မြန်မာနိုင်ငံသား ကိုယ်ဝန်သည်အမျိုးသမီးကို အရေးပေါ်မီးဖွားနိုင်ရန်ကူညီပေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NP News) - မေ ၂၇
ထိုင်း ယာဉ်ထိန်းတပ်ဖွဲ့သည် မြန်မာနိုင်ငံသား ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကို ဟိုတယ်အတွင်း အရေးပေါ်မီးဖွားနိုင်ရန်အတွက် ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဖွားမှုသည် ထိုင်းရဲတပ်ဖွဲ့အကူအညီဖြင့် အောင်မြင်စွာ အရေးပေါ်မီးဖွားနိုင်သော (၂၅၇)ဦးမြောက်မီးဖွားနိုင်မှုဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ဖော်ပြချက်များအရသိရသည်။ ထိုင်းယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့မှူးရဲ ဒုတိယဗိုလ်ချုပ်ကြီး နီသီတွန် ချင်တာကာနွန်က ဘန်ကောက်မြို့ Ramkhamhaeng Soi 50 အရပ်ဒေသရှိ ဟိုတယ်တစ်ခုတွင် မေလ ၂၆ ရက်က ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကိုအောင်မြင်စွာမီးဖွားပေးနိုင်ခဲ့ကြောင်း ဆိုသည်။ ဟိုတယ်တွင်တည်းခိုနေသော မြန်မာအမျိုးသမီးတစ်ဦးသည် အရေးပေါ်မီးဖွားရန်လိုအပ်နေကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ရဲအရာရှိ Jakraphumi Samianchai ဆိုသူက သတင်း ပေးပို့ချက်များရှိခဲ့ကြောင်းသိရသည်။ ထို့နောက် Traffic Police Royal Initiative Project အစီအစဉ်ဖြင့် အရေးပေါ် မီးဖွားနိုင်ရန်ကူညီပေးရန် တောင်းဆိုခဲ့ကြောင်း ရဲ ဒုတိယဗိုလ်ချုပ်ကြီး နီသီတွန်ချင်တာကာ နွန်က ပြောသည်။
အဆိုပါသတင်းပေးပို့ချက်ကိုလက်ခံရရှိခဲ့ပြီးနောက် ထိုင်းရဲအရာရှိများသည် ဟိုတယ်ကိုသွားရောက်ခဲ့ပြီး ဟိုတယ်အခန်းထဲတွင် သမီးငယ်တစ်ဦးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့သော မြန်မာအမျိုးသမီးကိုတွေ့ရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် ဟိုတယ်တွင်မီးဖွားထားသော မြန်မာအမျိုးသမီး နှင့် မွေးကင်းစကလေးငယ်တို့ကို ဆေးဝါးကုသမှုများပြုလုပ်နိုင်ရန်ချက်ချင်း ကူညီပေးနိုင်ခဲ့ကြောင်း ရဲ ဒုတိယဗိုလ်ချုပ်ကြီး နီသီတွန် ချင်တာကာနွန်ကပြောသည်။
၎င်းက "ထိုင်းယာဉ်ထိန်းတပ်ဖွဲ့ဝင်များ နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ မွေးကင်းစ ကလေးငယ်ကို နှာစေးခြင်းကနေ ကာကွယ်ပေးနိုင်ဖို့ ပါးစပ်၊ နှာခေါင်းတို့ကနေ အရည်များကိုရာဘာ ပြွန်နဲ့ စုတ်ထုတ်ယူခဲ့တယ်။ ပြီးတော့ ကလေးငယ်ကို သန့်ရှင်းရေးလုပ်ခဲ့ပြီး နွေးနွေးထွေးထွေးရှိစေဖို့ စောင်အသစ်နဲ့ထုတ်ခဲ့တယ်။ မိခင်ဖြစ်သူကိုတော့ ကျန်းမာရေးကောင်းမွန်စေဖို့ နဲ့ ဘေးကင်းလုံခြုံမှုရှိအောင် ကူညီပေးနိုင်ခဲ့တယ်"ဟုပြောသည်။
ထို့ပြင် ထိုင်းယာဉ်ထိန်း ရဲတပ်ဖွဲ့များသည် မိခင်ဖြစ်သူ နှင့် ကလေးငယ်ကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန် Sirindhorn ဆေးရုံသို့တင်ပို့ခဲ့ကြောင်း သိရသည်။
zawgyi version
ျမန္မာႏိုင္ငံသား ကိုယ္ဝန္သည္အမ်ိဳးသမီးကို အေရးေပၚမီးဖြားႏိုင္ရန္ကူညီေပးခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၂၇
ထိုင္း ယာဥ္ထိန္းတပ္ဖြဲ႕သည္ ျမန္မာႏိုင္ငံသား ကိုယ္ဝန္သည္အမ်ိဳးသမီးတစ္ဦးကို ဟိုတယ္အတြင္း အေရးေပၚမီးဖြားႏိုင္ရန္အတြက္ ကူညီေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ မီးဖြားမႈသည္ ထိုင္းရဲတပ္ဖြဲ႕အကူအညီျဖင့္ ေအာင္ျမင္စြာ အေရးေပၚမီးဖြားႏိုင္ေသာ (၂၅၇)ဦးေျမာက္မီးဖြားႏိုင္မႈျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕၏ ေဖာ္ျပခ်က္မ်ားအရသိရသည္။ ထိုင္းယာဥ္ထိန္းတပ္ဖြဲ႕မွ တပ္ဖြဲ႕မႉးရဲ ဒုတိယဗိုလ္ခ်ဳပ္ႀကီး နီသီတြန္ ခ်င္တာကာႏြန္က ဘန္ေကာက္ၿမိဳ႕ Ramkhamhaeng Soi 50 အရပ္ေဒသရွိ ဟိုတယ္တစ္ခုတြင္ ေမလ ၂၆ ရက္က ကိုယ္ဝန္သည္အမ်ိဳးသမီးတစ္ဦးကိုေအာင္ျမင္စြာမီးဖြားေပးႏိုင္ခဲ့ေၾကာင္း ဆိုသည္။ ဟိုတယ္တြင္တည္းခိုေနေသာ ျမန္မာအမ်ိဳးသမီးတစ္ဦးသည္ အေရးေပၚမီးဖြားရန္လိုအပ္ေနေၾကာင္း ထိုင္းရဲတပ္ဖြဲ႕၏ ရဲအရာရွိ Jakraphumi Samianchai ဆိုသူက သတင္း ေပးပို႔ခ်က္မ်ားရွိခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ Traffic Police Royal Initiative Project အစီအစဥ္ျဖင့္ အေရးေပၚ မီးဖြားႏိုင္ရန္ကူညီေပးရန္ ေတာင္းဆိုခဲ့ေၾကာင္း ရဲ ဒုတိယဗိုလ္ခ်ဳပ္ႀကီး နီသီတြန္ခ်င္တာကာ ႏြန္က ေျပာသည္။
အဆိုပါသတင္းေပးပို႔ခ်က္ကိုလက္ခံရရွိခဲ့ၿပီးေနာက္ ထိုင္းရဲအရာရွိမ်ားသည္ ဟိုတယ္ကိုသြားေရာက္ခဲ့ၿပီး ဟိုတယ္အခန္းထဲတြင္ သမီးငယ္တစ္ဦးကိုေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ေသာ ျမန္မာအမ်ိဳးသမီးကိုေတြ႕ရွိခဲ့ေၾကာင္း၊ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ဟိုတယ္တြင္မီးဖြားထားေသာ ျမန္မာအမ်ိဳးသမီး ႏွင့္ ေမြးကင္းစကေလးငယ္တို႔ကို ေဆးဝါးကုသမႈမ်ားျပဳလုပ္ႏိုင္ရန္ခ်က္ခ်င္း ကူညီေပးႏိုင္ခဲ့ေၾကာင္း ရဲ ဒုတိယဗိုလ္ခ်ဳပ္ႀကီး နီသီတြန္ ခ်င္တာကာႏြန္ကေျပာသည္။
၎က "ထိုင္းယာဥ္ထိန္းတပ္ဖြဲ႕ဝင္မ်ား နဲ႔ ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြဟာ ေမြးကင္းစ ကေလးငယ္ကို ႏွာေစးျခင္းကေန ကာကြယ္ေပးႏိုင္ဖို႔ ပါးစပ္၊ ႏွာေခါင္းတို႔ကေန အရည္မ်ားကိုရာဘာ ႁပြန္နဲ႔ စုတ္ထုတ္ယူခဲ့တယ္။ ၿပီးေတာ့ ကေလးငယ္ကို သန႔္ရွင္းေရးလုပ္ခဲ့ၿပီး ေႏြးေႏြးေထြးေထြးရွိေစဖို႔ ေစာင္အသစ္နဲ႔ထုတ္ခဲ့တယ္။ မိခင္ျဖစ္သူကိုေတာ့ က်န္းမာေရးေကာင္းမြန္ေစဖို႔ နဲ႔ ေဘးကင္းလုံၿခဳံမႈရွိေအာင္ ကူညီေပးႏိုင္ခဲ့တယ္"ဟုေျပာသည္။
ထို႔ျပင္ ထိုင္းယာဥ္ထိန္း ရဲတပ္ဖြဲ႕မ်ားသည္ မိခင္ျဖစ္သူ ႏွင့္ ကေလးငယ္ကို က်န္းမာေရးေစာင့္ေရွာက္ေပးႏိုင္ရန္ Sirindhorn ေဆး႐ုံသို႔တင္ပို႔ခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗန်းမော်ဆရာတော် ပျံလွန်တော်မူခြင်းသည် သာသနာနှင့်နိုင်ငံအတွက် ကြီးမားသောဆုံးရှုံးမှုဟု တပ်ချုပ်ဆို၊ ဈာပနအခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပမည်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း