ယူကရိန်းကို F-16 တိုက်လေယာဉ်တွေပေးပို့ကူညီပေမယ့် စစ်ပွဲအခြေအနေကို ပြောင်းလဲနိုင်မှာမဟုတ်ဟုဆို
ရောင်နီ (NP News) - မေ ၂၉
ယူကရိန်းကို အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေ ကူညီပံ့ပိုးပေးခြင်းဟာ ယူကရိန်းရဲ့ တိုက် ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်ပေမယ့် ရုရှားနဲ့စစ်ရေးပဋိပက္ခမှာ အခြေအနေတွေကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူးလို့ Bloomberg သတင်းဌာနက တနင်္ဂနွေနေ့(မေလ ၂၈ ရက်)မှာ ဖော်ပြခဲ့ပါတယ်။
ယူကရိန်းကို ပေးပို့မယ့် F-16 တိုက်လေယာဉ်တွေဟာ ရုရှားရဲ့ခေတ်မီလေယာဉ်နဲ့ လေကြောင်းရန်ကာ ကွယ်ရေးစနစ်တွေထက် ညံ့ဖျင်းတဲ့ အရည်အသွေးမှာသာရှိနေတယ်လို့ သတင်း အေဂျင်စီက ဆိုပါတယ်။ အဆိုပါလေယာဉ်တွေကို ယူကရိန်းက ခုခံကာကွယ်မှု (သို့မဟုတ်) အန္တရာယ်များတဲ့ စစ်ဆင်ရေးတွေမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။ လေယာဉ်တွေအတွက် Simulators ဒီဇိုင်းထုတ်ခဲ့သူ ဘရိုင်ရန်တန်နီဟေးလ်က F-16 လေယာဉ်တွေဟာ ယူကရိန်းလေယာဉ်မှူးတွေအတွက် တိုက်ခိုက်ရေးမှာ အသုံးပြုရလွယ်ကူနိုင်ပေမယ့် အချို့ကိစ္စတွေကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်လေတပ်ရဲ့ F-16 လေယာဉ်မှူးဟောင်း ဂျွန်ဗီနာဘယ်ရဲ့ပြောကြားချက်အရ ယူကရိန်းတပ်ဖွဲ့ အနေနဲ့ အဆိုပါ ဂျက်လေယာဉ်ကို ရှေ့တန်းမှာ အသုံးပြုမယ်ဆိုရင် ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ အကွာအဝေးမရောက်ခင်ကတည်းက ရုရှားရေဒါတွေက တိုက်လေယာဉ်တွေကိုထောက်လှမ်းမိနေနိုင်တယ်လို့ ဆိုပါတယ်။ ယူကရိန်းလေယာဉ်မှူးတွေဟာ ပစ်မှတ်တွေကို ကုန်းပြင်မြင့်တွေမှ ချည်းကပ်နိုင်ပေမယ့် မတ်စောက်တဲ့ တောင်ကုန်းတွေကို လျင်မြန်စွာ တက်နိုင်ဖို့၊ တစ်ချက်ပစ်ပြီး အမြန်ပြန်ဆင်းနိုင်ဖို့ခက်ခဲတာကြောင့် အဆိုပါ နည်းဗျူဟာတွေနဲ့ဆိုရင် F-16 ဟာ ဘာပစ်မှတ်မှထိနိုင်မှာ မဟုတ်ဘူးလို့ ဗီနာဘယ် က ဆိုပါတယ်။
ဒါ့ပြင် နောက်ထပ်ဝါရင့်တိုက်ခိုက်ရေးလေယာဉ်မှူး ဒန်ဟမ်တန်ရဲ့အဆိုအရ F-16 တိုက်လေယာဉ်တွေဟာ ပစ်မှတ်အတွက် အချိန်ကောင်းကို စောင့်ဆိုင်းဖို့ လေထဲမှာ နာရီပေါင်းများစွာရှိနေဖို့ လိုအပ်တယ်လို့ ရှင်းပြပါတယ်။ လေယာဉ်မှူးတွေရဲ့ အကဲဖြတ်မှုတွေအရ အမေရိကန်မှ F-16 ဂျက်လေယာဉ်များ ထောက်ပံ့မှုဟာ ယူကရိန်းပဋိပက္ခအတွက် အချိုးအကွေ့တစ်ခုမဟုတ်နိုင်ဘူးဆိုတဲ့ အဖြေထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းလေတပ်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ယူရီအိုင်ဂ်နက်ကတော့ အနောက် အုပ်စုရဲ့ခေတ်မီတိုက်လေယာဉ်တွေပေးပို့ခြင်းဟာ ယူကရိန်းကိုစစ်ပွဲအောင်နိုင်သူ ဖြစ်စေလိမ့်မယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
zawgyi version
ယူကရိန္းကို F-16 တိုက္ေလယာဥ္ေတြေပးပို႔ကူညီေပမယ့္ စစ္ပြဲအေျခအေနကို ေျပာင္းလဲႏိုင္မွာမဟုတ္ဟုဆို
ေရာင္နီ (NP News) - ေမ ၂၉
ယူကရိန္းကို အေမရိကန္ထုတ္ F-16 ဂ်က္တိုက္ေလယာဥ္ေတြ ကူညီပံ့ပိုးေပးျခင္းဟာ ယူကရိန္းရဲ႕ တိုက္ ခိုက္ေရးစြမ္းရည္ကို ျမႇင့္တင္ေပးႏိုင္ေပမယ့္ ႐ုရွားနဲ႔စစ္ေရးပဋိပကၡမွာ အေျခအေနေတြကို ေျပာင္းလဲေပးႏိုင္မွာ မဟုတ္ဘူးလို႔ Bloomberg သတင္းဌာနက တနဂၤေႏြေန႔(ေမလ ၂၈ ရက္)မွာ ေဖာ္ျပခဲ့ပါတယ္။
ယူကရိန္းကို ေပးပို႔မယ့္ F-16 တိုက္ေလယာဥ္ေတြဟာ ႐ုရွားရဲ႕ေခတ္မီေလယာဥ္နဲ႔ ေလေၾကာင္းရန္ကာ ကြယ္ေရးစနစ္ေတြထက္ ညံ့ဖ်င္းတဲ့ အရည္အေသြးမွာသာရွိေနတယ္လို႔ သတင္း ေအဂ်င္စီက ဆိုပါတယ္။ အဆိုပါေလယာဥ္ေတြကို ယူကရိန္းက ခုခံကာကြယ္မႈ (သို႔မဟုတ္) အႏၲရာယ္မ်ားတဲ့ စစ္ဆင္ေရးေတြမွာ တစ္စိတ္တစ္ပိုင္းအေနနဲ႔ အသုံးျပဳမွာျဖစ္တယ္လို႔ သိရပါတယ္။ ေလယာဥ္ေတြအတြက္ Simulators ဒီဇိုင္းထုတ္ခဲ့သူ ဘ႐ိုင္ရန္တန္နီေဟးလ္က F-16 ေလယာဥ္ေတြဟာ ယူကရိန္းေလယာဥ္မႉးေတြအတြက္ တိုက္ခိုက္ေရးမွာ အသုံးျပဳရလြယ္ကူႏိုင္ေပမယ့္ အခ်ိဳ႕ကိစၥေတြကို ေက်ာ္လႊားႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ေလတပ္ရဲ႕ F-16 ေလယာဥ္မႉးေဟာင္း ဂြၽန္ဗီနာဘယ္ရဲ႕ေျပာၾကားခ်က္အရ ယူကရိန္းတပ္ဖြဲ႕ အေနနဲ႔ အဆိုပါ ဂ်က္ေလယာဥ္ကို ေရွ႕တန္းမွာ အသုံးျပဳမယ္ဆိုရင္ ပစ္မွတ္ေတြကို ပစ္ခတ္ႏိုင္တဲ့ အကြာအေဝးမေရာက္ခင္ကတည္းက ႐ုရွားေရဒါေတြက တိုက္ေလယာဥ္ေတြကိုေထာက္လွမ္းမိေနႏိုင္တယ္လို႔ ဆိုပါတယ္။ ယူကရိန္းေလယာဥ္မႉးေတြဟာ ပစ္မွတ္ေတြကို ကုန္းျပင္ျမင့္ေတြမွ ခ်ည္းကပ္ႏိုင္ေပမယ့္ မတ္ေစာက္တဲ့ ေတာင္ကုန္းေတြကို လ်င္ျမန္စြာ တက္ႏိုင္ဖို႔၊ တစ္ခ်က္ပစ္ၿပီး အျမန္ျပန္ဆင္းႏိုင္ဖို႔ခက္ခဲတာေၾကာင့္ အဆိုပါ နည္းဗ်ဴဟာေတြနဲ႔ဆိုရင္ F-16 ဟာ ဘာပစ္မွတ္မွထိႏိုင္မွာ မဟုတ္ဘူးလို႔ ဗီနာဘယ္ က ဆိုပါတယ္။
ဒါ့ျပင္ ေနာက္ထပ္ဝါရင့္တိုက္ခိုက္ေရးေလယာဥ္မႉး ဒန္ဟမ္တန္ရဲ႕အဆိုအရ F-16 တိုက္ေလယာဥ္ေတြဟာ ပစ္မွတ္အတြက္ အခ်ိန္ေကာင္းကို ေစာင့္ဆိုင္းဖို႔ ေလထဲမွာ နာရီေပါင္းမ်ားစြာရွိေနဖို႔ လိုအပ္တယ္လို႔ ရွင္းျပပါတယ္။ ေလယာဥ္မႉးေတြရဲ႕ အကဲျဖတ္မႈေတြအရ အေမရိကန္မွ F-16 ဂ်က္ေလယာဥ္မ်ား ေထာက္ပံ့မႈဟာ ယူကရိန္းပဋိပကၡအတြက္ အခ်ိဳးအေကြ႕တစ္ခုမဟုတ္ႏိုင္ဘူးဆိုတဲ့ အေျဖထြက္ေပၚေနပါတယ္။ ဒါေပမယ့္လည္း ယူကရိန္းေလတပ္တပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ယူရီအိုင္ဂ္နက္ကေတာ့ အေနာက္ အုပ္စုရဲ႕ေခတ္မီတိုက္ေလယာဥ္ေတြေပးပို႔ျခင္းဟာ ယူကရိန္းကိုစစ္ပြဲေအာင္ႏိုင္သူ ျဖစ္ေစလိမ့္မယ္လို႔ အခိုင္အမာေျပာဆိုခဲ့ပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြူထိုင်းပါတီကို Move Forward ပါတီနှင့်မပူးပေါင်းရန် ဖြူထိုင်းပါတီထောက်ခံသူများတောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ