ဖြူထိုင်းပါတီကို Move Forward ပါတီနှင့်မပူးပေါင်းရန် ဖြူထိုင်းပါတီထောက်ခံသူများတောင်းဆို
Pika (NP News) - မေ ၂၉
ဖြူထိုင်းပါတီကို မလေးမစားကြောင်းပြသခဲ့သည့် Move Forward ပါတီ၏ မထီမဲ့မြင်ပြုမှုများကို ဖြူထိုင်းပါတီထောက်ခံသူအုပ်စုက ပြစ်တင်ရှုတ်ချခဲ့ပြီး Move Forward ပါတီနှင့်မပူးပေါင်းရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။
ဖြူထိုင်းပါတီ၏ ခေါင်းဆောင်က ၎င်း၏ထောက်ခံသူအုပ်စုများ၏သဘောထားကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဖြူထိုင်းပါတီ ထောက်ခံသူအဖွဲ့တစ်ဖွဲ့သည် ဖြူထိုင်းပါတီဌာနချုပ်တွင် ၎င်းတို့၏ အမြင်များကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရသည်။ Move Forward ပါတီသည် ဖြူထိုင်းပါတီကို လေးစားခြင်းမရှိသောကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့မည့် Move Forward ပါတီ၏ကြိုးပမ်းမှုမှ နှုတ် ထွက်စေလိုကြောင်း ဖြူထိုင်းပါတီထောက်ခံသူအဖွဲ့ခေါင်းဆောင် Niyom Nopparat ကပြောကြားခဲ့သည်။
၎င်းက "ဖြူထိုင်းပါတီမပါဘဲ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရင် အခြားပါတီတွေက သေချာပြန်စဉ်းစားဖို့ တိုက်တွန်းချင်ပါတယ်"ဟုပြောဆိုခဲ့သည်။ ဖြူထိုင်းပါတီ နှင့် Move Forward ပါတီတို့သည် အောက် လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အငြင်းပွားမှုများရှိနေချိန်တွင် ဖြူထိုင်းပါတီထောက်ခံသူအဖွဲ့က ယခု ကဲ့သို့တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ဖြူထိုင်းပါတီ ခေါင်းဆောင်Cholnan Srikaew က ပါတီအနေဖြင့် ထောက်ခံသူအဖွဲ့၏ အဆိုပြုချက်ကို သေချာစဉ်းစားသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ Cholnan Srikaew က"ကျွန်တော်တို့ပါတီက ထောက်ခံသူတွေအားလုံးရဲ့ သဘောထားတွေကို နားထောင်ပါတယ်။အထူးသဖြင့် ဖြူထိုင်းပါတီကို တန်ဖိုးထားတဲ့ ထောက်ခံသူတွေအားလုံးရဲ့ သဘောထားတွေကိုနားထောင် နေပါတယ်"ဟုပြောဆိုခဲ့သည်။
Move Forward ပါတီသည် မေလ(၃ဝ)ရက်တွင် ညွန့်ပေါင်းမဟာမိတ်များနှင့်တွေ့ဆုံမည်ဖြစ်ပြီး အောက် လွှတ်တော်ဥက္ကဋ္ဌနေရာကို သဘောတူသွားနိုင်မည်ဟု မျှော်လင့်မိကြောင်း ဖြူထိုင်းပါတီခေါင်းဆောင် Cholnan Srikaew ကပြောကြားခဲ့သည်။ Cholnan Srikaew က"ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာအရှိဆုံး အခြေအနေတွေကို ရှာဖွေရမှာပါ။ ဒီနေရာမှာ အပေးအယူရှိရပါမယ်။အောင်နိုင်သူနဲ့ ရှုံးနိမ့်သူဆိုတာ မရှိသင့်ပါဘူး။ ဒါမှ အားလုံးကပျော်ရွှင်ကြမှာပါ"ဟုပြောဆိုခဲ့သည်။
zawgyi verison
ျဖဴထိုင္းပါတီကို Move Forward ပါတီႏွင့္မပူးေပါင္းရန္ ျဖဴထိုင္းပါတီေထာက္ခံသူမ်ားေတာင္းဆို
Pika (NP News) - ေမ ၂၉
ျဖဴထိုင္းပါတီကို မေလးမစားေၾကာင္းျပသခဲ့သည့္ Move Forward ပါတီ၏ မထီမဲ့ျမင္ျပဳမႈမ်ားကို ျဖဴထိုင္းပါတီေထာက္ခံသူအုပ္စုက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး Move Forward ပါတီႏွင့္မပူးေပါင္းရန္ တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းသိရသည္။
ျဖဴထိုင္းပါတီ၏ ေခါင္းေဆာင္က ၎၏ေထာက္ခံသူအုပ္စုမ်ား၏သေဘာထားကို ထည့္သြင္းစဥ္းစားသြားမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။ ျဖဴထိုင္းပါတီ ေထာက္ခံသူအဖြဲ႕တစ္ဖြဲ႕သည္ ျဖဴထိုင္းပါတီဌာနခ်ဳပ္တြင္ ၎တို႔၏ အျမင္မ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္းသိရသည္။ Move Forward ပါတီသည္ ျဖဴထိုင္းပါတီကို ေလးစားျခင္းမရွိေသာေၾကာင့္ ၫြန႔္ေပါင္းအစိုးရဖြဲ႕မည့္ Move Forward ပါတီ၏ႀကိဳးပမ္းမႈမွ ႏႈတ္ ထြက္ေစလိုေၾကာင္း ျဖဴထိုင္းပါတီေထာက္ခံသူအဖြဲ႕ေခါင္းေဆာင္ Niyom Nopparat ကေျပာၾကားခဲ့သည္။
၎က "ျဖဴထိုင္းပါတီမပါဘဲ ၫြန႔္ေပါင္းအစိုးရဖြဲ႕ႏိုင္ရင္ အျခားပါတီေတြက ေသခ်ာျပန္စဥ္းစားဖို႔ တိုက္တြန္းခ်င္ပါတယ္"ဟုေျပာဆိုခဲ့သည္။ ျဖဴထိုင္းပါတီ ႏွင့္ Move Forward ပါတီတို႔သည္ ေအာက္ လႊတ္ေတာ္ဥကၠ႒ေနရာအတြက္ အျငင္းပြားမႈမ်ားရွိေနခ်ိန္တြင္ ျဖဴထိုင္းပါတီေထာက္ခံသူအဖြဲ႕က ယခု ကဲ့သို႔တိုက္တြန္းခဲ့ျခင္းျဖစ္သည္။ ျဖဴထိုင္းပါတီ ေခါင္းေဆာင္Cholnan Srikaew က ပါတီအေနျဖင့္ ေထာက္ခံသူအဖြဲ႕၏ အဆိုျပဳခ်က္ကို ေသခ်ာစဥ္းစားသြားမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။ Cholnan Srikaew က"ကြၽန္ေတာ္တို႔ပါတီက ေထာက္ခံသူေတြအားလုံးရဲ႕ သေဘာထားေတြကို နားေထာင္ပါတယ္။အထူးသျဖင့္ ျဖဴထိုင္းပါတီကို တန္ဖိုးထားတဲ့ ေထာက္ခံသူေတြအားလုံးရဲ႕ သေဘာထားေတြကိုနားေထာင္ ေနပါတယ္"ဟုေျပာဆိုခဲ့သည္။
Move Forward ပါတီသည္ ေမလ(၃ဝ)ရက္တြင္ ၫြန႔္ေပါင္းမဟာမိတ္မ်ားႏွင့္ေတြ႕ဆုံမည္ျဖစ္ၿပီး ေအာက္ လႊတ္ေတာ္ဥကၠ႒ေနရာကို သေဘာတူသြားႏိုင္မည္ဟု ေမွ်ာ္လင့္မိေၾကာင္း ျဖဴထိုင္းပါတီေခါင္းေဆာင္ Cholnan Srikaew ကေျပာၾကားခဲ့သည္။ Cholnan Srikaew က"ကြၽန္ေတာ္တို႔ရဲ႕ပူးေပါင္းေဆာင္႐ြက္မႈအတြက္ အလားအလာအရွိဆုံး အေျခအေနေတြကို ရွာေဖြရမွာပါ။ ဒီေနရာမွာ အေပးအယူရွိရပါမယ္။ေအာင္ႏိုင္သူနဲ႔ ရႈံးနိမ့္သူဆိုတာ မရွိသင့္ပါဘူး။ ဒါမွ အားလုံးကေပ်ာ္႐ႊင္ၾကမွာပါ"ဟုေျပာဆိုခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော တူရကီသမ္မတအာဒိုဂန်ကို ရုရှားသမ္မတပူတင်ချီးကျူးဂုဏ်ပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ