မကွေးတွင် မိုးသည်းထန်စွာရွာသွန်းပြီး မန်းချောင်းရေလျှံမှုကြောင့် အောက်စက်တော်ရာတန်ဆောင်းအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်
NP News - မေ ၁၄
မကွေးတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မန်းချောင်းရေလျှံမှုကြောင့် အောက်စက်တော်ရာတန်ဆောင်းအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ အရှိန်ကြောင့် မကွေးတိုင်းအတွင်း ယမန်နေ့(မေလ ၁၃ ရက်) ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်ကြောင့် ယနေ့(မေလ ၁၄ ရက်) နံနက်ပိုင်းတွင် မကွေးတိုင်း၊ စကုမြို့နယ်ရှိ မန်းချောင်းတွင် ချောင်းရေလျှံမှုများဖြစ်ပွားခဲ့ပြီး ရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ တန်ဆောင်းအတွင်း ရေများဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာတန်ဆောင်းသည် မိုးသည်းထန်စွာရွာသွန်းပြီး မန်းချောင်းရေလျှံမှုများကြောင့် နှစ်စဥ်ရေဝင်လေ့ရှိကြောင်း ဒေသတွင်း သတင်းများအရသိရသည်။
zawgyi version
NP News - မေ ၁၄
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရန် ပုပ်ရဟန်းမင်းကြီး၏ ကြားဝင်ဆောင်ရွက်မှုများကို သမ္မတဇီလန်စကီးပယ်ချ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း