မြစ်ကြီးနား၌ ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး
NP News - မေ ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ စီတာပူရပ်ကွက်(၆)တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။
အဆိုပါအမျိုးသားသည် ယနေ့ (မေလ ၂၅ ရက်)၊ မွန်းလွဲ(၁၂)ခွဲအချိန်တွင် စီတာပူရပ်ကွက်(၆)၊ (S) ကွေ့အနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး(မြစ်ကြီးနား)အဖွဲ့ထံမှ သိရသည်။
“ဘာကြောင့် သေနတ်နဲ့ ပစ်ခံရလဲတော့ မသိဘူး။ ပတ်ဝန်းကျင်ကပြောတာတော့ လူနှစ်ဦးစီးလာတဲ့ ဆိုင်ကယ်က သေနတ်နဲ့ပစ်ပြီးထွက်ပြေးသွားတာလို့ ပြောတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး(မြစ်ကြီးနား)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အဆိုပါအမျိုးသားတွင် နားရွက်၌ ကျည်ဖောက်ဒဏ်ရာရရှိကာ အခင်း ဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
သေဆုံးသူသည် အသက်(၂၅)နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး လတ်တလော၌ စီတာပူရပ်ကွက်၌ နေထိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်း၏ရုပ်အလောင်းအား မြစ်ကြီးနားဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
zawgyi version
ျမစ္ႀကီးနား၌ ဆိုင္ကယ္စီးလာသည့္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံး
NP News - ေမ ၂၅
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား၊ စီတာပူရပ္ကြက္(၆)တြင္ ဆိုင္ကယ္စီးလာသည့္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံးသြားေၾကာင္း သတင္းရရွိသည္။
အဆိုပါအမ်ိဳးသားသည္ ယေန႔ (ေမလ ၂၅ ရက္)၊ မြန္းလြဲ(၁၂)ခြဲအခ်ိန္တြင္ စီတာပူရပ္ကြက္(၆)၊ (S) ေကြ႕အနီးတြင္ ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရး(ျမစ္ႀကီးနား)အဖြဲ႕ထံမွ သိရသည္။
“ဘာေၾကာင့္ ေသနတ္နဲ႔ ပစ္ခံရလဲေတာ့ မသိဘူး။ ပတ္ဝန္းက်င္ကေျပာတာေတာ့ လူႏွစ္ဦးစီးလာတဲ့ ဆိုင္ကယ္က ေသနတ္နဲ႔ပစ္ၿပီးထြက္ေျပးသြားတာလို႔ ေျပာတယ္” ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရး(ျမစ္ႀကီးနား)အဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ အဆိုပါအမ်ိဳးသားတြင္ နား႐ြက္၌ က်ည္ေဖာက္ဒဏ္ရာရရွိကာ အခင္း ျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။
ေသဆုံးသူသည္ အသက္(၂၅)ႏွစ္ဝန္းက်င္အ႐ြယ္ျဖစ္ၿပီး လတ္တေလာ၌ စီတာပူရပ္ကြက္၌ ေနထိုင္ေနသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။ ၎၏႐ုပ္အေလာင္းအား ျမစ္ႀကီးနားေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း(၉ဝဝ)နီးပါးရှိခဲ့ပြီး အမှုပေါင်း (၆ဝဝ)ကျော် သည် သက်ငယ်မုဒိမ်းမှုများဖြစ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း