Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် အချို့၌ သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားနေပြီး သေဆုံးသူ(၇)ဦးရှိလာ

စော (NP News) - မေ ၃ဝ

ရန်ကုန်အပါအဝင် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေါက်တာသက်ခိုင်ဝင်းပြောဆိုခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့(မေလ ၂၉ ရက်)တွင် ကျင်းပသော သွေးလွန်တုပ်‌ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေသန်း(၄ဝဝ)ခန့် သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံတို့တွင် အများဆုံးဖြစ်ပွားနေသည်ဟု ၎င်းကပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ယခင်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် အသက်(၁၅)နှစ်အောက်သာ  ဖြစ်ပွားမှုများပြားခဲ့သော်လည်း လွန်ခဲ့သည့် (၁ဝ)နှစ်ကျော်မှစ၍ အသက်(၁၅)နှစ်အထက် အသက်အရွယ်များတွင်လည်း ဖြစ်ပွားမှုများပြားလာခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှ မေလ(၂ဝ)ရက်အထိ သွေးလွန် တုပ်ကွေးဖြစ်ပွားသူ (၁၇၁၇)ဦးနှင့် သေဆုံးသူ(၇)ဦး ရှိခဲ့ပြီး ရန်ကုန်အပါအဝင် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် အများဆုံးဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရကြောင်း ‌ဒေါက်တာသက်ခိုင်ဝင်းက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် (၂ဝ၂ဝ)ပြည့်နှစ်တွင် ရောဂါဖြစ်ပွားသူ (၁၅၁၃၁)ဦး နှင့် သေဆုံးသူ(၆၈)ဦးရှိခဲ့ပြီး (၂ဝ၂၁)ခုနှစ်တွင် ရောဂါဖြစ်ပွားသူ (၅၄၄၆)ဦးနှင့် သေဆုံးသူ(၃၆)ဦး ရှိခဲ့ကြောင်း သိရသည်။

အလားတူ (၂ဝ၂၂)ခုနှစ်တွင် ရောဂါဖြစ်ပွားသူ (၂၄၉၇၁)ဦးနှင့် သေဆုံးသူ(၉၇)ဦးရှိခဲ့ပြီး နှစ်စဉ် ပျမ်းမျှသေဆုံးမှုသည် ဝ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ကာ ဒေသတွင်းနိုင်ငံများနှင့် သေဆုံးမှုနှုန်းကို နှိုင်းယှဉ်ပါက ပိုမိုမြင့်မားခြင်းမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါသည် ထိရောက်သော ကာကွယ်ဆေးများမရှိသေးသည့်အပြင် ကုသရန် ဗိုင်းရပ်စ်ပိုးသတ်ဆေးများလည်း မရှိခြင်းကြောင့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများနှင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဂရုစိုက်ဆောင်ရွက်ရန်လိုကြောင်း ၎င်းက အသိပေးပြောဆိုခဲ့သည်။


zawgyi version

ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ အခ်ိဳ႕၌ ေသြးလြန္တုပ္ေကြးေရာဂါ အမ်ားဆုံးျဖစ္ပြားေနၿပီး ေသဆုံးသူ(၇)ဦးရွိလာ

ေစာ (NP News) - ေမ ၃ဝ

ရန္ကုန္အပါအဝင္ တနသၤာရီတိုင္း၊ ဧရာဝတီတိုင္း၊ မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေသြးလြန္တုပ္ေကြးေရာဂါ အမ်ားဆုံးျဖစ္ပြားေနသည္ကို ေတြ႕ရွိခဲ့ရသည္ဟု ေဒါက္တာသက္ခိုင္ဝင္းေျပာဆိုခဲ့သည္။

ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡ ေဒါက္တာသက္ခိုင္ဝင္းက ယမန္ေန႔(ေမလ ၂၉ ရက္)တြင္ က်င္းပေသာ ေသြးလြန္တုပ္‌ေကြးေရာဂါ ကာကြယ္ႏွိမ္နင္းေရးလုပ္ငန္းညႇိႏႈိင္းအစည္းေဝးတြင္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ကမာၻေပၚတြင္ တစ္ႏွစ္လွ်င္ လူဦးေရသန္း(၄ဝဝ)ခန႔္ ေသြးလြန္တုပ္ေကြးေရာဂါကူးစက္ျဖစ္ပြားေနၿပီး ျမန္မာႏိုင္ငံအပါအဝင္ ေဒသတြင္းႏိုင္ငံမ်ားျဖစ္သည့္ အိႏၵိယ၊ အင္ဒိုနီးရွား၊ သီရိလကၤာ ႏွင့္ ထိုင္းႏိုင္ငံတို႔တြင္ အမ်ားဆုံးျဖစ္ပြားေနသည္ဟု ၎ကေျပာဆိုခဲ့သည္။

ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ ယခင္က ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈသည္ အသက္(၁၅)ႏွစ္ေအာက္သာ  ျဖစ္ပြားမႈမ်ားျပားခဲ့ေသာ္လည္း လြန္ခဲ့သည့္ (၁ဝ)ႏွစ္ေက်ာ္မွစ၍ အသက္(၁၅)ႏွစ္အထက္ အသက္အ႐ြယ္မ်ားတြင္လည္း ျဖစ္ပြားမႈမ်ားျပားလာခဲ့ေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံတြင္ ၂ဝ၂၃ ခုႏွစ္၊ ဇန္နဝါရီလ(၁)ရက္မွ ေမလ(၂ဝ)ရက္အထိ ေသြးလြန္ တုပ္ေကြးျဖစ္ပြားသူ (၁၇၁၇)ဦးႏွင့္ ေသဆုံးသူ(၇)ဦး ရွိခဲ့ၿပီး ရန္ကုန္အပါအဝင္ တနသၤာရီတိုင္း၊ ဧရာဝတီတိုင္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္တို႔တြင္ အမ်ားဆုံးျဖစ္ပြားေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း ‌ေဒါက္တာသက္ခိုင္ဝင္းက ေျပာဆိုခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈသည္ (၂ဝ၂ဝ)ျပည့္ႏွစ္တြင္ ေရာဂါျဖစ္ပြားသူ (၁၅၁၃၁)ဦး ႏွင့္ ေသဆုံးသူ(၆၈)ဦးရွိခဲ့ၿပီး (၂ဝ၂၁)ခုႏွစ္တြင္ ေရာဂါျဖစ္ပြားသူ (၅၄၄၆)ဦးႏွင့္ ေသဆုံးသူ(၃၆)ဦး ရွိခဲ့ေၾကာင္း သိရသည္။

အလားတူ (၂ဝ၂၂)ခုႏွစ္တြင္ ေရာဂါျဖစ္ပြားသူ (၂၄၉၇၁)ဦးႏွင့္ ေသဆုံးသူ(၉၇)ဦးရွိခဲ့ၿပီး ႏွစ္စဥ္ ပ်မ္းမွ်ေသဆုံးမႈသည္ ဝ ဒသမ ၄ ရာခိုင္ႏႈန္း ရွိခဲ့ကာ ေဒသတြင္းႏိုင္ငံမ်ားႏွင့္ ေသဆုံးမႈႏႈန္းကို ႏႈိင္းယွဥ္ပါက ပိုမိုျမင့္မားျခင္းမရွိသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း ေဒါက္တာသက္ခိုင္ဝင္းက ျဖည့္စြက္ေျပာဆိုခဲ့သည္။

ေသြးလြန္တုပ္ေကြးေရာဂါသည္ ထိေရာက္ေသာ ကာကြယ္ေဆးမ်ားမရွိေသးသည့္အျပင္ ကုသရန္ ဗိုင္းရပ္စ္ပိုးသတ္ေဆးမ်ားလည္း မရွိျခင္းေၾကာင့္ ကာကြယ္ႏွိမ္နင္းေရး လုပ္ငန္းမ်ားႏွင့္ ေရာဂါျဖစ္ပြားမႈ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို ဂ႐ုစိုက္ေဆာင္႐ြက္ရန္လိုေၾကာင္း ၎က အသိေပးေျပာဆိုခဲ့သည္။

                            

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘာစီလိုနာ၊ ဂျူဗင်တပ်အသင်းများပါဝင်မည့် Junior Soccer - World Challenge 2023 ပြိုင်ပွဲတွင် မြန်မာလူငယ် အသင်းဖိတ်ကြားခံရ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved