တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်ပေါ်သို့ မြေပြိုကျမှုကြောင့် အိပ်ပျော်နေသည့် လင်မယား(၂)ဦးသေဆုံး
စော (NP News) - မေ ၁၄
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်ပေါ်သို့ မြေပြိုကျမှုကြောင့် အိပ်ပျော်နေသည့် လင်မယား(၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မေလ ၁၄ ရက်) ၊ နံနက် (၃)နာရီအချိန်တွင် တာချီလိတ်မြို့ ၊ ဆန်ဆိုင်း(ခ)ဝမ်မိုင် ရပ်ကွက်သစ်(ဈ) အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနက်(၃)နာရီလောက်ကမြေစပြိုတာပါ။ ကျွန်တော်တို့ဆီကိုတော့ မနက်(၆)နာရီမှအကူအညီတောင်းတာပါ။ တဲကအလုပ်သမားလိုင်းခန်းတဲပါ။ သွပ်တွေကြီးပဲဆိုတော့ မြေကြီးပိတော့ သေသွားတာပါ။ ဘေးနားမှာ လိုင်းခန်းသုံးလေးခုလောက်ရှိတယ်။ အဲဒီတဲက တစ်လုံးထဲဘေးမှာသပ်သပ်ဆောက်ထားတာပါ”ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
မြေပြိုမှုကြောင့် ပျောက်ဆုံးနေသည့် ဇနီးမောင်နှံ(၂)ဦးကို နှစ်နာရီကြာရှာဖွေခဲ့ရကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။
ယမန်နေ့ (မေလ ၁၃ ရက်)ညပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး နံနက် (၃)နာရီအချိန်တွင် မြေပြိုကျခဲ့ခြင်းဖြစ်ကြောင်း ၎င်းအသင်းထံမှ သိရသည်။
လက်ရှိတွင် ၎င်းတို့၏ရုပ်အလောင်းအား တာချီလိတ်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းမှဆိုသည်။
zawgyi version
တာခ်ီလိတ္ၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး လူေနအိမ္ေပၚသို႔ ေျမၿပိဳက်မႈေၾကာင့္ အိပ္ေပ်ာ္ေနသည့္ လင္မယား(၂)ဦးေသဆုံး
ေစာ (NP News) - ေမ ၁၄
ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး လူေနအိမ္ေပၚသို႔ ေျမၿပိဳက်မႈေၾကာင့္ အိပ္ေပ်ာ္ေနသည့္ လင္မယား(၂)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေမလ ၁၄ ရက္) ၊ နံနက္ (၃)နာရီအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕ ၊ ဆန္ဆိုင္း(ခ)ဝမ္မိုင္ ရပ္ကြက္သစ္(ဈ) အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“မနက္(၃)နာရီေလာက္ကေျမစၿပိဳတာပါ။ ကြၽန္ေတာ္တို႔ဆီကိုေတာ့ မနက္(၆)နာရီမွအကူအညီေတာင္းတာပါ။ တဲကအလုပ္သမားလိုင္းခန္းတဲပါ။ သြပ္ေတြႀကီးပဲဆိုေတာ့ ေျမႀကီးပိေတာ့ ေသသြားတာပါ။ ေဘးနားမွာ လိုင္းခန္းသုံးေလးခုေလာက္ရွိတယ္။ အဲဒီတဲက တစ္လုံးထဲေဘးမွာသပ္သပ္ေဆာက္ထားတာပါ”ဟု ဦးလွမိုး(တာခ်ီလိတ္)လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေျမၿပိဳမႈေၾကာင့္ ေပ်ာက္ဆုံးေနသည့္ ဇနီးေမာင္ႏွံ(၂)ဦးကို ႏွစ္နာရီၾကာရွာေဖြခဲ့ရေၾကာင္း ဦးလွမိုး(တာခ်ီလိတ္)လူမႈကူညီေရးအသင္းမွ သိရသည္။
ယမန္ေန႔ (ေမလ ၁၃ ရက္)ညပိုင္းတြင္ မိုးအဆက္မျပတ္႐ြာသြန္းခဲ့ၿပီး နံနက္ (၃)နာရီအခ်ိန္တြင္ ေျမၿပိဳက်ခဲ့ျခင္းျဖစ္ေၾကာင္း ၎အသင္းထံမွ သိရသည္။
လက္ရွိတြင္ ၎တို႔၏႐ုပ္အေလာင္းအား တာခ်ီလိတ္ျပည္သူေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း ဦးလွမိုး(တာခ်ီလိတ္) လူမႈကူညီေရးအသင္းမွဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေပြင်းတိုက်ခတ်မှုကြောင့် လက်ဖက်ရည်ဆိုင်မှပြန်လာသည့် အမျိုးသား(၁)ဦး သစ်ပင်ပိမိ၍ သေဆုံး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း