ပစ်ခတ်သတ်ဖြတ်နေသော လက်နက်ကိုင်အဖွဲ့များ၏ သစ္စာအဓိဋ္ဌာန်များမှာ လက်ရှိဖြစ်ပေါ်နေသည့် အနိဌာရုံအတိုင်းလားဟု KNU ခရိုင်ဥက္ကဋ္ဌ မေးခွန်းထုတ်
မျိုးကြီး (NP News) - မေ ၁၃
ပစ်ခတ်သတ်ဖြတ်နေကြသော လက်နက်ကိုင်အဖွဲ့များ၏ သစ္စာအဓိဋ္ဌာန်များမှာ လက်ရှိဖြစ်ပေါ်နေသည့် အနိဌာရုံအတိုင်းလားဟု KNU ခရိုင်ဥက္ကဋ္ဌ စောရွှေမောင်းက မေးခွန်းထုတ်လိုက်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ အမှတ်(၆)တပ်မဟာ၊ ခရိုင်ဥက္ကဋ္ဌစောရွှေမောင်းက ယခုရက်ပိုင်းအတွင်း ၎င်း၏သဘောထားကို အသိပေးပြောဆိုရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းကာ မေးခွန်းထုတ်ထားခြင်းဖြစ်သည်။
လက်ရှိတွင် ကရင်ပြည်နယ် ဒေသအတွင်း၌ တိုက်ပွဲများ ဖြစ်ပေါ်နေကြောင်း ဥက္ကဋ္ဌစောရွှေမောင်းက ပြောဆိုထားသည်။
အဆိုပါတိုက်ပွဲများကြောင့် ဒေသတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရမည့်အချိန်၊ ကလေးသူငယ်များ ကျောင်းတက်ပညာသင်ယူရမည့်အချိန်၌ မည်သည့်အရာမျှ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ထွက်ပြေးရှောင်ရှားနေရကြောင်းလည်း ၎င်းက ပြောဆိုထားသည်။
ပစ်ခတ်တိုက်ခိုက်နေကြသည့် လက်နက်ကိုင်အဖွဲ့များ၏ ရည်ရွယ်ချက်မှာ မည်ကဲ့သို့ အရာများဖြစ်သနည်းဟု စောရွှေမောင်းက မေးခွန်းထုတ်ထားသည်။
“ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းအားဖြင့် မိမိတို့၏အဖွဲ့ ရည်မှန်းချက်၊ မျှော်မှန်းချက်ပန်းတိုင်သို့ ရောက်နိုင်မည်ဟု ယုံကြည်ပါသလား။ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ကြသော လက်နက်ကိုင်အဖွဲ့များ၏ သစ္စာအဓိဋ္ဌာန်ပြုချက်များသည် လက်ရှိဖြစ်ပေါ်နေသော အနိဌာရုံအတိုင်း ဟုတ်ပါသလား” ဟု ဥက္ကဋ္ဌစောရွှေမောင်းက ပြောသည်။
ထို့ပြင် ဥက္ကဋ္ဌစောရွှေမောင်းက အဘယ်ကြောင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဖက်နှင့်တစ်ဖက်၊ ပစ်ခတ်တိုက် ခိုက်နေကြရသနည်း၊ ၎င်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်နေကြသည့်အပေါ် မည်သို့သော အကျိုးရလာဒ်များ ထွက်ပေါ်ခံစားကြရသနည်းဟုလည်း ဆက်လက်မေးခွန်းထုတ်ထားသည်။
ထို့ကြောင့် မိဘပြည်သူနှင့် အမျိုးသားထုအတွက် ဆောင်ရွက်နေကြသည်ဟု ပြောဆိုကြွေးကြော်နေသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းအရ တွေ့ဆုံဆွေးနွေးသောလမ်းကြောင်းမှတစ်ဆင့် ပြောဆိုညှိနှိုင်းမှုများပြုလုပ်ရန် ၎င်းက မေတ္တာရပ်ခံထားသည်။
၎င်းကဲ့သို့ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပါက ယခု ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်နေကြသည့် ဆောင်ရွက်မှုများထက် အဆများစွာအားလုံးအတွက် အကျိုးများစေမည်ဟု ယုံကြည်ကြောင်းနှင့် ပြည်တွင်းစစ် အလိုမရှိကြောင်း စောရွှေမောင်းက ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိတွင် KNU သည် ထိပ်တိုက်တွေ့ဆုံရေးလမ်းကြောင်းကိုသာ ဦးတည်နေကြောင်း နစက၏ NSPNC က ပြီးခဲ့သော ရက်ပိုင်းအတွင်း သဘောထားထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်အတွက် တံခါးဖွင့်ထားကြောင်းလည်း ထပ်မံ အသိပေးဖိတ်ခေါ်ထားသည်ကို တွေ့ရှိရသည်။
zawgyi version
ပစ္ခတ္သတ္ျဖတ္ေနေသာ လက္နက္ကိုင္အဖြဲ႕မ်ား၏ သစၥာအဓိ႒ာန္မ်ားမွာ လက္ရွိျဖစ္ေပၚေနသည့္ အနိဌာ႐ုံအတိုင္းလားဟု KNU ခ႐ိုင္ဥကၠ႒ ေမးခြန္းထုတ္
မ်ိဳးႀကီး (NP News) - ေမ ၁၃
ပစ္ခတ္သတ္ျဖတ္ေနၾကေသာ လက္နက္ကိုင္အဖြဲ႕မ်ား၏ သစၥာအဓိ႒ာန္မ်ားမွာ လက္ရွိျဖစ္ေပၚေနသည့္ အနိဌာ႐ုံအတိုင္းလားဟု KNU ခ႐ိုင္ဥကၠ႒ ေစာေ႐ႊေမာင္းက ေမးခြန္းထုတ္လိုက္သည္။
ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၊ အမွတ္(၆)တပ္မဟာ၊ ခ႐ိုင္ဥကၠ႒ေစာေ႐ႊေမာင္းက ယခုရက္ပိုင္းအတြင္း ၎၏သေဘာထားကို အသိေပးေျပာဆိုရာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းကာ ေမးခြန္းထုတ္ထားျခင္းျဖစ္သည္။
လက္ရွိတြင္ ကရင္ျပည္နယ္ ေဒသအတြင္း၌ တိုက္ပြဲမ်ား ျဖစ္ေပၚေနေၾကာင္း ဥကၠ႒ေစာေ႐ႊေမာင္းက ေျပာဆိုထားသည္။
အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ေဒသတြင္းေနထိုင္ၾကသည့္ ျပည္သူမ်ားအေနျဖင့္ လယ္ယာစိုက္ပ်ိဳးရမည့္အခ်ိန္၊ ကေလးသူငယ္မ်ား ေက်ာင္းတက္ပညာသင္ယူရမည့္အခ်ိန္၌ မည္သည့္အရာမွ် လုပ္ေဆာင္ႏိုင္ျခင္းမရွိဘဲ ထြက္ေျပးေရွာင္ရွားေနရေၾကာင္းလည္း ၎က ေျပာဆိုထားသည္။
ပစ္ခတ္တိုက္ခိုက္ေနၾကသည့္ လက္နက္ကိုင္အဖြဲ႕မ်ား၏ ရည္႐ြယ္ခ်က္မွာ မည္ကဲ့သို႔ အရာမ်ားျဖစ္သနည္းဟု ေစာေ႐ႊေမာင္းက ေမးခြန္းထုတ္ထားသည္။
“ထိုကဲ့သို႔ ပစ္ခတ္တိုက္ခိုက္ျခင္းအားျဖင့္ မိမိတို႔၏အဖြဲ႕ ရည္မွန္းခ်က္၊ ေမွ်ာ္မွန္းခ်က္ပန္းတိုင္သို႔ ေရာက္ႏိုင္မည္ဟု ယုံၾကည္ပါသလား။ ပစ္ခတ္တိုက္ခိုက္သတ္ျဖတ္ၾကေသာ လက္နက္ကိုင္အဖြဲ႕မ်ား၏ သစၥာအဓိ႒ာန္ျပဳခ်က္မ်ားသည္ လက္ရွိျဖစ္ေပၚေနေသာ အနိဌာ႐ုံအတိုင္း ဟုတ္ပါသလား” ဟု ဥကၠ႒ေစာေ႐ႊေမာင္းက ေျပာသည္။
ထို႔ျပင္ ဥကၠ႒ေစာေ႐ႊေမာင္းက အဘယ္ေၾကာင့္ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕၊ တစ္ဖက္ႏွင့္တစ္ဖက္၊ ပစ္ခတ္တိုက္ ခိုက္ေနၾကရသနည္း၊ ၎ကဲ့သို႔ ပစ္ခတ္တိုက္ခိုက္ေနၾကသည့္အေပၚ မည္သို႔ေသာ အက်ိဳးရလာဒ္မ်ား ထြက္ေပၚခံစားၾကရသနည္းဟုလည္း ဆက္လက္ေမးခြန္းထုတ္ထားသည္။
ထို႔ေၾကာင့္ မိဘျပည္သူႏွင့္ အမ်ိဳးသားထုအတြက္ ေဆာင္႐ြက္ေနၾကသည္ဟု ေျပာဆိုေႂကြးေၾကာ္ေနေသာ လက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ လက္ရွိျဖစ္ေပၚေနသည့္ ႏိုင္ငံေရးအခင္းအက်င္းအရ ေတြ႕ဆုံေဆြးေႏြးေသာလမ္းေၾကာင္းမွတစ္ဆင့္ ေျပာဆိုညႇိႏႈိင္းမႈမ်ားျပဳလုပ္ရန္ ၎က ေမတၱာရပ္ခံထားသည္။
၎ကဲ့သို႔ ေဆြးေႏြးညႇိႏႈိင္းမႈမ်ားျပဳလုပ္ပါက ယခု ပစ္ခတ္တိုက္ခိုက္သတ္ျဖတ္ေနၾကသည့္ ေဆာင္႐ြက္မႈမ်ားထက္ အဆမ်ားစြာအားလုံးအတြက္ အက်ိဳးမ်ားေစမည္ဟု ယုံၾကည္ေၾကာင္းႏွင့္ ျပည္တြင္းစစ္ အလိုမရွိေၾကာင္း ေစာေ႐ႊေမာင္းက ထုတ္ေဖာ္ေျပာဆိုထားသည္။
လက္ရွိတြင္ KNU သည္ ထိပ္တိုက္ေတြ႕ဆုံေရးလမ္းေၾကာင္းကိုသာ ဦးတည္ေနေၾကာင္း နစက၏ NSPNC က ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း သေဘာထားထုတ္ျပန္ခဲ့ၿပီး ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးရန္အတြက္ တံခါးဖြင့္ထားေၾကာင္းလည္း ထပ္မံ အသိေပးဖိတ္ေခၚထားသည္ကို ေတြ႕ရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနီရောင်အဆင့်(၇)မြို့နယ်နှင့် အခြားမြို့နယ်များမှ လူဦးရေ နှစ်သိန်းခန့်ကို ဘေးကင်းလုံခြုံသောနေရာများသို့ ရွှေ့ပြောင်းထားဟု ရခိုင်အစိုးရအဖွဲ့ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ