Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နျူကလီးယားလက်နက်များရရှိရန်အတွက် ရုရှားနှင့်နီးကပ်သော ဆက်ဆံရေးများတည်ဆောက်သင့်ကြောင်း ဘီလာရုစ်သမ္မတတိုက်တွန်း

Pika (NP News) - မေ ၂၉

နျုကလီးယားလက်နက်များကို ၎င်းတို့၏ပိုင်နက်နယ်မြေများတွင် ဖြန့်ကျက်ချထားခွင့်ပေးခြင်းဖြင့် ကာကွယ်ရေးကိုမြှင့်တင်ရန် ကြိုးပမ်းနေသော ဆိုဗီယက်ခေတ်လွန်နိုင်ငံများသည် ရုရှားနှင့်ပိုမိုနီးကပ် သော ဆက်ဆံရေးများကို တည်ဆောက်သင့်ကြောင်း ဘီလာရုစ်သမ္မတလူကာရှန်ကိုက ထုတ်ဖော်ပြောဆိုခဲ့သည်။

လူကာရှန်ကိုက "ရုရှားနိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးလိုမျိုးရှိတဲ့ အခြားနိုင်ငံတွေသို့မဟုတ် ကာဇက်စတန်နိုင်ငံကို ဘယ်သူကမှ မဆန့်ကျင်ကြပါဘူး။ ရုရှား၊ ဘီလာရုစ်နိုင်ငံတို့နဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် နိုင်ငံတိုင်းက နျူကလီးယားလက်နက်တွေရရှိပါလိမ့်မယ်။ စည်းလုံးညီညွတ်ဖို့အတွက် ထူးခြားတဲ့ မဟာဗျူဟာမြောက် အခွင့်အလမ်းတွေရှိတယ်ဆိုတာ ကျွန်တော်တို့ နားလည်သင့်ပါတယ်"ဟုပြောဆိုခဲ့သည်။

ရုရှားနှင့် ပေါင်းစည်းရန် လိုက်လျောညီထွေမဖြစ်နိုင်ဟု ထင်မြင်နေသောသူများအတွက် ၎င်း၏ကိုယ်ပိုင်အမြင်ကို မျှဝေပေးခြင်းဖြစ်ကြောင်း ဘီလာရုစ်သမ္မတလူကာရှန်ကိုက ပြောကြားခဲ့သည်။ ကာဇက်စတန်သမ္မတ Kassym-Jomart Tokayev က"ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတို့ရဲ့နီးကပ်တဲ့ ဆက်ဆံရေးဟာ အာမေးနီးယား၊ ကာဇက်စတန်နဲ့ ကာဂျစ်စ္စတန်တို့ပါဝင်တဲ့ Eurasian Economic Union အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆက်ဆံရေးတွေနဲ့မတူပါဘူး"ဟုပြောဆိုခဲ့သည်။

ဘီလာရုစ်နိုင်ငံတွင် နျူကလီးယားလက်နက်များဖြန့်ကျက်ချထားပေးမည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က မတ်လတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဘီလာရုစ်သမ္မတလူကာရှန်ကိုက "နိုင်ငံတွင်းမှာ ရုရှားရဲ့ နျူ ကလီးယားလက်နက်တွေကို စတင်ဖြန့်ကျက်ချထားနေပါပြီ"ဟု မေလ(၂၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

နျူကလီးယားလက်နက်များကို ဘီလာရုစ်နိုင်ငံတွင်း၌ ဖြန့်ကျက်ချထားသော်လည်း အဆိုပါလက်နက်များကို ထိန်းချုပ်ရေးနှင့်အသုံးချရေးသည် ရုရှားအစိုးရအပေါ်သာမူတည်ကြောင်း ရုရှားဘက်ကပြောဆိုခဲ့သည်။ ဘီလာရုစ်နိုင်ငံတွင် ရုရှား၏ နျူကလီးယားလက်နက်များဖြန့်ကျက်ချထားမှုကို အပျက်သဘောဆောင်သော လုပ်ရပ်တစ်ခုဟု မြင်မိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုခဲ့သည်။


zawgyi version


Pika (NP News) - မေ ၂၉






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံအတွင်း၌ ကျန်းမာရေးဝန်ထမ်း (၁)သိန်းကျော်သာရှိပြီး CDM ပြုလုပ်ခဲ့သူသည် (၅)သောင်းနီးပါးအထိရှိခဲ့

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved