မန္တလေးတိုင်းရှိ ပုဂ္ဂလိကဆေးရုံ (၃)ရုံအား လုပ်ငန်းလိုင်စင် ပိတ်သိမ်း
ရဲပြည့် (NP News) - မေ ၁၈
မန္တလေးတိုင်းဒေသကြီးရှိ ပုဂ္ဂလိကဆေးရုံ (၃)ရုံအား လုပ်ငန်းလိုင်စင်ပိတ်သိမ်းလိုက်ကြောင်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ အမိန့်ထုတ်ပြန်ချက်အား ၂ဝ၂၃ ခုနှစ် မေလ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း လည်းဖြစ်သည်။
လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံရသည့် ဆေးရုံများအနေဖြင့် မြို့တော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ နှင့် နန်းတော်ဆေးရုံတို့ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆေးရုံလိုင်စင်ပိတ်သိမ်းရခြင်းသည် ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)ပါ လိုင်စင် စည်းကမ်းများအား လိုက်နာရန်ပျက်ကွက်ခြင်းကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် နစကမှ မန္တလေးတိုင်းရှိ ပုဂ္ဂလိကဆေးရုံ (၅)ရုံကို ယာယီပိတ်သိမ်းခဲ့ဖူးပြီး အဆိုပါ ဆေးရုံများတွင် မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ အပြင် ထက်နေလင်းဆေးရုံ နှင့် စိန်ပန်းဆေးရုံတို့ပါဝင်ခဲ့သည်။
အဆိုပါ ပုဂ္ဂလိကဆေးရုံများသည် PDF အဖွဲ့ဝင်များအား ဆေးကုသပေးခြင်း၊ CDM လုပ်ထားသည့် ဆရာဝန်များအား ဆေးကုသခွင့်ပေးခြင်းတို့ကြောင့် ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
အဆိုပါဆေးရုံ(၃)ရုံအား ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ ပုဂ္ဂလိကဆေးရုံလုပ်ငန်းလိုင်စင်ကို စတင်ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
zawgyi version
မႏၲေလးတိုင္းရွိ ပုဂၢလိကေဆး႐ုံ (၃)႐ုံအား လုပ္ငန္းလိုင္စင္ ပိတ္သိမ္း
ရဲျပည့္ (NP News) - ေမ ၁၈
မႏၲေလးတိုင္းေဒသႀကီးရွိ ပုဂၢလိကေဆး႐ုံ (၃)႐ုံအား လုပ္ငန္းလိုင္စင္ပိတ္သိမ္းလိုက္ေၾကာင္း ပုဂၢလိကက်န္းမာေရးလုပ္ငန္းဆိုင္ရာဗဟိုအဖြဲ႕က ထုတ္ျပန္ထားသည္။
အဆိုပါ အမိန႔္ထုတ္ျပန္ခ်က္အား ၂ဝ၂၃ ခုႏွစ္ ေမလ ၁၅ ရက္ ရက္စြဲျဖင့္ ထုတ္ျပန္ထားျခင္း လည္းျဖစ္သည္။
လုပ္ငန္းလိုင္စင္ ပိတ္သိမ္းခံရသည့္ ေဆး႐ုံမ်ားအေနျဖင့္ ၿမိဳ႕ေတာ္ေဆး႐ုံ၊ ကံ့ေကာ္ေဆး႐ုံ ႏွင့္ နန္းေတာ္ေဆး႐ုံတို႔ျဖစ္ေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ေဆး႐ုံလိုင္စင္ပိတ္သိမ္းရျခင္းသည္ ပုဂၢလိက က်န္းမာေရးဆိုင္ရာ ဥပေဒပုဒ္မ ၁၉(က)ပါ လိုင္စင္ စည္းကမ္းမ်ားအား လိုက္နာရန္ပ်က္ကြက္ျခင္းေၾကာင့္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလ ၂၈ ရက္တြင္ နစကမွ မႏၲေလးတိုင္းရွိ ပုဂၢလိကေဆး႐ုံ (၅)႐ုံကို ယာယီပိတ္သိမ္းခဲ့ဖူးၿပီး အဆိုပါ ေဆး႐ုံမ်ားတြင္ ၿမိဳ႕ေတာ္ေဆး႐ုံ၊ နန္းေတာ္ေဆး႐ုံ၊ ကံ့ေကာ္ေဆး႐ုံ အျပင္ ထက္ေနလင္းေဆး႐ုံ ႏွင့္ စိန္ပန္းေဆး႐ုံတို႔ပါဝင္ခဲ့သည္။
အဆိုပါ ပုဂၢလိကေဆး႐ုံမ်ားသည္ PDF အဖြဲ႕ဝင္မ်ားအား ေဆးကုသေပးျခင္း၊ CDM လုပ္ထားသည့္ ဆရာဝန္မ်ားအား ေဆးကုသခြင့္ေပးျခင္းတို႔ေၾကာင့္ ယာယီပိတ္သိမ္းလိုက္ျခင္းျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့သည္။
လက္ရွိတြင္ ၿမိဳ႕ေတာ္ေဆး႐ုံ၊ နန္းေတာ္ေဆး႐ုံ၊ ကံ့ေကာ္ေဆး႐ုံ (၃)႐ုံတို႔အား ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၃ ရက္က က်င္းပျပဳလုပ္ခဲ့သည့္ ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာ ဗဟိုအဖြဲ႕ အစည္းအေဝးဆုံးျဖတ္ ခ်က္အရ အဆိုပါေဆး႐ုံအတြက္ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္မွ ပုဂၢလိကေဆး႐ုံလုပ္ငန္းလိုင္စင္ကို စတင္ပယ္ ဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
EAO (၇)ဖွဲ့မှ ရခိုင်ပြည်နယ်အပါအဝင် အခြားသော မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ