သွပ်အချပ်ရေ(၄ဝဝဝဝ)၊ ဆန်တန်ချိန် (၇ဝဝ)ကျော် နှင့် စားနပ်ရိက္ခာများ တင်ဆောင်ထားသည့် စစ်ရေယာဉ်(၂)စင်း ရခိုင်သို့ထွက်ခွာ
မျိုးကြီး (NP News) - မေ ၁၆
ရခိုင်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား ကူညီရန်အတွက် သွပ်အချပ်ရေ(၄ဝဝဝဝ)၊ ဆန်တန်ချိန် (၇ဝဝ)ကျော်နှင့် စားနပ်ရိက္ခာများ တင်ဆောင်ထားသည့် စစ်ရေယာဉ်(၂)စင်းသည် ရခိုင်သို့ ထွက်ခွာသွားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော် စစ်ရေယာဉ်များဖြစ်သည့် မုတ္တမ နှင့် မဟာဗန္ဓုလတို့သည် ယနေ့(မေလ ၁၆ ရက်)၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်း နှင့် အမှတ်(၄)ရေတပ်ဆိပ်ခံတံတား အသီးသီးတို့မှတစ်ဆင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း နစကမှ ထုတ်ပြန်ထားသည်။
စစ်ရေယာဉ်(မုတ္တမ)ပေါ်တွင် ရခိုင်မုန်တိုင်းဘေးသင့် ပြည်သူများအတွက် သက်ဆိုင်ရာဌာနများမှ လှူဒါန်းထားသည့် တန် (၇ဝဝ)ကျော်ရှိသည့် ဆန်အိတ်များ၊ အိမ်ရိုက်သံ(၃၅)တန်၊ သွပ်အချပ်ရေ (၄ဝဝဝဝ) နှင့် အခြားသော လူသုံးကုန်ပစ္စည်းများ ကို တင်ဆောင်ကာ စစ်တွေမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ရေယာဉ်(မဟာဗန္ဓုလ)သည် ရခိုင်ရှိ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် ဓာတ်ဆားထုတ်၊ ရေသန့်၊ ငါးပိ၊ ငါးခြောက်များအပါအဝင် အခြားသော စားသောက်ဖွယ်ရာများ တင်ဆောင်ကာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း နစကမှ ဆိုသည်။
ဆက်လက်ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း ရခိုင်ပြည်ရှိ မုန်တိုင်းဘေးသင့် ပြည်သူများအတွက် တပ်မ တော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွပ်ဘူးများအပါအဝင် ဆန်အိတ်အများအပြားကိုလည်း တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ကူညီပေးနေကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ဒေသခံများအနေဖြင့် သန့်ရှင်းသည့် သောက်သုံးရေများကို အဓိက လိုအပ်လျက်ရှိသည့်အပြင် အစားအသောက်၊ အမိုးအကာနှင့် ဆေးဝါးပစ္စည်းများ လိုအပ်လျက်ရှိကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။
zawgyi version
သြပ္အခ်ပ္ေရ(၄ဝဝဝဝ)၊ ဆန္တန္ခ်ိန္ (၇ဝဝ)ေက်ာ္ ႏွင့္ စားနပ္ရိကၡာမ်ား တင္ေဆာင္ထားသည့္ စစ္ေရ ယာဥ္(၂)စင္း ရခိုင္သို႔ထြက္ခြာ
မ်ိဳးႀကီး (NP News) - ေမ ၁၆
ရခိုင္ရွိ မုန္တိုင္းဒဏ္သင့္ ျပည္သူမ်ားအား ကူညီရန္အတြက္ သြပ္အခ်ပ္ေရ(၄ဝဝဝဝ)၊ ဆန္တန္ခ်ိန္ (၇ဝဝ)ေက်ာ္ႏွင့္ စားနပ္ရိကၡာမ်ား တင္ေဆာင္ထားသည့္ စစ္ေရယာဥ္(၂)စင္းသည္ ရခိုင္သို႔ ထြက္ခြာသြားၿပီးျဖစ္ေၾကာင္း သတင္းရရွိသည္။
တပ္မေတာ္ စစ္ေရယာဥ္မ်ားျဖစ္သည့္ မုတၱမ ႏွင့္ မဟာဗႏၶဳလတို႔သည္ ယေန႔(ေမလ ၁၆ ရက္)၊ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ဗိုလ္ေအာင္ေက်ာ္ဆိပ္ကမ္း ႏွင့္ အမွတ္(၄)ေရတပ္ဆိပ္ခံတံတား အသီးသီးတို႔မွတစ္ဆင့္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕သို႔ ထြက္ခြာသြားေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
စစ္ေရယာဥ္(မုတၱမ)ေပၚတြင္ ရခိုင္မုန္တိုင္းေဘးသင့္ ျပည္သူမ်ားအတြက္ သက္ဆိုင္ရာဌာနမ်ားမွ လႉဒါန္းထားသည့္ တန္ (၇ဝဝ)ေက်ာ္ရွိသည့္ ဆန္အိတ္မ်ား၊ အိမ္႐ိုက္သံ(၃၅)တန္၊ သြပ္အခ်ပ္ေရ (၄ဝဝဝဝ) ႏွင့္ အျခားေသာ လူသုံးကုန္ပစၥည္းမ်ား ကို တင္ေဆာင္ကာ စစ္ေတြၿမိဳ႕သို႔ ထြက္ခြာသြားၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ စစ္ေရယာဥ္(မဟာဗႏၶဳလ)သည္ ရခိုင္ရွိ မုန္တိုင္းဒဏ္ခံခဲ့ရသည့္ ျပည္သူမ်ားအတြက္ ဓာတ္ဆားထုတ္၊ ေရသန႔္၊ ငါးပိ၊ ငါးေျခာက္မ်ားအပါအဝင္ အျခားေသာ စားေသာက္ဖြယ္ရာမ်ား တင္ေဆာင္ကာ ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕မွ ထြက္ခြာသြားေၾကာင္း နစကမွ ဆိုသည္။
ဆက္လက္ၿပီး ယေန႔ နံနက္ပိုင္းတြင္လည္း ရခိုင္ျပည္ရွိ မုန္တိုင္းေဘးသင့္ ျပည္သူမ်ားအတြက္ တပ္မ ေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ စည္သြပ္ဘူးမ်ားအပါအဝင္ ဆန္အိတ္အမ်ားအျပားကိုလည္း တပ္မေတာ္ေလယာဥ္မ်ားျဖင့္ ပို႔ေဆာင္ကူညီေပးေနေၾကာင္း ထုတ္ျပန္ထားသည္။
လက္ရွိတြင္ မုန္တိုင္းဒဏ္ခံခဲ့ရသည့္ ရခိုင္ေဒသခံမ်ားအေနျဖင့္ သန႔္ရွင္းသည့္ ေသာက္သုံးေရမ်ားကို အဓိက လိုအပ္လ်က္ရွိသည့္အျပင္ အစားအေသာက္၊ အမိုးအကာႏွင့္ ေဆးဝါးပစၥည္းမ်ား လိုအပ္လ်က္ရွိေၾကာင္းလည္း ေဒသခံမ်ားက ေျပာဆိုေနၾကသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့မီးရထားဆေးရုံမှ တိုင်းဆရာဝန်ကြီးဖြစ်သူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း