မြန်မာနိုင်ငံ၌ တစ်ပတ်အတွင်း ကိုဗစ်(၁၉)ရောဂါ ကူးစက်ဖြစ်ပွားသူ (၁၃ဝဝ)နီးပါးရှိလာ
စော (NP News) - မေ ၁ဝ
မြန်မာနိုင်ငံ၌ တစ်ပတ်အတွင်း ကိုဗစ်(၁၉)ရောဂါ ကူးစက်ဖြစ်ပွားသူ (၁၂၈၆)ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ယမန်နေ့ (မေလ ၉ ရက်)၊ ည(၈)နာရီတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ မေလ(၉)ရက် ထုတ်ပြန်ချက်တွင် ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာ(၂၁၁) ဦးကိုတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် (၁ ဒသမ ၉၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏အချက်အလက်များအရ မေလ(၃)ရက်မှ(၉)ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ် (၁၉)ရောဂါပိုးတွေ့ရှိသူ (၁၂၈၆)ဦးရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်(၁၉)မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB 1.16 ကူးစက်ဖြစ်ပွားမှုနှုန်းသည် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် အဆ (၁ ဒသမ ၂၇) ဆအထိ ပိုမိုမြန်ဆန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
အဆိုပါ ကိုဗစ်(၁၉)မျိုးကွဲသည် အသက်အရွယ်ကြီးသူများနှင့် ရောဂါအခံရှိသူများတွင် ကူးစက်မှုနှုန်း ပိုမိုမြင့်မားနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုသည် တစ်ရက်ထက်တစ်ရက် မြင့်တက်နေပြီး ရောဂါကာ ကွယ်ရေးစည်မျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာကြရန်နှင့် ပါးစပ်၊ နှာခေါင်းစည်း(Mask) ကိုစနစ်တကျတပ်ဆင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
zawgyi version
ျမန္မာႏိုင္ငံ၌ တစ္ပတ္အတြင္း ကိုဗစ္(၁၉)ေရာဂါ ကူးစက္ျဖစ္ပြားသူ (၁၃ဝဝ)နီးပါးရွိလာ
ေစာ (NP News) - ေမ ၁ဝ
ျမန္မာႏိုင္ငံ၌ တစ္ပတ္အတြင္း ကိုဗစ္(၁၉)ေရာဂါ ကူးစက္ျဖစ္ပြားသူ (၁၂၈၆)ရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏အခ်က္အလက္မ်ားအရ သိရသည္။
က်န္းမာေရးဝန္ႀကီးဌာနမွ ယမန္ေန႔ (ေမလ ၉ ရက္)၊ ည(၈)နာရီတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
က်န္းမာေရးဝန္ႀကီးဌာန၏ ေမလ(၉)ရက္ ထုတ္ျပန္ခ်က္တြင္ ကိုဗစ္ ၁၉ ေရာဂါ အတည္ျပဳလူနာ(၂၁၁) ဦးကိုေတြ႕ရွိခဲ့ၿပီး ေရာဂါပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းသည္ (၁ ဒသမ ၉၄)ရာခိုင္ႏႈန္းရွိေၾကာင္း သိရသည္။
က်န္းမာေရးဝန္ႀကီးဌာန၏အခ်က္အလက္မ်ားအရ ေမလ(၃)ရက္မွ(၉)ရက္အထိ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ (၁၉)ေရာဂါပိုးေတြ႕ရွိသူ (၁၂၈၆)ဦးရွိခဲ့ၿပီး ေသဆုံးသူမရွိခဲ့ေၾကာင္း သိရသည္။
ကိုဗစ္(၁၉)မ်ိဳး႐ိုးဗီဇေျပာင္းေရာဂါပိုး XBB 1.16 ကူးစက္ျဖစ္ပြားမႈႏႈန္းသည္ ယခင္ေတြ႕ရွိခဲ့သည့္ မ်ိဳး႐ိုးဗီဇေျပာင္း ေရာဂါပိုးမ်ားထက္ အဆ (၁ ဒသမ ၂၇) ဆအထိ ပိုမိုျမန္ဆန္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ထားၿပီးျဖစ္သည္။
အဆိုပါ ကိုဗစ္(၁၉)မ်ိဳးကြဲသည္ အသက္အ႐ြယ္ႀကီးသူမ်ားႏွင့္ ေရာဂါအခံရွိသူမ်ားတြင္ ကူးစက္မႈႏႈန္း ပိုမိုျမင့္မားႏိုင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ကိုဗစ္-၁၉ေရာဂါ ကူးစက္ျဖစ္ပြားမႈသည္ တစ္ရက္ထက္တစ္ရက္ ျမင့္တက္ေနၿပီး ေရာဂါကာ ကြယ္ေရးစည္မ်ဥ္း၊ စည္းကမ္းမ်ားကို တိက်စြာလိုက္နာၾကရန္ႏွင့္ ပါးစပ္၊ ႏွာေခါင္းစည္း(Mask) ကိုစနစ္တက်တပ္ဆင္ရန္ က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
UEC Says Suitable Permissions Are Proceeded For Political Parties To Meet With Foreign Entities
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ