Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မန္တလေးတိုင်းရှိ မြို့နယ်အချို့တွင် ‌မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ‌သစ်ပင်ကြီးများပြိုလဲမှုနှင့် ချောင်းရေလျှံမှုများဖြစ်ပွား

NP News - မေ ၁၃

မန္တလေးတိုင်းရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ကြီးများပြိုလဲခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့(မေလ ၁၃ ရက်)၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းရှိ ညော‌င်ဦးမြို့နယ် အပါအဝင် တံတားဦးမြို့နယ်၊ ကျောက်ပန်းတောင်း မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်များမှာ ယနေ့ နံနက်(၁)နာရီအချိန်ခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူးမှ ဆိုထားသည်။

“ညောင်ဦးမှာက ဒီမနက်မှာပဲ ဖြစ်စဥ်က (၄)ခုလောက်ဖြစ်သွားတာပေါ့။ အဓိကကတော့ မိုးအရမ်းရွာလို့ပေါ့။ လေကတော့ (၄)မိုင်နှုန်းလောက်ပဲရှိတယ်။ မိုးက မနက်(၁)နာရီလောက်ကနေ (၆)နာရီလောက်အထိကို ရွာတာလေ (၆)နာရီကနေ (၉)နာရီအထိကိုလည်း ဖွဲဖွဲလေးတော့ ရွာနေတုန်းပဲ” ဟု ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က NP News ကို ဆိုသည်။

အဆိုပါ ဖြစ်စဥ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူများ မရှိခဲ့သော်လည်း သစ်ပင်များပြိုလဲမှုကြောင့် လမ်းပိတ်ခြင်းနှင့် ဓာတ်ကြိုးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုခဲ့သည်။

“ထိခိုက်တဲ့သူနဲ့ သေဆုံးတဲ့သူ မရှိပါဘူး။ လမ်းပိတ်တာတို့ ဓာတ်ကြိုးပြတ်တာတို့တော့ရှိတယ်။ ထူးထူးခြားခြားအနေနဲ့ လူနေအိမ်(၂)လုံးပေါ်ကိုတော့ သစ်ပင်ကြီးတွေ ပိတာရှိတယ်။ တစ်ပင်လုံးလဲတာတော့မဟုတ်ဘူး အဖျားလေးပဲထိတာပါ။ ထိခိုက်မှုမရှိခဲ့ပါဘူး” ဟု ဦးထက်အောင်မှ ဆိုသည်။

လက်ရှိတွင် ညောင်ဦးမြို့ အပါအဝင် ကျောက်ပန်းတောင်း၊ တံတားဦးနှင့် ပြင်ဦးလွင်မြို့တို့၌ သစ်ပင်ပြိုလဲမှုများ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ပြိုလဲနိုင်သည့်အပင်များအား ရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ၊ မင်းနန်သူကျေးရွာတွင်လည်း မင်းနန်သူချောင်းရေလျှံမှုဖြစ်ပွားခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

zawgyi version
မႏၲေလးတိုင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ‌မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ‌သစ္ပင္ႀကီးမ်ားၿပိဳလဲမႈႏွင့္ ေခ်ာင္းေရလွ်ံမႈမ်ားျဖစ္ပြား

NP News - ေမ ၁၃

မႏၲေလးတိုင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ သစ္ပင္ႀကီးမ်ားၿပိဳလဲခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ေမလ ၁၃ ရက္)၊ နံနက္ပိုင္းတြင္ မႏၲေလးတိုင္းရွိ ေညာ‌င္ဦးၿမိဳ႕နယ္ အပါအဝင္ တံတားဦးၿမိဳ႕နယ္၊ ေက်ာက္ပန္းေတာင္း ၿမိဳ႕နယ္ႏွင့္ ျပင္ဦးလြင္ၿမိဳ႕နယ္ တို႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္မ်ားမွာ ယေန႔ နံနက္(၁)နာရီအခ်ိန္ခန႔္မွစ၍ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေညာင္ဦးခ႐ိုင္ မီးသတ္ဦးစီးမႉးမွ ဆိုထားသည္။

“ေညာင္ဦးမွာက ဒီမနက္မွာပဲ ျဖစ္စဥ္က (၄)ခုေလာက္ျဖစ္သြားတာေပါ့။ အဓိကကေတာ့ မိုးအရမ္း႐ြာလို႔ေပါ့။ ေလကေတာ့ (၄)မိုင္ႏႈန္းေလာက္ပဲရွိတယ္။ မိုးက မနက္(၁)နာရီေလာက္ကေန (၆)နာရီေလာက္အထိကို ႐ြာတာေလ (၆)နာရီကေန (၉)နာရီအထိကိုလည္း ဖြဲဖြဲေလးေတာ့ ႐ြာေနတုန္းပဲ” ဟု ေညာင္ဦးခ႐ိုင္မီးသတ္ဦးစီးမႉး ဦးထက္ေအာင္က NP News ကို ဆိုသည္။

အဆိုပါ ျဖစ္စဥ္မ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူႏွင့္ ေသဆုံးသူမ်ား မရွိခဲ့ေသာ္လည္း သစ္ပင္မ်ားၿပိဳလဲမႈေၾကာင့္ လမ္းပိတ္ျခင္းႏွင့္ ဓာတ္ႀကိဳးျပတ္ေတာက္မႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုခဲ့သည္။

“ထိခိုက္တဲ့သူနဲ႔ ေသဆုံးတဲ့သူ မရွိပါဘူး။ လမ္းပိတ္တာတို႔ ဓာတ္ႀကိဳးျပတ္တာတို႔ေတာ့ရွိတယ္။ ထူးထူးျခားျခားအေနနဲ႔ လူေနအိမ္(၂)လုံးေပၚကိုေတာ့ သစ္ပင္ႀကီးေတြ ပိတာရွိတယ္။ တစ္ပင္လုံးလဲတာေတာ့မဟုတ္ဘူး အဖ်ားေလးပဲထိတာပါ။ ထိခိုက္မႈမရွိခဲ့ပါဘူး” ဟု ဦးထက္ေအာင္မွ ဆိုသည္။

လက္ရွိတြင္ ေညာင္ဦးၿမိဳ႕ အပါအဝင္ ေက်ာက္ပန္းေတာင္း၊ တံတားဦးႏွင့္ ျပင္ဦးလြင္ၿမိဳ႕တို႔၌ သစ္ပင္ၿပိဳလဲမႈမ်ား ေနရာအႏွံ႔အျပားတြင္ ျဖစ္ေပၚလ်က္ရွိျခင္းေၾကာင့္ ၿပိဳလဲႏိုင္သည့္အပင္မ်ားအား ရွင္းလင္းမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ယေန႔နံနက္ပိုင္းတြင္ ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံနယ္ေျမ၊ မင္းနန္သူေက်း႐ြာတြင္လည္း မင္းနန္သူေခ်ာင္းေရလွ်ံမႈျဖစ္ပြားခဲ့ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကယ်ဆယ်ရေးနှင့် အရေးပေါ်စားရေရိက္ခာများ တင်ဆောင်ထားသည့် တပ်မတော်ယာဉ်(၁၁၂)စီးကို ရခိုင်နှင့် မကွေးဘက်သို့ စေလွှတ်ထား

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved