ဆင်ဖြူကျွန်း၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်တစ်လုံးရေထဲမျောပါသွားခဲ့ရာ သားအမိ(၂)ဦး သစ်ပင်ပေါ်တွင် (၆)နာရီခန့်နေထိုင်ခဲ့ရ
NP News - မေ ၁၅
မကွေးတိုင်း၊ ဆင်ဖြူကျွန်း၊ ရမ်းဘိုကုန်းကျေးရွာတွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်တစ်လုံးရေထဲမျောပါသွားခဲ့ရာ သားအမိ(၂)ဦးမှာ သရက်ပင်ပေါ်တွင် (၆)နာရီခန့် နေထိုင်ခဲ့ရကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့တွင် ယမန်နေ့(မေလ ၁၄ ရက်)၌ လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များကြောင့် စလင်းချောင်း၌ ရေမြင့်တက်လာမှုများဖြစ်ပေါ်ခဲ့ပြီး ဆင်ဖြူကျွန်းမြို့ပေါ်၌ပါ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့သို့ရေကြီးရေလျှံမှုကြောင့် ဆင်ဖြူကျွန်းမြို့၊ ရမ်းဘိုကုန်းကျေးရွာ၌ သားအမိ(၂)ဦး နေထိုင်သော နေအိမ်တစ်လုံးမှာ ရေထဲမျောပါသွားခဲ့ကြောင်း ဆင်ဖြူကျွန်းမြို့နယ်ကြက်ခြေနီအသင်းထံမှ သိရသည်။
“အဲဒီသားအမိနှစ်ဦးက စလင်းချောင်းဘေးအနီးမှာနေတာ။ ချောင်းရေတက်လာတော့ ရေတွေက အိမ်ထဲထိပါရောက်လာတယ်။ ရေစတက်တာတော့ နေလည် (၂)နာရီလောက်စတက်တယ်လို့ ခန့်မှန်းရတယ်။ ရေတက်လာတာပိုဆိုးလာတော့ ခြံဝင်းထဲမှာရှိတဲ့ သရက်ပင်ပေါ်ကို တက်ရောက်နေထိုင်ပုံရတယ်။ ပြီးတော့ သူတို့အိမ်လည်းရေထဲမျောပါသွားတယ်လို့သိရတယ်”ဟု ဆင်ဖြူကျွန်းမြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ သားအမိ(၂)ဦးသည် သရက်ပင်ပေါ်၌ (၆)နာရီထက်မနည်း နေထိုင်ခဲ့ရပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီကိုရရှိသွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သွားရောက်ကယ်ဆယ်တဲ့ အချိန်က ည(၉)နာရီလောက်ရှိပြီ။ သူတို့သစ်ပင်ပေါ်မှာတော်တော်ကြာကြာနေလိုက်ရပုံရှိတယ်”ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
လက်ရှိတွင် ဆင်ဖြူကျွန်းမြို့၊ ရမ်ဘိုကုန်းကျေးရွာ၌ ရေကြီးရေလျှံမှုများ မရှိတော့ဘဲ အဆိုပါ သားအမိ (၂)ဦးသည်လည်း ၎င်းကျေးရွာအတွင်းရှိ ဆွေမျိုးများထံတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
zawgyi version
ဆင္ျဖဴကြၽန္း၌ ေရႀကီးေရလွ်ံမႈေၾကာင့္ ေနအိမ္တစ္လုံးေရထဲေမ်ာပါသြားခဲ့ရာ သားအမိ(၂)ဦး သစ္ပင္ေပၚတြင္ (၆)နာရီခန႔္ေနထိုင္ခဲ့ရ
NP News - ေမ ၁၅
မေကြးတိုင္း၊ ဆင္ျဖဴကြၽန္း၊ ရမ္းဘိုကုန္းေက်း႐ြာတြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ေနအိမ္တစ္လုံးေရထဲေမ်ာပါသြားခဲ့ရာ သားအမိ(၂)ဦးမွာ သရက္ပင္ေပၚတြင္ (၆)နာရီခန႔္ ေနထိုင္ခဲ့ရေၾကာင္း သိရသည္။
ဆိုင္ကလုန္းမုန္တိုင္း မိုခါေၾကာင့္ မေကြးတိုင္း၊ ဆင္ျဖဴကြၽန္းၿမိဳ႕တြင္ ယမန္ေန႔(ေမလ ၁၄ ရက္)၌ ေလျပင္းတိုက္ခတ္မႈႏွင့္အတူ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မ်ားေၾကာင့္ စလင္းေခ်ာင္း၌ ေရျမင့္တက္လာမႈမ်ားျဖစ္ေပၚခဲ့ၿပီး ဆင္ျဖဴကြၽန္းၿမိဳ႕ေပၚ၌ပါ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ေရႀကီးေရလွ်ံမႈေၾကာင့္ ဆင္ျဖဴကြၽန္းၿမိဳ႕၊ ရမ္းဘိုကုန္းေက်း႐ြာ၌ သားအမိ(၂)ဦး ေနထိုင္ေသာ ေနအိမ္တစ္လုံးမွာ ေရထဲေမ်ာပါသြားခဲ့ေၾကာင္း ဆင္ျဖဴကြၽန္းၿမိဳ႕နယ္ၾကက္ေျခနီအသင္းထံမွ သိရသည္။
“အဲဒီသားအမိႏွစ္ဦးက စလင္းေခ်ာင္းေဘးအနီးမွာေနတာ။ ေခ်ာင္းေရတက္လာေတာ့ ေရေတြက အိမ္ထဲထိပါေရာက္လာတယ္။ ေရစတက္တာေတာ့ ေနလည္ (၂)နာရီေလာက္စတက္တယ္လို႔ ခန႔္မွန္းရတယ္။ ေရတက္လာတာပိုဆိုးလာေတာ့ ၿခံဝင္းထဲမွာရွိတဲ့ သရက္ပင္ေပၚကို တက္ေရာက္ေနထိုင္ပုံရတယ္။ ၿပီးေတာ့ သူတို႔အိမ္လည္းေရထဲေမ်ာပါသြားတယ္လို႔သိရတယ္”ဟု ဆင္ျဖဴကြၽန္းၿမိဳ႕နယ္ၾကက္ေျခနီအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ သားအမိ(၂)ဦးသည္ သရက္ပင္ေပၚ၌ (၆)နာရီထက္မနည္း ေနထိုင္ခဲ့ရၿပီးေနာက္ ကယ္ဆယ္ေရးအဖြဲ႕မ်ား၏ အကူအညီကိုရရွိသြားခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ သြားေရာက္ကယ္ဆယ္တဲ့ အခ်ိန္က ည(၉)နာရီေလာက္ရွိၿပီ။ သူတို႔သစ္ပင္ေပၚမွာေတာ္ေတာ္ၾကာၾကာေနလိုက္ရပုံရွိတယ္”ဟု ၎ကဆက္လက္ေျပာဆိုခဲ့သည္။
လက္ရွိတြင္ ဆင္ျဖဴကြၽန္းၿမိဳ႕၊ ရမ္ဘိုကုန္းေက်း႐ြာ၌ ေရႀကီးေရလွ်ံမႈမ်ား မရွိေတာ့ဘဲ အဆိုပါ သားအမိ (၂)ဦးသည္လည္း ၎ေက်း႐ြာအတြင္းရွိ ေဆြမ်ိဳးမ်ားထံတြင္ ေနထိုင္လ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
YRTC မှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ဆန်အိတ်ပေါင်း(၆၅ဝဝ)နီးပါးကို သင်္ဘောဆိပ်သို့ပို့ဆောင်ပေး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း