ရခိုင်ပြည်နယ်အား ယခုလကုန်၌ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိအောင် ဆောင်ရွက်သွားမည်
ယွန်း (NP News) - မေ ၁၈
မေလကုန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးအား လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က စစ်တွေမြို့ရှိ ၂၃ဝ ကေဗွီ အမ်း- မြောက်ဦး- ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်း၏ တာဝါတိုင်များ ပျက်စီးမှုကို မေလ(၁၇)ရက်တွင် သွားရောက် ကြည့်ရှုစဥ်အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ(၁၄)ရက်တွင် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ တစ်ခုလုံးကို လျှပ်စစ်ဓာတ်အား ပို့လွှတ်နေသော အဆိုပါ ၂၃ဝ ကေဗွီ အမ်း- မြောက်ဦး- ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်း၏ တာဝါတိုင်(၁၂)တိုင် ပျက်စီးခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ကျွမ်းကျင် ဝန်ထမ်းအင်အား(၄၂ဝ)သည် စစ်တွေဒေသ၊ မြောက်ဦးဒေသ၊ ပုဏ္ဏားကျွန်းဒေသများ၌ ဓာတ်အားပို့လွှတ်နေသည့် မဟာဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ရှမ်းပြည်(တောင်ပိုင်း)၊ ရှမ်းပြည်(မြောက်ပိုင်း)၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့မှ စုဖွဲ့ထားသော ကျွမ်းကျင်ဝန်ထမ်း (၆ဝဝ) ဖြင့် စစ်တွေမြို့အတွင်း ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောက်ရွက်ပေးနေကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။
သို့ဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးကို ယခုမေလအကုန်တွင် လျှပ် စစ်ဓာတ်အား ပြန်လည်ရရှိအောင် စီမံဆောင်ရွက်နေကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
ထို့ပြင် ပြင်ဆင်ရေးလုပ်ငန်းများအတွက် လိုအပ်သော ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးဆက်စပ်ပစ္စည်းများဖြစ်သည့် တန်ချိန်(၆၉)တန်ရှိ တာဝါသံပေါင်များ၊ ကွန်ကရစ်တာဝါတိုင် (၃၅ဝဝ)နှင့် အိမ်မိုးသွပ်ချပ်(၁၅ဝဝ)၊ မီးစက်များ၊ စက်သုံးဆီများကို တပ်မတော်ရေယာဥ်ဖြင့် ပို့ဆောင်လျက်ရှိကြောင်း သိရသည်။
အလားတူ မင်းပြားဒေသရှိ ကွန်ကရစ်တိုင်(၂ဝဝဝ)ကို စစ်တွေဒေသသို့ မော်တော်ယာဥ်ဖြင့်လည်း ကောင်း၊ အခြားဆက်စပ်အသုံးပြုရန် လိုအပ်သည့် ထရန်စဖော်မာများ၊ ကြိုးများ၊ ကြွေသီးများနှင့် လိုင်းဆွဲသားရာတွင်သုံးသည့် ယန္တရားများကို မော်တော်ယာဥ်(၁၂)စီးဖြင့် ပို့ဆောင်လျက်ရှိကြောင်း ပြည် ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုထားသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ လျှပ်စစ်မီးမရရှိခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် အခက်အခဲများဖြစ်ပေါ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
zawgyi version
ရခိုင္ျပည္နယ္အား ယခုလကုန္၌ လွ်ပ္စစ္ဓာတ္အားျပန္လည္ရရွိေအာင္ ေဆာင္႐ြက္သြားမည္
ယြန္း (NP News) - ေမ ၁၈
ေမလကုန္တြင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသတစ္ခုလုံးအား လွ်ပ္စစ္ဓာတ္အား ျပန္လည္ရရွိေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းဟန္က စစ္ေတြၿမိဳ႕ရွိ ၂၃ဝ ေကဗြီ အမ္း- ေျမာက္ဦး- ပုဏၰားကြၽန္း မဟာဓာတ္အားလိုင္း၏ တာဝါတိုင္မ်ား ပ်က္စီးမႈကို ေမလ(၁၇)ရက္တြင္ သြားေရာက္ ၾကည့္ရႈစဥ္အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ေမလ(၁၄)ရက္တြင္ တိုက္ခတ္ခဲ့ေသာ မိုခါမုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသ တစ္ခုလုံးကို လွ်ပ္စစ္ဓာတ္အား ပို႔လႊတ္ေနေသာ အဆိုပါ ၂၃ဝ ေကဗြီ အမ္း- ေျမာက္ဦး- ပုဏၰားကြၽန္း မဟာဓာတ္အားလိုင္း၏ တာဝါတိုင္(၁၂)တိုင္ ပ်က္စီးခဲ့ရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပင္ဆင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ေရးအတြက္ လွ်ပ္စစ္ဓာတ္အားပို႔လႊတ္ေရးႏွင့္ ကြပ္ကဲေရးဦးစီးဌာနမွ ကြၽမ္းက်င္ ဝန္ထမ္းအင္အား(၄၂ဝ)သည္ စစ္ေတြေဒသ၊ ေျမာက္ဦးေဒသ၊ ပုဏၰားကြၽန္းေဒသမ်ား၌ ဓာတ္အားပို႔လႊတ္ေနသည့္ မဟာဓာတ္အားလိုင္းမ်ား ျပန္လည္တည္ေဆာက္ေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထို႔ျပင္ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရးလုပ္ငန္းအေနျဖင့္ ရွမ္းျပည္(ေတာင္ပိုင္း)၊ ရွမ္းျပည္(ေျမာက္ပိုင္း)၊ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး၊ မေကြးႏွင့္ ဧရာဝတီတိုင္းတို႔မွ စုဖြဲ႕ထားေသာ ကြၽမ္းက်င္ဝန္ထမ္း (၆ဝဝ) ျဖင့္ စစ္ေတြၿမိဳ႕အတြင္း ျပန္လည္တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို ေဆာက္႐ြက္ေပးေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။
သို႔ျဖစ္၍ ဝန္ႀကီးဌာနအေနျဖင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသတစ္ခုလုံးကို ယခုေမလအကုန္တြင္ လွ်ပ္ စစ္ဓာတ္အား ျပန္လည္ရရွိေအာင္ စီမံေဆာင္႐ြက္ေနေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
ထို႔ျပင္ ျပင္ဆင္ေရးလုပ္ငန္းမ်ားအတြက္ လိုအပ္ေသာ ထရန္စေဖာ္မာမ်ား၊ ဓာတ္အားခြဲ႐ုံသုံးဆက္စပ္ပစၥည္းမ်ားျဖစ္သည့္ တန္ခ်ိန္(၆၉)တန္ရွိ တာဝါသံေပါင္မ်ား၊ ကြန္ကရစ္တာဝါတိုင္ (၃၅ဝဝ)ႏွင့္ အိမ္မိုးသြပ္ခ်ပ္(၁၅ဝဝ)၊ မီးစက္မ်ား၊ စက္သုံးဆီမ်ားကို တပ္မေတာ္ေရယာဥ္ျဖင့္ ပို႔ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ မင္းျပားေဒသရွိ ကြန္ကရစ္တိုင္(၂ဝဝဝ)ကို စစ္ေတြေဒသသို႔ ေမာ္ေတာ္ယာဥ္ျဖင့္လည္း ေကာင္း၊ အျခားဆက္စပ္အသုံးျပဳရန္ လိုအပ္သည့္ ထရန္စေဖာ္မာမ်ား၊ ႀကိဳးမ်ား၊ ေႂကြသီးမ်ားႏွင့္ လိုင္းဆြဲသားရာတြင္သုံးသည့္ ယႏၲရားမ်ားကို ေမာ္ေတာ္ယာဥ္(၁၂)စီးျဖင့္ ပို႔ေဆာင္လ်က္ရွိေၾကာင္း ျပည္ ေထာင္စုဝန္ႀကီးမွ အသိေပးေျပာဆိုထားသည္။
မိုခါမုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္အတြင္း ထိခိုက္ပ်က္စီးမႈအမ်ားဆုံးျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္အထိ လွ်ပ္စစ္မီးမရရွိျခင္းေၾကာင့္ ေဒသခံျပည္သူမ်ားအေနျဖင့္ အခက္အခဲမ်ားျဖစ္ေပၚေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်ရန် လစ်လပ်နေသော ဒုဦးစီးမှူးရာထူးနေရာ(၃ဝ)အတွက် လျှောက်လွှာများခေါ်ယူ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း