ရန်ကုန်မြို့တွင် လေပြင်းများတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များပြိုလဲကာ နေအိမ်ပျက်စီးမှုများဖြစ်ပေါ်
စော (NP News) - မေ ၁၄
ရန်ကုန်မြို့တွင် လေပြင်းများတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များပြိုလဲကာ နေအိမ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ယနေ့ (မေလ ၁၄ ရက်)၊ နံနက်ပိုင်းတွင် သစ်ပင်များပြိုလဲမှုနှင့် အဆောက်အဦးများပျက်စီးမှုရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
လေပြင်းတိုက်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့အတွင်းရှိ ဒေါပုံမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မရမ်ကုန်းမြို့နယ်၊ သန်လျင်မြို့နယ်အပါအဝင် မင်္ဂလာဒုံမြို့နယ်တို့၌ သစ်ပင်များလဲကျခဲ့ပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် စမ်းချောင်းမြို့နယ်၊ သန်လျင်မြို့နယ်နှင့် တာမွေမြို့နယ်တို့တွင်လည်း လူနေအိမ်များပေါ်သို့ သစ်ပင်များလဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူရင်ပြင်ရှိ stage စင်တစ်ခုပြိုကျခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါဖြစ်စဥ်များအား သက်ဆိုင်ရာမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များမှ သိရသည်။
zawgyi version
ရန္ကုန္ၿမိဳ႕တြင္ ေလျပင္းမ်ားတိုက္ခတ္ခဲ့ၿပီး မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ သစ္ပင္မ်ားၿပိဳလဲကာ ေနအိမ္ပ်က္စီးမႈမ်ားျဖစ္ေပၚ
ေစာ (NP News) - ေမ ၁၄
ရန္ကုန္ၿမိဳ႕တြင္ ေလျပင္းမ်ားတိုက္ခတ္ခဲ့ၿပီး မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ သစ္ပင္မ်ားၿပိဳလဲကာ ေနအိမ္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သိရသည္။
မိုခါဆိုင္ကလုန္းမုန္တိုင္းအရွိန္ေၾကာင့္ ရန္ကုန္တိုင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ယေန႔ (ေမလ ၁၄ ရက္)၊ နံနက္ပိုင္းတြင္ သစ္ပင္မ်ားၿပိဳလဲမႈႏွင့္ အေဆာက္အဦးမ်ားပ်က္စီးမႈရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။
ေလျပင္းတိုက္၍ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ရန္ကုန္ၿမိဳ႕အတြင္းရွိ ေဒါပုံၿမိဳ႕နယ္၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)ၿမိဳ႕နယ္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ မရမ္ကုန္းၿမိဳ႕နယ္၊ သန္လ်င္ၿမိဳ႕နယ္အပါအဝင္ မဂၤလာဒုံၿမိဳ႕နယ္တို႔၌ သစ္ပင္မ်ားလဲက်ခဲ့ၿပီး လမ္းပိတ္ဆို႔မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ သန္လ်င္ၿမိဳ႕နယ္ႏွင့္ တာေမြၿမိဳ႕နယ္တို႔တြင္လည္း လူေနအိမ္မ်ားေပၚသို႔ သစ္ပင္မ်ားလဲက်မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အလားတူ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ျပည္သူရင္ျပင္ရွိ stage စင္တစ္ခုၿပိဳက်ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သိရသည္။
အဆိုပါျဖစ္စဥ္မ်ားအား သက္ဆိုင္ရာမီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ ရွင္းလင္းမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဝင္မ်ားမွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမ္မတဂျိုးဘိုင်ဒန်ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို စမ်းသပ်စစ်ဆေးမှုများလုပ်ပေးဖို့ ရီပတ်ဘလီကန်လွှတ်တော်ကိုယ်စားလှယ်များပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း