်ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ကြောင်းသိရပါတယ်။
ဒါပေမယ့် တူရကီနဲ့ဟန်ဂေရီဟာ နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ပေမယ့် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးဖို့ ငြင်းဆန်ထားပြီး ရုရှားနဲ့စစ်ဖြစ်ဖို့လိုလားမှုမရှိကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းအပ်နောက်ကျသူများအတွက် ဇွန်လကုန်အထိ ကျောင်းအပ်လက်ခံပေးမည်ဟု နစကကြေညာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ