ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အတွက် အမေရိကန်နိုင်ငံမှ ဒေါ်လာ(၂)သိန်းကို ကနဦးအနေဖြင့် ကူညီထောက်ပံ့မည်
ယွန်း (NP News) - မေ ၁၈
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အတွက် အမေရိကန်နိုင်ငံမှ ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ(၂) သိန်း ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးမှ မေလ(၁၇)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးများကို ပံ့ပိုးကူညီနိုင်ရန် အလျင်အမြန်ဆောင်ရွက်လျက်ရှိကြောင်း သံရုံးမှ ဆိုသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးရန်အတွက် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ(၂ဝဝဝဝဝ)ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)မှတဆင့် အမေရိကန်ပြည်ထောင်စုက ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထောက်ပံ့မှုများသည် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် အရေးတကြီးလိုအပ်နေသည့် နေထိုင်ရေး၊ ရေရရှိရေး၊ ပတ်ဝန်းကျင် နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူများအတွက် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် အမေရိကန်အစိုးရ၏ မိတ်ဖက်များသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ကုန်တွင်းပိုင်းသို့ မဝင်ရောက်မီ ရက်ပိုင်းအတွင်းကပင် အရေးပေါ် စားနပ်ရိက္ခာများ၊ အမိုးအကာပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများကို ကြိုတင်ရွှေ့ပြောင်းထားပြီး လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းစဥ်များကိုလည်း အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
zawgyi version
ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔အတြက္ အေမရိကန္ႏိုင္ငံမွ ေဒၚလာ(၂)သိန္းကို ကနဦးအေနျဖင့္ ကူညီေထာက္ပံ့မည္
ယြန္း (NP News) - ေမ ၁၈
ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔အတြက္ အေမရိကန္ႏိုင္ငံမွ ကနဦးအေနျဖင့္ အေမရိကန္ေဒၚလာ(၂) သိန္း ကူညီပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္အေျခစိုက္ အေမရိကန္သံ႐ုံးမွ ေမလ(၁၇)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)ေၾကာင့္ ျမန္မာႏိုင္ငံတြင္ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ၿပီး လူသားခ်င္းစာနာမႈဆိုင္ရာ တုံ႔ျပန္ေဆာင္႐ြက္ေရးမ်ားကို ပံ့ပိုးကူညီႏိုင္ရန္ အလ်င္အျမန္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သံ႐ုံးမွ ဆိုသည္။
ထိုသို႔ ေဆာင္႐ြက္ရာတြင္ ကယ္ဆယ္ေရးလႈပ္ရွားမႈမ်ားကို ကူညီပံ့ပိုးေပးရန္အတြက္ ကနဦးအေနျဖင့္ အေမရိကန္ေဒၚလာ(၂ဝဝဝဝဝ)ကို အေမရိကန္ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးေအဂ်င္စီ(USAID)မွတဆင့္ အေမရိကန္ျပည္ေထာင္စုက ေပးအပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါေထာက္ပံ့မႈမ်ားသည္ ရခိုင္ျပည္နယ္ ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ အေရးတႀကီးလိုအပ္ေနသည့္ ေနထိုင္ေရး၊ ေရရရွိေရး၊ ပတ္ဝန္းက်င္ ႏွင့္ တစ္ကိုယ္ရည္သန႔္ရွင္းေရးအေထာက္အကူမ်ားအတြက္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
ထို႔ျပင္ အေမရိကန္အစိုးရ၏ မိတ္ဖက္မ်ားသည္ ဆိုင္ကလုန္းမုန္တိုင္းမိုခါ ကုန္တြင္းပိုင္းသို႔ မဝင္ေရာက္မီ ရက္ပိုင္းအတြင္းကပင္ အေရးေပၚ စားနပ္ရိကၡာမ်ား၊ အမိုးအကာပစၥည္းမ်ား၊ ကယ္ဆယ္ေရးပစၥည္းမ်ားႏွင့္ ေဆးဝါးမ်ားကို ႀကိဳတင္ေ႐ႊ႕ေျပာင္းထားၿပီး လူသားခ်င္းစာနာမႈဆိုင္ရာ လုပ္ငန္းစဥ္မ်ားကိုလည္း အသင့္ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် ကူညီပံ့ပိုးရန် အသင့်ရှိဟုဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း