လပွတ္တာမြို့ပေါ်၌ မုန်တိုင်းဘေးလာရောက်ခိုလှုံသည့် ထောင်နှင့်ချီသောဒေသခံပြည်သူများ နေရပ်ပြန်
စော (NP News) - မေ ၁၅
ဧရာဝတီတိုင်း ၊ လပွတ္တာမြို့ပေါ်၌ မုန်တိုင်းဘေးလာရောက်ခိုလှုံသည့် ထောင်နှင့်ချီသော ဒေသခံပြည်သူများနေရပ်ပြန်နေကြောင်း Heart Laputta လူမှုကူညီရေးအသင်းမှ သိရသည်။
လပွတ္တာမြို့နယ်နှင့်တစ်ဝိုက်တွင် ယနေ့(မေလ ၁၅ ရက်)၊ နံနက်ပိုင်းမှစ၍ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများမရှိဘဲ ရာသီဥတုသာယာနေကြောင်း သိရသည်။
“ပြန်တော့ပြန်တယ်။ အကုန်လုံးတော့မဟုတ်ဘူး။ တစ်ချို့ကလည်း ဒီနေ့အခြေအနေကြည့်ပြီး မနက်ဖြန်မှပြန်မယ့်လူရှိတယ်။ လက်ရှိကျောင်းတွေမှာရှိတဲ့လူကတော့ပြန်ကြမယ်။ ပြန်တဲ့လူများမယ်။ သင်္ဘော နဲ့ထွက်တဲ့လူလည်း ထွက်ကုန်ပြီ။ အခုထိလည်းဆင်းနေကြတုန်း။ ရာသီဥတုကတော့ လက်ရှိကောင်းတယ်။ မိုးလည်းမရွာဘူး။ လေလည်းငြိမ်တယ်”ဟု Heart Laputta လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သို့သော် အချို့သော မုန်တိုင်းရှောင်ပြည်သူများသည် လပွတ္တာမြို့ပေါ်သို့ ၎င်းတို့၏ နေရပ်သို့မပြန်သေးဘဲ ရာသီဥတုအခြေအနေကို စောင့်ကြည့်နေသေးကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လပွတ္တာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း အထက်ပါအသင်းမှ ဆိုသည်။
လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း နေထိုင်ကြသော ဒေသခံပြည်သူများသည် မုန်တိုင်းဘေးရှောင်ရန်အတွက်ပြီးခဲ့သော မေလ(၆)ရက်မှစတင်ကာ လပွတ္တာမြို့ပေါ်သို့ လာရောက်ခိုလှုံခဲ့ကြကြောင်း သိရသည်။
zawgyi version
လပြတၱာၿမိဳ႕ေပၚ၌ မုန္တိုင္းေဘးလာေရာက္ခိုလႈံသည့္ ေထာင္ႏွင့္ခ်ီေသာေဒသခံျပည္သူမ်ား ေနရပ္ျပန္
ေစာ (NP News) - ေမ ၁၅
ဧရာဝတီတိုင္း ၊ လပြတၱာၿမိဳ႕ေပၚ၌ မုန္တိုင္းေဘးလာေရာက္ခိုလႈံသည့္ ေထာင္ႏွင့္ခ်ီေသာ ေဒသခံျပည္သူမ်ားေနရပ္ျပန္ေနေၾကာင္း Heart Laputta လူမႈကူညီေရးအသင္းမွ သိရသည္။
လပြတၱာၿမိဳ႕နယ္ႏွင့္တစ္ဝိုက္တြင္ ယေန႔(ေမလ ၁၅ ရက္)၊ နံနက္ပိုင္းမွစ၍ မိုး႐ြာသြန္းျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းမ်ားမရွိဘဲ ရာသီဥတုသာယာေနေၾကာင္း သိရသည္။
“ျပန္ေတာ့ျပန္တယ္။ အကုန္လုံးေတာ့မဟုတ္ဘူး။ တစ္ခ်ိဳ႕ကလည္း ဒီေန႔အေျခအေနၾကည့္ၿပီး မနက္ျဖန္မွျပန္မယ့္လူရွိတယ္။ လက္ရွိေက်ာင္းေတြမွာရွိတဲ့လူကေတာ့ျပန္ၾကမယ္။ ျပန္တဲ့လူမ်ားမယ္။ သေဘၤာ နဲ႔ထြက္တဲ့လူလည္း ထြက္ကုန္ၿပီ။ အခုထိလည္းဆင္းေနၾကတုန္း။ ရာသီဥတုကေတာ့ လက္ရွိေကာင္းတယ္။ မိုးလည္းမ႐ြာဘူး။ ေလလည္းၿငိမ္တယ္”ဟု Heart Laputta လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
သို႔ေသာ္ အခ်ိဳ႕ေသာ မုန္တိုင္းေရွာင္ျပည္သူမ်ားသည္ လပြတၱာၿမိဳ႕ေပၚသို႔ ၎တို႔၏ ေနရပ္သို႔မျပန္ေသးဘဲ ရာသီဥတုအေျခအေနကို ေစာင့္ၾကည့္ေနေသးေၾကာင္း သိရသည္။
ဆိုင္ကလုန္းမုန္တိုင္းအရွိန္ေၾကာင့္ လပြတၱာၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ေၾကာင္း အထက္ပါအသင္းမွ ဆိုသည္။
လပြတၱာၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားအတြင္း ေနထိုင္ၾကေသာ ေဒသခံျပည္သူမ်ားသည္ မုန္တိုင္းေဘးေရွာင္ရန္အတြက္ၿပီးခဲ့ေသာ ေမလ(၆)ရက္မွစတင္ကာ လပြတၱာၿမိဳ႕ေပၚသို႔ လာေရာက္ခိုလႈံခဲ့ၾကေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ပျက်စီးမှုရှိခဲ့သော စစ်တွေအပါအဝင် (၁၇)မြို့နယ်ကို သဘာဝဘေးကျရောက်သောဒေသများအဖြစ် SAC ဥက္ကဋ္ဌ ကြေညာ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း