လာမည့်လတွင် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲ ကျင်းပမည်
ယွန်း (NP News) - မေ ၂၅
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကို လာမည့်ဇွန်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ မေလ(၂၄)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ် သည်။
အဆိုပါ ရန်ပုံငွေပဒေသာဖျော်ဖြေပွဲကို ရုပ်ရှင်၊ ဂီတနှင့် သဘင်အနုပညာရှင်များက ဇွန်လ(၂)ရက်၊ (၃)ရက်နှင့် (၄)ရက်တို့တွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“မုန်တိုင်းသင့်ပြည်သူတွေကို အနုပညာရှင်တွေ တစ်ခေါက်သွားတွေ့သေးတယ်လေ။ အခက်အခဲတွေကို သူတို့တွေ့လာတော့ ဒီထက်မက ပိုပြီးလှူနိုင်အောင်ဆိုပြီးတော့ စီစဥ်ဖြစ်တာပါ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက NP News ကိုပြောသည်။
၎င်းဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရုပ်ရှင်အနုပညာရှင်များ အပါအဝင် အတတ်ပညာရှင်များနှင့် ထုတ်လုပ်သူများအနေဖြင့် ဇွန်လ(၂)ရက်မှ (၄)ရက်အတွင်း ရိုက်ကူးရေးလုပ်ငန်းများကို ခေတ္တရပ်နားထားရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ထားသည်။
zawgyi version
ေရွ႕လ၌ မိုခါမုန္တိုင္းဒဏ္သင့္ျပည္သူမ်ားအတြက္ ရန္ပုံေငြပေဒသာ ေဖ်ာ္ေျဖပြဲ က်င္းပမည္
ယြန္း (NP News) - ေမ ၂၅
မိုခါမုန္တိုင္းဒဏ္သင့္ျပည္သူမ်ားအတြက္ ရန္ပုံေငြပေဒသာ ေဖ်ာ္ေျဖပြဲကို လာမည့္ဇြန္လအတြင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ေမလ(၂၄)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္ သည္။
အဆိုပါ ရန္ပုံေငြပေဒသာေဖ်ာ္ေျဖပြဲကို ႐ုပ္ရွင္၊ ဂီတႏွင့္ သဘင္အႏုပညာရွင္မ်ားက ဇြန္လ(၂)ရက္၊ (၃)ရက္ႏွင့္ (၄)ရက္တို႔တြင္ ေဖ်ာ္ေျဖသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
“မုန္တိုင္းသင့္ျပည္သူေတြကို အႏုပညာရွင္ေတြ တစ္ေခါက္သြားေတြ႕ေသးတယ္ေလ။ အခက္အခဲေတြကို သူတို႔ေတြ႕လာေတာ့ ဒီထက္မက ပိုၿပီးလႉႏိုင္ေအာင္ဆိုၿပီးေတာ့ စီစဥ္ျဖစ္တာပါ” ဟု ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၏ ဒုဥကၠ႒ ဦးေအးၾကဴေလးက NP News ကိုေျပာသည္။
၎ေဖ်ာ္ေျဖပြဲကို ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕နယ္၊ ၿမိဳ႕မေက်ာင္းလမ္းရွိ အမ်ိဳးသားဇာတ္႐ုံတြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ႐ုပ္ရွင္အႏုပညာရွင္မ်ား အပါအဝင္ အတတ္ပညာရွင္မ်ားႏွင့္ ထုတ္လုပ္သူမ်ားအေနျဖင့္ ဇြန္လ(၂)ရက္မွ (၄)ရက္အတြင္း ႐ိုက္ကူးေရးလုပ္ငန္းမ်ားကို ေခတၱရပ္နားထားရန္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြစ်ကြီးနား၌ ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ