Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လာမည့်ရက်ပိုင်းအတွင်း မြစ်ဝကျွန်းပေါ်‌ဒေသများသို့ မုတ်သုံဝင်ရောက်နိုင်ဟုဆို

ယွန်း (NP News) - မေ ၃ဝ

လာမည့်ရက်ပိုင်းအတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့ မုတ်သုံဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

မိုးဇလ၏ ထုတ်ပြန်ချက်များအရ မုတ်သုံလေသည် မေလ( ၂၅)ရက်မှ (၂၈)ရက်အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများသို့ လည်းကောင်း၊ မေလ(၂၉)ရက်မှ ဇွန်လ(၄)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း ဝင်ရောက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်း‌ဒေသများသို့ ပြီးခဲ့သည့် မေလ(၂၆)ရက်တွင် မုတ်သုံလေစတင်ဝင်ရောက်ခဲ့၍ မိုးရွာသွန်းမှုများလည်းရှိခဲ့ပြီး လာမည့်ရက်ပိုင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ မုတ်သုံဝင်ရောက်နိုင်ကြောင်း မိုးဇလမှ ခန့်မှန်းပြောဆိုထားသည်။ 

“မုတ်သုံက ပြီးခဲ့တဲ့ (၂၆)ရက်ကတော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ဝင်သွားပြီ။ လာမည့် (၁)ရက်၊ (၂)ရက်‌လောက်မှာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွေကို မုတ်သုံဝင်ရောက်နိုင်တယ်” ဟု ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုဆိုသည်။

မုတ်သုံဝင်ရောက်လာမှုကြောင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးရွာသွန်းမှုများဖြစ်ပေါ်လာနိုင်သည့် အပြင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်လည်း မိုးပိုနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထား သည်။

ထို့ပြင် လက်ရှိဖိလစ်ပိုင်ပင်လယ်ပြင်၌ ဖြစ်ပေါ်နေသော မုန်တိုင်း “မဝါ” ကြောင့် မြန်မာနိုင်ငံတွင် မည်သည့်အကျိုးသက်‌ရောက်မှုမှမရှိနိုင်ကြောင်း သိရသည်။

“အဲဒီမုန်တိုင်းက မြန်မာနိုင်ငံနဲ့က ဆက်စပ်မှုမရှိဘူး၊ အဝေးကြီးပဲ အဲဒီတော့ ဘာအကျိုးသက်ရောက်မှုမှမရှိနိုင်ပါဘူး။ ဒါပေမယ့် အကျိုးဆက်ကတော့ရှိမယ်။ အကျိုးဆက်အနေနဲ့က အနောက်တောင်ပိုင်းဒေသတွေမှာ မိုးသိသိသာသာလေးပိုနိုင်တယ်‌။ အကျိုးသက်ရောက်မှုမရှိဘူး အကျိုးဆက်တော့ရှိတယ်” ဟု ဦးလှထွန်းက ဆက်လက်ပြောဆိုထားသည်။  

ထို့ကြောင့် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများ အပါအဝင် မြန်မာနိုင်ငံ အနောက် တောင်ပိုင်းဒေသများ၌ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်း သိရသည်။


zawgyi version

လာမည့္ရက္ပိုင္းအတြင္း ျမစ္ဝကြၽန္းေပၚ‌ေဒသမ်ားသို႔ မုတ္သုံဝင္ေရာက္ႏိုင္ဟုဆို

ယြန္း (NP News) - ေမ ၃ဝ

လာမည့္ရက္ပိုင္းအတြင္း ျမစ္ဝကြၽန္းေပၚေဒသမ်ားသို႔ မုတ္သုံဝင္ေရာက္ႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလ‌ေဗဒၫႊန္ၾကားမႈဦးစီးဌာနက ခန႔္မွန္းထားသည္။

မိုးဇလ၏ ထုတ္ျပန္ခ်က္မ်ားအရ မုတ္သုံေလသည္ ေမလ( ၂၅)ရက္မွ (၂၈)ရက္အတြင္း ျမန္မာႏိုင္ငံျမစ္ဝကြၽန္းေပၚေဒသမ်ားသို႔ လည္းေကာင္း၊ ေမလ(၂၉)ရက္မွ ဇြန္လ(၄)ရက္အတြင္း ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားသို႔လည္းေကာင္း ဝင္ေရာက္ႏိုင္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံေတာင္ပိုင္း‌ေဒသမ်ားသို႔ ၿပီးခဲ့သည့္ ေမလ(၂၆)ရက္တြင္ မုတ္သုံေလစတင္ဝင္ေရာက္ခဲ့၍ မိုး႐ြာသြန္းမႈမ်ားလည္းရွိခဲ့ၿပီး လာမည့္ရက္ပိုင္းတြင္ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားသို႔ မုတ္သုံဝင္ေရာက္ႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းေျပာဆိုထားသည္။ 

“မုတ္သုံက ၿပီးခဲ့တဲ့ (၂၆)ရက္ကေတာ့ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသေတြကို ဝင္သြားၿပီ။ လာမည့္ (၁)ရက္၊ (၂)ရက္‌ေလာက္မွာ ျမန္မာႏိုင္ငံ ျမစ္ဝကြၽန္းေပၚေဒသေတြကို မုတ္သုံဝင္ေရာက္ႏိုင္တယ္” ဟု ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကိုဆိုသည္။

မုတ္သုံဝင္ေရာက္လာမႈေၾကာင့္ ျမစ္ဝကြၽန္းေပၚေဒသမ်ားတြင္ မိုး႐ြာသြန္းမႈမ်ားျဖစ္ေပၚလာႏိုင္သည့္ အျပင္ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားတြင္လည္း မိုးပိုႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာဆိုထား သည္။

ထို႔ျပင္ လက္ရွိဖိလစ္ပိုင္ပင္လယ္ျပင္၌ ျဖစ္ေပၚေနေသာ မုန္တိုင္း “မဝါ” ေၾကာင့္ ျမန္မာႏိုင္ငံတြင္ မည္သည့္အက်ိဳးသက္‌ေရာက္မႈမွမရွိႏိုင္ေၾကာင္း သိရသည္။

“အဲဒီမုန္တိုင္းက ျမန္မာႏိုင္ငံနဲ႔က ဆက္စပ္မႈမရွိဘူး၊ အေဝးႀကီးပဲ အဲဒီေတာ့ ဘာအက်ိဳးသက္ေရာက္မႈမွမရွိႏိုင္ပါဘူး။ ဒါေပမယ့္ အက်ိဳးဆက္ကေတာ့ရွိမယ္။ အက်ိဳးဆက္အေနနဲ႔က အေနာက္ေတာင္ပိုင္းေဒသေတြမွာ မိုးသိသိသာသာေလးပိုႏိုင္တယ္‌။ အက်ိဳးသက္ေရာက္မႈမရွိဘူး အက်ိဳးဆက္ေတာ့ရွိတယ္” ဟု ဦးလွထြန္းက ဆက္လက္ေျပာဆိုထားသည္။  

ထို႔ေၾကာင့္ ယခုရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံ ျမစ္ဝကြၽန္းေပၚေဒသမ်ား အပါအဝင္ ျမန္မာႏိုင္ငံ အေနာက္ ေတာင္ပိုင္းေဒသမ်ား၌ ေနရာအႏွံ႔အျပား မိုး႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း၌ ခရီးသည်တင်ကားနှင့် ဘုန်းကြီးကား တိုက်မိခဲ့ရာ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved