Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး နဲ့ ဂါဇာဒေသရှိ ဂျီဟတ်စစ်သွေးကြွအဖွဲ့ကြား အပစ်ခတ်ရပ်စဲဖို့ သဘောတူ

ဂျန်ဇက် (NP News) - မေ ၁၄

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသရှိ စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် ဂျီဟတ်စစ်သွေးကြွအဖွဲ့ဟာ အီဂျစ်နိုင်ငံရဲ့ကြားဝင်စေ့စပ်ပေးမှုများကြောင့် ငါးရက်ကြာတိုက်ခိုက်မှုများကို ရပ်တန့်ပြီး အပစ်ခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

အစ္စရေးတပ်ဖွဲ့များ နဲ့ စစ်သွေးကြွအုပ်စုများ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာပါလက်စတိုင်း (၃၃)ဦးသေဆုံးခဲ့သလို အစ္စရေးနှစ်ဦး သေဆုံးခဲ့ရကြောင်းသိရပါတယ်။ အစ္စရေးနဲ့ ဂျီဟတ်စစ်သွေးကြွအဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးဟာ မေလ ၁၄ ရက် ည ၁ဝ နာရီမှာစတင်သက်ရောက်မှာဖြစ်ကြောင်းသိရပါတယ်။ စစ်သွေးကြွအုပ်စုတွေဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်ရော့ကဒ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးကလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်လာခဲ့ရာ စစ်သွေးကြွအုပ်စု ထိပ်တန်းခေါင်းဆောင်များလည်း သေဆုံးခဲ့ရကြောင်းသိရပါတယ်။

အစ္စရေးတပ်ဖွဲ့များနဲ့ စစ်သွေးကြွအုပ်စုများ ကြားဖြစ်ပွားတဲ့တိုက်ပွဲများကြောင့်လူပေါင်း (၂)သန်းကျော်ကိုဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရပါတယ်။ ဂါဇာဒေသရှိ စစ်သွေးကြွအဖွဲ့ပြောရေးဆိုခွင့် ရှိသူက အစ္စရေးဟာ စစ်သွေးကြွအုပ်စုခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ မူဝါဒတွေကို လက်ရှိအချိန်မှာရပ်တန့်ထားဖို့သဘောတူညီခဲ့ကြောင်းပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုရဲ့ လုံခြုံရေးအကြံပေးဖြစ်သူ Tzachi Nanegbi က လက်ရှိအချိန်မှာအခြေအနေများ တည်ငြိမ်နေပေမယ့်အစ္စရေးနိုင်ငံကို ကာကွယ်ဖို့ လိုအပ်တဲ့အရာရာတိုင်းကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

အစ္စရေးနဲ့ စစ်သွေးကြွအုပ်စုကြား အပစ်ခတ်ရပ်စဲထားပေမယ့် အစ္စရေးက ဂျေရုဆလင်မြို့ဟောင်းရှိ ဖြတ်လမ်းကို ပိတ်ဆို့ထားတဲ့အတွက် လာမယ့်သီတင်းပတ်မှာ တင်းမာမှုများ ထပ်မံဖြစ်လာဖွယ်ရှိနေကြောင်းသိရပါတယ်။ အစ္စရေးနဲ့ပါလက်စတိုင်းစစ်သွေးကြွအုပ်စုတွေဟာ ပြီးခဲ့တဲ့နှစ်များကလည်း အပြန်အလှန်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ရာ တင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ လက်ဘနွန်စစ်သွေးကြွအုပ်စုများ၊ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုများနဲ့ ဂါဇာစစ်သွေးကြွအုပ်စုတွေဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကဒ်ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးဘက်က လက်တုံ့ပြန်ရင်း တင်းမာမှုတွေ ပြီးခဲ့တဲ့နှစ်များအတွင်းဖြစ်ပွားခဲ့ဖူးကြောင်းသိရပါတယ်။

zawgyi version
အစၥေရး နဲ႔ ဂါဇာေဒသရွိ ဂ်ီဟတ္စစ္ေသြးႂကြအဖြဲ႕ၾကား အပစ္ခတ္ရပ္စဲဖို႔ သေဘာတူ
ဂ်န္ဇက္ (NP News) - ေမ ၁၄

အစၥေရးနဲ႔ ဂါဇာကမ္းေျမာင္ေဒသရွိ စစ္ေသြးႂကြအဖြဲ႕ျဖစ္တဲ့ အစၥလာမ္မစ္ ဂ်ီဟတ္စစ္ေသြးႂကြအဖြဲ႕ဟာ အီဂ်စ္ႏိုင္ငံရဲ႕ၾကားဝင္ေစ့စပ္ေပးမႈမ်ားေၾကာင့္ ငါးရက္ၾကာတိုက္ခိုက္မႈမ်ားကို ရပ္တန႔္ၿပီး အပစ္ခတ္ရပ္စဲဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။

အစၥေရးတပ္ဖြဲ႕မ်ား နဲ႔ စစ္ေသြးႂကြအုပ္စုမ်ား တိုက္ခိုက္မႈမ်ားေၾကာင့္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာပါလက္စတိုင္း (၃၃)ဦးေသဆုံးခဲ့သလို အစၥေရးႏွစ္ဦး ေသဆုံးခဲ့ရေၾကာင္းသိရပါတယ္။ အစၥေရးနဲ႔ ဂ်ီဟတ္စစ္ေသြးႂကြအဖြဲ႕ၾကား အပစ္ခတ္ရပ္စဲေရးဟာ ေမလ ၁၄ ရက္ ည ၁ဝ နာရီမွာစတင္သက္ေရာက္မွာျဖစ္ေၾကာင္းသိရပါတယ္။ စစ္ေသြးႂကြအုပ္စုေတြဟာ အစၥေရးႏိုင္ငံဘက္ျခမ္းကို ဒုံးက်ည္ေရာ့ကဒ္မ်ားနဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရးကေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္မႈေတြလုပ္ေဆာင္လာခဲ့ရာ စစ္ေသြးႂကြအုပ္စု ထိပ္တန္းေခါင္းေဆာင္မ်ားလည္း ေသဆုံးခဲ့ရေၾကာင္းသိရပါတယ္။

အစၥေရးတပ္ဖြဲ႕မ်ားနဲ႔ စစ္ေသြးႂကြအုပ္စုမ်ား ၾကားျဖစ္ပြားတဲ့တိုက္ပြဲမ်ားေၾကာင့္လူေပါင္း (၂)သန္းေက်ာ္ကိုေဘးလႊတ္ရာကိုေ႐ႊ႕ေျပာင္းေပးခဲ့ရေၾကာင္းသိရပါတယ္။ ဂါဇာေဒသရွိ စစ္ေသြးႂကြအဖြဲ႕ေျပာေရးဆိုခြင့္ ရွိသူက အစၥေရးဟာ စစ္ေသြးႂကြအုပ္စုေခါင္းေဆာင္ေတြကို ပစ္မွတ္ထား တိုက္ခိုက္တဲ့ မူဝါဒေတြကို လက္ရွိအခ်ိန္မွာရပ္တန႔္ထားဖို႔သေဘာတူညီခဲ့ေၾကာင္းေျပာပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုရဲ႕ လုံၿခဳံေရးအႀကံေပးျဖစ္သူ Tzachi Nanegbi က လက္ရွိအခ်ိန္မွာအေျခအေနမ်ား တည္ၿငိမ္ေနေပမယ့္အစၥေရးႏိုင္ငံကို ကာကြယ္ဖို႔ လိုအပ္တဲ့အရာရာတိုင္းကို လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

အစၥေရးနဲ႔ စစ္ေသြးႂကြအုပ္စုၾကား အပစ္ခတ္ရပ္စဲထားေပမယ့္ အစၥေရးက ေဂ်႐ုဆလင္ၿမိဳ႕ေဟာင္းရွိ ျဖတ္လမ္းကို ပိတ္ဆို႔ထားတဲ့အတြက္ လာမယ့္သီတင္းပတ္မွာ တင္းမာမႈမ်ား ထပ္မံျဖစ္လာဖြယ္ရွိေနေၾကာင္းသိရပါတယ္။ အစၥေရးနဲ႔ပါလက္စတိုင္းစစ္ေသြးႂကြအုပ္စုေတြဟာ ၿပီးခဲ့တဲ့ႏွစ္မ်ားကလည္း အျပန္အလွန္ပစ္ခတ္မႈမ်ားလုပ္ေဆာင္ခဲ့ရာ တင္းမာမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္းသိရပါတယ္။ လက္ဘႏြန္စစ္ေသြးႂကြအုပ္စုမ်ား၊ ပါလက္စတိုင္းစစ္ေသြးႂကြအုပ္စုမ်ားနဲ႔ ဂါဇာစစ္ေသြးႂကြအုပ္စုေတြဟာ အစၥေရးႏိုင္ငံဘက္ျခမ္းကို ေရာ့ကဒ္ဒုံးက်ည္မ်ားနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အစၥေရးဘက္က လက္တုံ႔ျပန္ရင္း တင္းမာမႈေတြ ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းျဖစ္ပြားခဲ့ဖူးေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်ပေါ်သို့ မြေပြိုကျမှုကြောင့် အိပ်ပျော်နေသည့် လင်မယား(၂)ဦးသေဆုံး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved