ဖြူထိုင်းပါတီ နဲ့ ရှေ့သို့ချီပါတီကြား အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ ရယူရေးအငြင်းပွားမှုတွေကို လာမယ့် (၁၄)ရက်အတွင်း ဖြေရှင်းမယ်
ဂျန်ဇက် (NP News) - ဇွန် ၃
အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာရယူရေးနဲ့ပတ်သက်ပြီး ဖြူထိုင်းပါတီ နဲ့ Move Forward ရှေ့သို့ချီပါတီကြား အငြင်းပွားမှုတွေကို လာမယ့်သီတင်းပတ်နှစ်ပတ်အတွင်း ဖြေရှင်းနိုင်ဖွယ်ရှိနေကြောင်း ရှေ့သို့ချီ ပါတီအထွေထွေအတွင်းရေးမှူး တုလာသွန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဖြူထိုင်းပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Cholnan Srikaew ဟာ ထိုင်းအောက်လွှတ်တော်နေရာရယူဖွယ်ရှိနေတယ်ဆိုတဲ့သတင်းတွေကိုလည်း ရှေ့သို့ချီပါတီ အထွေထွေအတွင်းရေးမှူးက ငြင်းဆန်ပယ်ချလိုက်ပါတယ်။ရှေ့သို့ချီပါတီဟာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့အနိုင်ရခဲ့ပြီး လက်ရှိအချိန်မှာ ဖြူထိုင်းပါတီအပါအဝင် အခြား(၇)ပါတီနဲ့ မဟာမိတ်ဖွဲ့စည်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် ထိုင်းလွှတ်တော် ဥက္ကဋ္ဌ နေရာရယူရေးနဲ့ပတ်သက်ပြီး ပါတီများကြားအငြင်းပွားနေရာ ဖြူထိုင်းပါတီ နဲ့ ရှေ့သို့ချီပါတီကြား အငြင်းပွားလျက်ရှိနေကြောင်းသိရပါတယ်။ ၎င်းက ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ဟာ iTV ရုပ်သံကုမ္ပဏီမှာ ရှယ်ယာတွေပိုင်ဆိုင်ထားတယ်လို့ စွပ်စွဲခံရပေမယ့် ဝန်ကြီးချုပ်နေရာကိုရယူနိုင်မယ်လို့မျှော်လင့်ထားကြောင်း ပြောပါတယ်။ ပီတဟာ ရုပ်သံကုမ္ပဏီမှာ ရှယ်ယာပေါင်း (၄၂ဝဝဝ)ကျော်ပိုင်ဆိုင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်မှန်ကန်ခဲ့ပါက အရည်အ ချင်းပျက်ယွင်းကြောင်းကြေညာခံရမှာဖြစ်ကြောင်းသိရပါတယ်။
ရှေ့သို့ချီပါတီခေါင်းဆောင်က ၎င်းတို့ပါတီရှေ့နေအဖွဲ့ဟာ ပါတီခေါင်းဆောင်ကို ရွေးကောက်ပွဲကော်မရှင်စစ်ဆေးချိန်အတွင်းအကောင်းဆုံးခုခံကာကွယ်ပေးမယ်လို့ မျှော်လင့်ထားကြောင်းပြောပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မယ့်သူဟာ မီဒီယာကုမ္ပဏီများ ပိုင်ဆိုင်ခြင်း၊ မီဒီယာကုမ္ပဏီတွေမှာ ရှယ်ယာတွေပိုင်ဆိုင်ခြင်းမရှိရဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်များရှိနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘားအံ၌ လိုင်စင်မဲ့ကားများအား စတင်ဖမ်းဆီးနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ