မိုင်းလားမြို့၌ နစက နှင့် AA ပါဝင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့တို့ (၂)ရက်ကြာဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်အဆင်ပြေချိန်တွင် ထပ်မံဆွေးနွေးရန် သဘောတူခဲ့
မျိုးကြီး (NP News) - ဇွန် ၃
မိုင်းလားမြို့၌ နစက၏ NSPNC နှင့် AA ပါဝင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့တို့ (၂)ရက်ကြာဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်အဆင်ပြေချိန်တွင် ထပ်မံဆွေးနွေးရန် သဘောတူခဲ့ကြောင်း သတင်းရရှိသည်။
NSPNC နှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့သည် ဇွန်လ ၁ ရက်နှင့် ၂ ရက်တို့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့ရှိ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ (၂)ရက်တာ ဆွေးနွေးပွဲအတွင်း ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေး၊ တိုင်းရင်းသားပြည်သူများအား၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည် ထောင်စုတည်ဆောက်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။
ထို့ပြင် နှစ်ဖက်အကြားတွင် ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ မတရားအသင်းမှ ပယ် ဖျက်ရေးကိစ္စနှင့် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများ အမြန်ဆုံးရောက်ရှိနိုင်ရေး အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးကိစ္စရပ်များကိုလည်း NSPNC နှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့အကြား၌ ဆွေးနွေးမှုများရှိခဲ့ပြီးနောက် နှစ်ဖက်အဆင်ပြေသည့်အချိန်တွင် ပြန်လည်တွေ့ဆုံကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။
အဆိုပါဆွေးနွေးပွဲသို့ နစက၏ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်အတူ ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP/MNDAA) ၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)တို့မှ ကိုယ်စားလှယ်များကလည်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ နစကနှင့် AA ပါဝင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရန်အတွက် တရုတ်နိုင်ငံဘက်က ကြားဝင်ကူညီစေ့စပ်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြူထိုင်းပါတီ နဲ့ ရှေ့သို့ချီပါတီကြား အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ ရယူရေးအငြင်းပွားမှုတွေကို လာမယ့် (၁၄)ရက်အတွင်း ဖြေရှင်းမယ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ