Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစိုးရဖွဲ့စည်းနိုင်ဖို့ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရတဲ့ Move Forward ပါတီဦးဆောင်ပြီး အတိုက်ခံပါတီများ တံခါးပိတ်တွေ့ဆုံဆွေးနွေး

ဂျန်ဇက် (NP News) - မေ ၁၈

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့တဲ့ Move Forward ပါတီခေါင်းဆောင်ရဲ့ဝန်ကြီးချုပ်ဖြစ်လာဖို့ ကြိုးပမ်းမှုတွေကိုရပ်တန့်သွားမှာဖြစ်ကြောင်း စစ်တပ်ရွေးချယ်ခန့်အပ်ထားတဲ့ အထက်လွှတ်တော်ကိုယ်စားလှယ်များက သတိပေးပြောဆိုမှုတွေရှိလာခဲ့ပြီးနောက် Move Forward ပါတီ ဦးဆောင်ပြီး ထိုင်းအတိုက်ခံပါတီအုပ်စုတွေဟာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ဖို့ မေလ ၁၇ ရက်မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

MFP ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုအမ်ရတ်ဆိုသူဟာ ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်မှာအခြားနိုင်ငံရေးပါတီ (၅)ခုက ကိုယ်စားလှယ်တွေ၊ ခေါင်းဆောင်တွေ နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ အသက် ၄၂ နှစ်အရွယ်ရှိ ပီတာဟာ ရွေးကောက်ပွဲမှာ မဲဒုတိယအများဆုံးရရှိခဲ့တဲ့ ဖြူထိုင်းပါတီအပြင် အခြားပါတီငယ် လေးခုနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးပမ်းနေပါတယ်။ MFP ဟာဖြူထိုင်းပါတီအပါဝင် အခြားပါတီငါးခုနဲ့ မဟာမိတ်ဖွဲ့စည်းမယ်ဆိုရင် အောက်လွှတ်တော်ရှိ ကိုယ်စားလှယ် (၅ဝဝ) ဦးထဲမှာ ကိုယ်စားလှယ် (၃ဝဝ)ကျော် ရဖွယ်ရှိနေပါတယ်။

ဒါပေမယ့် အထက်လွှတ်တော်မှာ စစ်တပ်ရွေးချယ်ခန့်ထားတဲ့ ကိုယ်စားလှယ်ပေါင်း ၂၅ဝ ဦးရှိနေပြီး လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲ ၃၇၆ မဲရရှိမှသာ MFP ပါတီဟာ ဝန်ကြီးချုပ် ခန့်အပ်ကာ အစိုးရဖွဲ့စည်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အထက်လွှတ်တော်ကိုယ်စားလှယ်များက စည်းမျဉ်းခံဘုရင်စနစ်နဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြောင်းလဲဖို့ကြိုးပမ်းမှုတွေကိုလက်ခံမှာမဟုတ်တဲ့အတွက် MFP ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုအမ်ရတ်ကို ဝန်ကြီးချုပ်ဖြစ်လာစေဖို့ ထောက်ခံပေးမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Jadet Inswang (ဂျာဒက်အင်ဆွမ်)က "စည်းမျဉ်းခံဘုရင်စနစ် ပြောင်းလဲမှာကို စိုးရိမ်မိတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပီတာကို ဝန်ကြီးချုပ်ဖြစ်လာစေဖို့ထောက်ခံမှာမဟုတ်ဘူး။ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမယ့်သူဟာ နိုင်ငံ နဲ့ တော်ဝင်ထီးနန်းကို ချစ်မြတ်နိုးဖို့ လိုအပ်တယ်" လို့ပြောပါတယ်။

ရွေးကောက်ပွဲမှာမဲတတိယအများဆုံးရထားတဲ့ Bhumjaithai ပါတီကလည်း" ကျွန်တော်တို့ပါတီဟာ ဘုရင်စနစ်ကို ကာကွယ်ရမှာဖြစ်သလို ပြည်သူတွေအကျိုးစီးပွားအတွက် အတိုက်ခံလုပ်စရာရှိတာတွေကို လုပ်သွားဖို့အဆင့်သင့်ရှိနေပါတယ်" လို့ပြောပါတယ်။

အဆိုပါ ပါတီဟာ အောက်လွှတ်တော်ရှိ ကိုယ်စားလှယ်ပေါင်း (၅ဝဝ)အနက် ကိုယ်စားလှယ်ပေါင်း(၇ဝ) ရရှိထားပြီး ဝန်ကြီးချုပ်ရာထူးက အနားယူတော့မယ့် ပရာယွတ်ချန်အိုချာ ပါတီနဲ့ မဟာမိတ်ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။

zawgyi version
ဂျန်ဇက် (NP News) - မေ ၁၈







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရခိုင်ပြည်နယ်အား ယခုလကုန်၌ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိအောင် ဆောင်ရွက်သွားမည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved