ကျောင်းအပ်နောက်ကျသူများအတွက် ဇွန်လကုန်အထိ ကျောင်းအပ်လက်ခံပေးမည်ဟု နစကကြေညာ
ယွန်း (NP News) - ဇွန် ၃
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျသူများအား ဇွန်လကုန်အထိ ကျောင်းအပ်လက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဇွန်လ(၂)ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
အခြေခံပညာကျောင်းများ အပါအဝင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ နေ့သင်တန်းများ အားလုံးကို ပြီးခဲ့သည့် မေလ(၂၃)ရက်မှစတင်ကာ ကျောင်းအပ်လက်ခံခဲ့သည်။
ထို့နောက် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ စာသင်ကျောင်းများကို ဇွန်လ(၁)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းကျောင်းအပ်နှံမှု ရာခိုင်နှုန်းသည် ယခင်နှစ်ကထက် ပိုမိုများပြားခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိတွင် အခြေခံကျောင်းများ ဖွင့်လှစ်နေပြီဖြစ်သော်လည်း အခက်အခဲနှင့်အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံမှုနောက်ကျသူများရှိနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။
ထို့ကြောင့် ကျောင်းအပ်နှံမှု နောက်ကျသူများအား ဇွန်လကုန်အထိ ကျောင်းအပ်လက်ခံပေးသွားမည် ဖြစ် ကြောင်း ၎င်းမှဆိုသည်။
နစက၏ ထုတ်ပြန်ချက်များအရ မေလ(၂၃)ရက်မှ (၃၁)ရက်အထိ တစ်နိုင်လုံးရှိ အခြေခံပညာကျောင်းများတွင် အပ်နှံထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေ သည် (၆ ဒသမ ၄)သန်းကျော်ရှိကြောင်း သိရသည်။
တစ်နိုင်ငံလုံးရှိ ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့သည့် ဇွန်လ(၁)ရက်တွင် ကျောင်းအပ်နှံထားသူမျာအနက်မှ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၆၂၂၉၃၃၇)ဦး (၆ ဒသမ ၂ သန်းကျော်)တက်ရောက်ပညာသင်ယူခဲ့ကြောင်း သိရသည်။
ယခုနှစ် (၂ဝ၂၃- ၂ဝ၂၄)ပညာသင်နှစ်ကို စနစ်သစ်ပညာရေးစနစ်ဖြစ်သည့် KG+12 ဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်ရာ ပြည်တွင်း/ပြည်ပသတင်းများ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း