သထုံမြို့၊ ဒုံသမိတံတားရှိ လုံခြုံရေးအဖွဲ့ကို လက်နက်ကိုင်များက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၂)ဦး ဒဏ်ရာရမှုနှင့်အတူ ကား(၂)စီး မီးလောင်ပျက်စီး
NP News - ဇွန် ၁
မွန်ပြည်နယ်၊ သထုံမြို့၊ ဒုံသမိတံတားရှိ လုံခြုံရေးအဖွဲ့ကို လက်နက်ကိုင်များက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၂)ဦး ဒဏ်ရာရရှိမှုနှင့်အတူ ကား(၂)စီး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၁ ရက်)၊ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် သထုံမြို့၊ ဒူးရင်းဆိပ်ကျေးရွာအနီး ဒုံသမိတံတား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို အတည်ပြု ပြောဆိုထားသည်။
ကရင်ပြည်နယ်၊ ကော့ပနော်ကျေးရွာဘက်ခြမ်းရှိ လက်နက်ကိုင်အင်အား(၂ဝဝ)ခန့်သည် ဒုံသမိတံတား၌ လုံခြုံရေးယူနေသည့် လုံခြုံရေးအဖွဲ့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။
“ကရင်ပြည်နယ်၊ ကော့ပနော်ကျေးရွာဘက်ခြမ်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်တယ်။ ဒီဘက်ကလည်း ပြန်ပစ်တယ်။ အပြန်အလှန်ပစ်ခတ်တယ်ပေါ့။ သောင်းကျန်းသူအကြမ်းဖက် အင်အား(၂ဝဝ)ခန့်လောက်ရှိတယ်လို့ သိရတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ပစ်တဲ့အခါကြတော့ ဒီဘက်မှာ ဘန်ကာတွေရှိတာပေါ့။ တံတားမှာက လုံခြုံရေးယူထားတဲ့ တပ်ရော၊ ရဲရောရှိတာပေါ့။ အဲဒီမှာ ပြန်ပစ်တာပေါ့။ ပစ်တဲ့အခါကြတော့ ပြန်ဆုတ်ခွာသွားတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း လုံခြုံရေးအဖွဲ့ဘက်မှ (၂)ဦးအနေဖြင့် မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
၎င်းအပြင် အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း အရပ်သားများပိုင်ဆိုင်သည့် ကား(၂)စီးသည်လည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုထားသည်။
“အဲဒီတော့ ကရင်ဘက်ခြမ်းမှာ ရပ်ထားတဲ့ ကားတစ်စီး၊ ဒီဘက်မှာရှိတဲ့ ဂိတ်နားမှာ ရပ်ထားတဲ့ ကားတစ်စီးက မီးလောင်ပျက်စီးသွားတယ်။ တိုက်ပွဲဖြစ်တဲ့အခါကြတော့ ကားက လာပိတ်မိတာပေါ့။ ပိတ်မိတော့ လူကထွက်ပြေးသွားတော့ အဲဒီကားကို ပစ်တာပေါ့။ ကားက မီးလောင်သွားတယ်။ ဟိုဘက်က တစ်စီး၊ ဒီဘက်က တစ်စီးမီးလောင်သွားတယ်” ဟု ၎င်းက ထပ်မံပြောဆိုထားသည်။
ထို့ပြင် အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ အဆောက်အအုံအချို့သည်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသတွင်းသတင်းများက ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တီးတိန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း မိုင်းထောင်ဖောက်ခွဲခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ